အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, October 26, 2011

ဒူဘိုင်းမြို့ရဲ့ ပထမဆုံး စင်တင် တေးဂီတ ဖိတ်ကြားလွှာ

ကန္တာရဆိုတာ ခြောက်သွေ့ပူပြင်းတဲ့နေရာ
စိမ်းလန်းခြင်းတို့ ကင်းဝေးရာ
ကျနော်တို့တွေ ဒီမှာ ရောက်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ

သူငယ်ချင်းရေ
ခနလောက်ဖြစ်ဖြစ် နစ်မွန်းနေတဲ့
သမားရိုးကျ ဟန်ဆောင်အပြုံး
အလုပ်တွေ တရုန်းရုန်းကြားက
ထွက်ခဲ့လိုက်ပါ

ဟော့ဒီမှာ
ငါတို့ရဲ့ ပွဲ .......
မြန်မာတို့ရဲ့ ပွဲ .........
ဂီတတွေထဲမှာ နင်ရယ် ငါတို့ရယ်
လွတ်လပ်ပွင့်လင်းစွာ နွေးထွေးပျော်မြူးကြမယ်
လှည့်ကြည့်လိုက်စမ်းပါ သူငယ်ချင်းရယ်
ငါတို့ချစ်တဲ့ဂီတ
ငါတို့ချစ်တဲ့ မျိုးနွယ်များ
ငါတို့ချစ်တဲ့ နှုတ်ဆက်သံ
နင်တစ်ခေါက်တော့ လှမ်းခဲ့သင့်တယ်

ဟော့ဒီမှာ
ကြည်မွေ့စရာ ကမ်းလင့်နေတဲ့ လက်များ
ဂီတရဲ့ ငြိမ့်ညောင်းမှုမှာ
သူငယ်ချင်းတွေ ထပ်တိုးရမှာ
နင်တွေး ကြည့်စမ်းပါ

သူငယ်ချင်းရေ
ဒါဟာ ငါတို့ချစ်တဲ့မြေမှာ မဟုတ်ပေမယ့်
ငါတို့ရဲ့ သွေးချင်းတွေ ရှိနေကြတယ်
ညီအကိုတွေ ဆုံကြမယ့်ပွဲ
နင် ခွဲထွက်မနေသင့်ဘူး

ပြီးတော့
နင်ဝယ်လိုက်ရတဲ့ လက်မှတ်ကလေးတစ်စောင်မှာ
နင့်ရဲ့ ငွေကြေးတွေဟာ ငါတို့မြေက
လိုနေသူတွေကို ဖြည့်ပေးမယ့် အလှူမှတ်တိုင်ကွယ့်
နင်ဝယ်လိုက်ရတဲ့ လက်မှတ်ကလေးတစ်စောင်ဟာ
သာသနာအတွက် မော်ကွန်းတစ်ချပ်လဲ ဖြစ်ရဲ့
မျိုးနွယ်တွေအတွက် မျှဝေခြင်းလဲ ဖြစ်ရဲ့

သူငယ်ချင်းရယ်
ကျေးဇူးပြုပြီး လှမ်းခဲ့ပါကွယ်
ကန္တာရရဲ့ မြူခိုးတွေ ပွင့်ချိန်
ဆောင်းဦးည မှုန်ပျပျမှာ
သွေးချင်းတွေရဲ့ ပထမဦး
အဲ့ဒီ ဂီတတွေကို ကြူးလိုက်ကြစို့။ ။


ဇော်။


(အောက်တိုဘာလ ၂၈ရက် ၂၀၁၁ သောကြာနေ့ ညနေ ရှိတ်ရာရှစ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်မည့် ပထမဆုံးအကြိမ် စင်တင်တေးဂီတ ဖျော်ဖြေပွဲကို ကြွရောက်ကြပါရန် ဖိတ်ခေါ်ပါသည်။ လက်မှတ်များကို ပွဲချိန်တွင်လဲ ၀ယ်ယူရရှိနိုင်ပါသည်။ )

2 comments:

အဖြူရောင်နတ်သမီး said...

ဇော်ရေ..
မရောက်တာကြာလို့... အလုပ်တွေပိနေလို့ပါကွယ်...
စင်တင်တေးဂီတတွေလည်း သေခြာထိုင်မကြည့်ရတာ ကြာပေါ့...း(

မော်ကွန်းသစ် said...

နင်ရယ် ငါတို့ရယ်
လွတ်လပ်ပွင့်လင်းစွာ နွေးထွေးပျော်မြူးကြမယ်