မျှော်လင့်ထားခြင်းမရှိပါဘဲ..
ဖျော့ဖျော့လွင်လွင် နံနက်ခင်းရဲ့ မြူမှုန်တွေကြားမှာ
ကျွန်တော့်ရင်ခွင်တံခါးကို လာခေါက်တဲ့ နံနက်ခင်းဧည့်သည်လေးက
ကျွန်တော့်ရင်ခုန်သံတွေကိုတောင် အားနာပါးနာ .. အသိအမှတ်မပြုခဲ့ပါဘူး။
ချစ်သူရေ..
အရုဏ်တွေ မလင်းချင်းခင်ကတည်းက
ညတွေဟာ ကျွန်တော့်ရင်မှာ အကြိမ်ကြိမ် နက်ရှိုင်းခဲ့တာပါ။
ကျွန်တော်ဆိုတာ
အနာဂတ်ကို ရူးနှမ်းမိတဲ့..
စကားလုံးတိုင်းမှာ ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း..
အကြိမ်ပေါင်းများစွာ ဖွဲ့သီမိတဲ့
ဂျစ်ကန်ကန်ဆန်တဲ့
ချစ်သူရဲ့ စစ်သုံ့ပန်းတစ်ယောက်ပါကွယ်။
ဟော့ဒီ အာရုံတစ်လျှောက်
ချစ်သူရဲ့ စကားလုံး အရုတ်အသိမ်းတိုင်းမှာ
ကျွန်တော့် ၀င်သက်ထွက်သက်တွေ ကသောင်းကနင်း နိုင်သွားခဲ့ဖူးတယ်...
ချစ်သူရဲ့ ရယ်သံဟဟတွေကြားမှာ
ကျွန်တော့်အသက်ဓါတ်တွေ တစ်ခဏစာ ချုပ်ငြိမ်းသွားခဲ့ဖူးတယ် ...
ကျွန်တော့်ဝိဥာဉ်ဆိုတာ
ချစ်သူ ပါးပြင်ပေါ်ကို ဖြတ်တိုက်သွားတဲ့ လေပြည်တွေထဲ
ခိုဝင်လိုက်ပါချင်ခဲ့တယ်..
ချစ်သူအတွက် အေးမြငြိမ်းချမ်းခြင်းတွေကို
ဟိုးအဝေး တောင်တန်းကြီးတွေဆီကနေ ကျောပိုးသယ်ဆောင်လို့ပေါ့။
ဒီလို မိုးမရွာတဲ့ အေးစက်စက် ရာသီတွေမှာတောင်
ချစ်သူရဲ့ အငွေ့အသက်နဲ့
ခြောက်ကပ်ကပ် နေ့ရက်တွေ စိမ်းလန်းလာအောင်
ကျွန်တော် ပေါင်းသင်တတ်လာခဲ့ပြီလေ..
ချစ်သူအတွက် ချစ်ခြင်းကို
ဖွဲ့နွဲ့လို့ ကျွန်တော် မပြောတတ်ခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်ဆိုတဲ့ အညတရလေးရဲ့
အသိဥာဏ်ဟာ
ချစ်သူရဲ့ ပုံရိပ်တွေ ထာဝရ ချိတ်ဆွဲပြသရာ
ကိုယ်ပိုင် ပြခန်းငယ်တစ်ခုပါ..
မြောက်ပြန်လေတို့ရဲ့ ဆောင်းရာသီထဲမှာ
ဖြူလွလွ အိပ်မက်တွေထဲ ပျော်ဝင်ရင်း
ကျွန်တော့်ရဲ့ မျှော်လင့်ခြင်းတွေကို လင်းလက်ခွင့်ပေးပါ
ချစ်သူ မသိပေမယ့်
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ကျွန်တော့်အခန်းကျဉ်းလေးရယ်..
ချစ်သူနာမည်ကို အထပ်ထပ်ရေးချ .. စာရွက်တွေနဲ့ ရှုပ်ပွတေလေနေတဲ့
ကျွန်တော့် စာကြည့်စားပွဲလေးရယ်..
ဂီတာတစ်လက်ရဲ့ သံစဉ်တွေနဲ့ လွှမ်းခြုံထားတဲ့
ဥာဥ့်ဦးရဲ့ လရောက်အောက်က
တစ်စက်စက်ကျနေတဲ့ အလွမ်းညတွေကို
ချစ်သူ မသိနိုင်ပေမယ့်..
ချစ်သူ သိနိုင်မှာ မဟုတ်ပေမယ့်လည်း..
ကျွန်တော် လွမ်းနေဦးမယ် ချစ်သူရယ်။
အဲ့ဒီအလွမ်းမှာ ဂန္တ၀င်တင်စေမယ့် စကားလုံးတွေနဲ့ ဖွဲနွဲ့မထားပါဘူး..
အကယ်ဒမီရနိုင်လောက်တဲ့ ဟန်ပြမှုတွေ မပါပါဘူး..
ပျံ့လွင့်လာတဲ့ အဲ့ဒီ တေးသွားတွေကို နားထောင်ရင်း
တိတ်တိတ်ဆိတ်ဆိတ်နဲ့ နက်ရှိုင်းနေတဲ့ ညယံထက်က ကောင်းကင်ကို ကြည့်ရင်း
ကျယ်ပြန့်မျောလွင့် စူးစူးနင့်နင့်နဲ့ လွမ်းတယ် ချစ်သူ။
အကြောင်းအရာတွေနဲ့ မကြီးကျယ်ခဲ့တဲ့ ဟော့ဒီ အညတရ ကျွန်တော်ဆိုတာ
ချစ်သူအတွက် ဖြစ်တည်မှု သက်သက် ကောင်ပါ..
ချစ်သူကို လွမ်းတိုင်း .. မြိုသိပ်ထားရတဲ့ တစ်လုံးတည်းသော အမည်နာမလေးတစ်ခုကိုသာ
တိတ်တဆိတ်ရေရွတ်ရင်း
ချစ်သူကို ကဗျာလေးတစ်ပုဒ်လို ချစ်တဲ့ ကျွန်တော်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရာဇ၀င်ဟာ
သိပ်တော့ဖြင့် ကဗျာမဆန်ခဲ့ပါဘူးချစ်သူ..
ငြိမ်ငြိမ်သက်သက်နဲ့ အခြေကျ အိနြေ္ဒတွေ ရခဲ့ပြီးမှ
တားမြစ်ထားတဲ့ သစ်သီးကို မတော်တဆ ကိုက်မိသလို
အယောင်ယောင်အမှားမှားနဲ့
အချစ်ရဲ့ ပြဌာန်းမှုတွေကို မသိနားမလည်တဲ့ ကျွန်တော်
ချစ်သူရဲ့ မျက်နက်ဝန်းလေးတစ်စုံ ရှေ့မှောက်
တိတ်တဆိတ် ပျောက်ဆုံးသွားခဲ့ဖူးတယ်။
ကျွန်တော့်ရဲ့ ရင်ခွင်တစ်ခြမ်းကို ငုံ့ကြည့်လိုက်တိုင်း
ချစ်သူကို ချစ်ရတဲ့ချစ်ခြင်းနဲ့ တစ်ဆတ်ဆတ်ခုန်နေတဲ့ ကျွန်တော့်နှလုံးသားမှာ
ချစ်သူရဲ့ အမည်နာမလေးက မင်းမူနေခဲ့တယ်..
တကယ်တော့ ချစ်သူဆိုတာ ကျွန်တော့်အတွက်
ကဗျာသိပ်မဆန်တဲ့ ကဗျာတစ်ပုဒ်
ဂုဏ်သတင်းမွှေးပျံ့လွန်းတဲ့ ကျမိုင်းငယ်..
ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ရဲ့ ဘ၀မှာ
အိပ်ယာက နိုးတိုင်း လွမ်းရတတ်တဲ့
အိပ်မက်ဦးတို့ တည်ရာပါ .. ချစ်သူ
အဘယ်နတ်ဘုရားရဲ့ ပြုစားမှုတွေကြောင့်များလဲ
ခြောက်သွေ့ အေးစက် .. မြူတွေမှိုင်းနေတဲ့ ဆောင်းညတွေနဲ့အပြိုင်
ကျွန်တော့်ရင်ဟာ ချစ်သူမရှိတဲ့ နေ့ရက်တွေမှာ
ပြာရီအက်ကွဲနေတယ်လေ..
ဒါပေမယ့်..
ဒါပေမယ့် ချစ်သူရယ်..
ဖွင့်ထားတဲ့ ကွန်ပြူတာရှေ့ ဆောက်တည်ရာမဲ့ မေ့မေ့လျော့လျော့ထိုင်ရင်း
ချစ်သူရဲ့ အရိပ်အယောင်ကိုများ မြင်ရလို မြင်ရငြား
စောင့်မျှော်နေမိတဲ့ ကောင်မလေးတစ်ယောက်ဟာ
အခါခါ သေဖူးတာတောင်မှ ပျဉ်းဖိုးနားမလည်ခဲ့သေးပါဘူး။
မနီးနိုင်အောင် ဝေးနေခဲ့ရပေမယ့်
ခပ်မဆိတ်ဘဲ ကျွန်တော် လွမ်းနေပါရစေ ချစ်သူ
မျှော်လင့်ချက်ဆိုတာ နံနက်ဖြန်တိုင်းမှာမှ ရှင်သန်တတ်တဲ့အရာမျိုးလား
ကျွန်တော် ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး
ကျွန်တော်ဆိုတဲ့ ဖားသူငယ်က
ကိုယ့်နွားခြေရာခွက်ကိုမှ တစ်ကမ္ဘာထင်ခဲ့မိတာပါ
ပန်းတွေမပွင့်တဲ့ ရာသီမှာမှ
ညမွှေးပန်းနံ့ကို တမ်းတမ်းတတ ရှိုက်ချင်နေမိတဲ့ ဟော့ဒီကောင်
ကျွန်တော်ဆိုတဲ့ လူအတစ်ယောက်ဟာ
ပန်းတို့ရဲ့ ဥယျာဉ်မှူးကိုတွေ့မှ
ရင်ကိုခွဲပြီး သည်းချင်တိုင်း သည်းခဲ့တာပါ ချစ်သူ..
ချစ်သူနဲ့ ကျွန်တော်ဟာ တစ်မိုးအောက်တည်း အတူ ရှိနေခဲ့လဲ
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကျိန်စာဆန်ဆန် ကြမ္မာရိုင်းတွေကြောင့်
ချစ်သူကို သတိရတိုင်း အုံ့မှိုင်းရီဝေလွန်းလှတဲ့ အလွမ်းကဗျာတွေက
ကျွန်တော့်ရဲ့ နေ့ရက်တွေကို
ဆောင်းအငွေ့အသက်တို့နဲ့ စွတ်စိုစေခဲ့ပါပြီ ချစ်သူရယ်..။
ဇော်။
Sunday, January 9, 2011
Thursday, December 30, 2010
မိုးခေါင်နေသော တိမ်တိုက်များ...
အရောင်ခြယ်ထားတဲ့ လေစိမ်းစိမ်းတွေတိုက်လို့
ကျွန်တော်ပြန်ဖျားချင်လာတယ်..
နေမကောင်းခြင်းမှာ.. အလွမ်းတွေ နဲနဲဖောက်ထားသလိုပါပဲ..
သတိရခြင်းတွေ ခပ်ကျကျ ဖြစ်နေလိုက်ပုံများ..
အချိန်တွေတောင် ခါးသက်နေကြတယ်..
ကျွန်တော်သိပ်မသိပါဘူး ချစ်သူ
မြင်နိုင်မယ်ဆိုရင်တော့ ကြည့်ခွင့်ရချင်ပါတယ်
ချစ်သူအတွက် ကျွန်တော်ဆိုတာ ဘာလဲ..
ဖြစ်တည်မှုတွေကြားမှာ..
ဆန္ဒတွေကို မြိုသိပ်..
သူ မမြင်အောင် ကြိတ်ပြီး သက်ပြင်းချရတာ မောလိုက်တာ..
ကျွန်တော်နေမကောင်းပါဘူး..
ကျွန်တော့်ကို ဆူပါ.. ကျွန်တော့်ကို ပြောပါ..
ခေါင်းမာတာတော့ မဟုတ်ပါဘူး
ဇော်ဆိုတာ ရင်ဘတ်ထဲမှာသာ အားငယ်နေတတ်ခဲ့တဲ့ကောင်ပါ..
ဂျစ်ကန်ကန်ဆန်တဲ့ ဇော်.. ဂရုမစိုက်တတ်တဲ့ဇော်..
ပွင့်လင်းတဲ့ဇော်.. မိန်းကလေးမဆန်တဲ့ဇော်..
သူ့မှာလဲ အချစ်ရှိတယ်.. အားငယ်တတ်တယ်..
စိုးရိမ်တယ်.. နောက် နူးညံ့ချင်တယ်..
ချစ်သူရေ..
တာ့တာဆိုတဲ့စကားလုံး နှစ်လုံးကို ကျွန်တော်မုန်းချင်လာခဲ့ပြီ
နောက်မှပေါ့ ဆိုတာတွေကို နဲနဲလောက်လွှင့်ပစ်ခွင့်ရနိုင်မလား
အဲ့ဒီ ဟန်ဆောင်လောက၀တ်တွေကြားက ခနလောက် ရုန်းထွက်ခွင့်ကို
ကျွန်တော် ငတ်မွတ်တမ်းတမိတယ်..
အရှေ့တောင်အရပ်မှာ မိုးခေါင်နေပါတယ်
ကျနော့်ကဗျာလေးလဲ မိုးခေါင်နေတယ်..
မိုးဘယ်မှာ ရွာနေလဲ ကျွန်တော်မသိဘူး...။
ဇော်။
ကျွန်တော်ပြန်ဖျားချင်လာတယ်..
နေမကောင်းခြင်းမှာ.. အလွမ်းတွေ နဲနဲဖောက်ထားသလိုပါပဲ..
သတိရခြင်းတွေ ခပ်ကျကျ ဖြစ်နေလိုက်ပုံများ..
အချိန်တွေတောင် ခါးသက်နေကြတယ်..
ကျွန်တော်သိပ်မသိပါဘူး ချစ်သူ
မြင်နိုင်မယ်ဆိုရင်တော့ ကြည့်ခွင့်ရချင်ပါတယ်
ချစ်သူအတွက် ကျွန်တော်ဆိုတာ ဘာလဲ..
ဖြစ်တည်မှုတွေကြားမှာ..
ဆန္ဒတွေကို မြိုသိပ်..
သူ မမြင်အောင် ကြိတ်ပြီး သက်ပြင်းချရတာ မောလိုက်တာ..
ကျွန်တော်နေမကောင်းပါဘူး..
ကျွန်တော့်ကို ဆူပါ.. ကျွန်တော့်ကို ပြောပါ..
ခေါင်းမာတာတော့ မဟုတ်ပါဘူး
ဇော်ဆိုတာ ရင်ဘတ်ထဲမှာသာ အားငယ်နေတတ်ခဲ့တဲ့ကောင်ပါ..
ဂျစ်ကန်ကန်ဆန်တဲ့ ဇော်.. ဂရုမစိုက်တတ်တဲ့ဇော်..
ပွင့်လင်းတဲ့ဇော်.. မိန်းကလေးမဆန်တဲ့ဇော်..
သူ့မှာလဲ အချစ်ရှိတယ်.. အားငယ်တတ်တယ်..
စိုးရိမ်တယ်.. နောက် နူးညံ့ချင်တယ်..
ချစ်သူရေ..
တာ့တာဆိုတဲ့စကားလုံး နှစ်လုံးကို ကျွန်တော်မုန်းချင်လာခဲ့ပြီ
နောက်မှပေါ့ ဆိုတာတွေကို နဲနဲလောက်လွှင့်ပစ်ခွင့်ရနိုင်မလား
အဲ့ဒီ ဟန်ဆောင်လောက၀တ်တွေကြားက ခနလောက် ရုန်းထွက်ခွင့်ကို
ကျွန်တော် ငတ်မွတ်တမ်းတမိတယ်..
အရှေ့တောင်အရပ်မှာ မိုးခေါင်နေပါတယ်
ကျနော့်ကဗျာလေးလဲ မိုးခေါင်နေတယ်..
မိုးဘယ်မှာ ရွာနေလဲ ကျွန်တော်မသိဘူး...။
ဇော်။
Friday, December 24, 2010
သင်္ခါရလောက
သစ်ရွက်တွေမှာ
တမလွန်ရှိမယ်ဆိုတဲ့စိတ်နဲ့
သူ့တို့ရဲ့ သင်္ခါရကို
ရှာကြည့်နေမိတယ်။
ဖောက်ပြန်နေတဲ့
တရားအစုဟာ
အဂတိမလိုက်စားဘူး။
အမှိုက်လေးတစ
မဆင်မခြင်လွှင့်ပစ်
လိုက်တာကိုက
ကျနော့် အကုသိုလ် ။
မမြဲခြင်းတရားဟာ
အသွင်သဏ္ဌာန်အားဖြင့်
မြဲနေသေးတယ်ဆိုရင်
ပညတ်တွေကို
ကျော်ကြည့်ရအောင်လား။
အဲဒီ ဓမ္မကို
ကြည်ညိုခြင်းကြီးစွာနဲ့
ကျနော်ဟာ လူလားမြောက်ခဲ့
ပါတော့တယ်......။ ။
ဟိန်းလတ်ဇော်
တမလွန်ရှိမယ်ဆိုတဲ့စိတ်နဲ့
သူ့တို့ရဲ့ သင်္ခါရကို
ရှာကြည့်နေမိတယ်။
ဖောက်ပြန်နေတဲ့
တရားအစုဟာ
အဂတိမလိုက်စားဘူး။
အမှိုက်လေးတစ
မဆင်မခြင်လွှင့်ပစ်
လိုက်တာကိုက
ကျနော့် အကုသိုလ် ။
မမြဲခြင်းတရားဟာ
အသွင်သဏ္ဌာန်အားဖြင့်
မြဲနေသေးတယ်ဆိုရင်
ပညတ်တွေကို
ကျော်ကြည့်ရအောင်လား။
အဲဒီ ဓမ္မကို
ကြည်ညိုခြင်းကြီးစွာနဲ့
ကျနော်ဟာ လူလားမြောက်ခဲ့
ပါတော့တယ်......။ ။
ဟိန်းလတ်ဇော်
Wednesday, December 22, 2010
ကျိန်စာမိခဲ့တဲ့ ဥတုတစ်ခုအကြောင်း
ချစ်မိသူဟာ အရှုံးတဲ့
စိန်ခေါ်မှုတောင် မစခဲ့ရသေးပါဘူးကွယ်
ပဏာမ ခြေစစ်ပွဲမှာကတည်းက
အနီကဒ်ထိပြီး
စည်းဝိုင်းအပြင် ရောက်ခဲ့ရတယ်..
ငါ
စောဒက မတက်ခဲ့ပါဘူး
တိတ်တိတ်ဆိတ်ဆိတ်ပဲ
စည်းအပြင်ဘက် ထွက်ရပ်ပေးခဲ့တာပါ
မတတ်နိုင်ပါဘူး ချစ်သူရယ်
ငါ့ ကြမ္မာတွေကိုက
(နင်နဲ့ပတ်သတ်ရင်)
အဖန်တစ်ရာ ငင်ချင်နေကြတယ်..
ဒီလိုနဲ့ ငါ
စည်းဝိုင်းထဲ
( မသိလိုက်မသိဖာသာနဲ့)
နောက်တစ်ကြိမ်
ပြန်ရောက်ခဲ့ပါသေးတယ်
တက်တက်ကြွကြွ
အကောင်းဆုံးကပြဖို့ ဟန်ရေးပြင်တုန်း
အ၀ါရောင် သင်္ကေတ တစ်ခု
ငါ့မျက်နှာရှေ့ အလံလာထူသွားတယ်
ငါ လူကျွံနေခဲ့ပြန်ပြီတဲ့..
ချစ်သူရေ..
(အခုတော့လဲ)
ငါဟာ ပွဲကြည့်ပရိတ်သတ်ပါကွယ်
နင်ခြေစွမ်းပြလေသမျှ
ရင်သပ်ရှုမော
ဒုတိယပိုင်းတောင် ပြီးတော့မယ်
ငါကတော့
ရင်ခုန်ကောင်းဆဲ
မျှော်လင့်ဆဲ..........
ဇော်။
စိန်ခေါ်မှုတောင် မစခဲ့ရသေးပါဘူးကွယ်
ပဏာမ ခြေစစ်ပွဲမှာကတည်းက
အနီကဒ်ထိပြီး
စည်းဝိုင်းအပြင် ရောက်ခဲ့ရတယ်..
ငါ
စောဒက မတက်ခဲ့ပါဘူး
တိတ်တိတ်ဆိတ်ဆိတ်ပဲ
စည်းအပြင်ဘက် ထွက်ရပ်ပေးခဲ့တာပါ
မတတ်နိုင်ပါဘူး ချစ်သူရယ်
ငါ့ ကြမ္မာတွေကိုက
(နင်နဲ့ပတ်သတ်ရင်)
အဖန်တစ်ရာ ငင်ချင်နေကြတယ်..
ဒီလိုနဲ့ ငါ
စည်းဝိုင်းထဲ
( မသိလိုက်မသိဖာသာနဲ့)
နောက်တစ်ကြိမ်
ပြန်ရောက်ခဲ့ပါသေးတယ်
တက်တက်ကြွကြွ
အကောင်းဆုံးကပြဖို့ ဟန်ရေးပြင်တုန်း
အ၀ါရောင် သင်္ကေတ တစ်ခု
ငါ့မျက်နှာရှေ့ အလံလာထူသွားတယ်
ငါ လူကျွံနေခဲ့ပြန်ပြီတဲ့..
ချစ်သူရေ..
(အခုတော့လဲ)
ငါဟာ ပွဲကြည့်ပရိတ်သတ်ပါကွယ်
နင်ခြေစွမ်းပြလေသမျှ
ရင်သပ်ရှုမော
ဒုတိယပိုင်းတောင် ပြီးတော့မယ်
ငါကတော့
ရင်ခုန်ကောင်းဆဲ
မျှော်လင့်ဆဲ..........
ဇော်။
Tuesday, December 21, 2010
မေမေ့လက်ဆောင်
မေမေ...
မှတ်မိသေးတယ်လေ...
ကြာခဲ့ပြီဖြစ်သော..ကျောင်းသားဘဝ
မေမေ့မေတ္တာတွေ လွယ်အိတ်ထဲထည့်...
ဘာမှမဟုတ်တဲ့ အတွေးတစ်ခုနဲ့...
ကျောင်းမှာပျော်ခဲ့တယ်
မိုးရွာတဲ့ကျောင်းဆင်းနေ့တွေ
ကျောင်းဝင်းရဲ့ဂိတ်ဝမှာ
ထီးဆောင်းရင်းအလုအယက်
မကြောက်မရှက်ဆီးကြိုနေပုံလေး
ဝေးကွာစွာကျန်ခဲ့လည်း...
မေမေ..သားမမေ့သေးပါဘူးလေ...။
လူငယ်ဘဝ
ဦးစားပေးပညာရေးကိစ္စအတွက်
အိမ်နှင့်ခွဲခွာ လက်ပြလို့နှုတ်ဆက်စဉ်က
ပီတိနဲ့မေမေ မျက်ရည်တွေ...ဝေရင်း
ဥသြသံတိုးစေခဲ့တာ
နှုတ်ဆက်ချိန်ဘူတာကြီးမှာ...။
လွမ်းလွန်းလို့အိပ်မပျော်
အိမ်အကြောင်းတွေးရင်းအချိန်တွေကြာ
ချမ်းအေးတဲ့ ပြင်ဦးလွင် December က
ထပ်ဆင့်ကာဝေး..တွေးမရတဲ့မိုင်တွေဆီ
ရောက်လာပြန်ပြီတစ်ခါ....
ဒီတစ်ခါသွားရမှာဟိုးအဝေးက ရေမြေခြားဆီမို့
လေယာဉ်ကွင်းထဲလွမ်းမဆုံးနိုင်...
အချိန်လုစကားပြောခဲ့..
ဟောဟိုမှာ...
လေယာဉ်ကြီးလည်းပန်ကာလည်ပြီ
ည(၉)နာရီလည်းထိုးပြီ...
လေယာဉ်ကွင်းလည်းငိုနေပြီ
မေမေနဲ့အတူ...။
အချိန်တွေလည်းကြာခဲ့ပြီ
အခုထိလွမ်းရင်းဆွေး
အတွေးတွေလည်းနှစ်ချို့လို့
သို့သော်လည်းမေမေ...
သားမမေ့သေးပါဘူး..
အန္တရာယ်ကင်းစေချင်လို့...
သားချစ်တဲ့မေမေ
သားရင်ထဲကမေမေ
ပေးခဲ့တဲ့အဆောင်လေး
မပျောက်သေးပါဘူး
ဘုန်းနိမ့်မှာယောင်လို့တောင်မတွေးမိလို့...
ဒီနေ့ထိလည်ပင်းမှာဆွဲထားခဲ့တာ
မေမေ....
မေမေ့ရဲ့...အထက်ဆင်စလေးပါ...
နေပိုင်
မှတ်မိသေးတယ်လေ...
ကြာခဲ့ပြီဖြစ်သော..ကျောင်းသားဘဝ
မေမေ့မေတ္တာတွေ လွယ်အိတ်ထဲထည့်...
ဘာမှမဟုတ်တဲ့ အတွေးတစ်ခုနဲ့...
ကျောင်းမှာပျော်ခဲ့တယ်
မိုးရွာတဲ့ကျောင်းဆင်းနေ့တွေ
ကျောင်းဝင်းရဲ့ဂိတ်ဝမှာ
ထီးဆောင်းရင်းအလုအယက်
မကြောက်မရှက်ဆီးကြိုနေပုံလေး
ဝေးကွာစွာကျန်ခဲ့လည်း...
မေမေ..သားမမေ့သေးပါဘူးလေ...။
လူငယ်ဘဝ
ဦးစားပေးပညာရေးကိစ္စအတွက်
အိမ်နှင့်ခွဲခွာ လက်ပြလို့နှုတ်ဆက်စဉ်က
ပီတိနဲ့မေမေ မျက်ရည်တွေ...ဝေရင်း
ဥသြသံတိုးစေခဲ့တာ
နှုတ်ဆက်ချိန်ဘူတာကြီးမှာ...။
လွမ်းလွန်းလို့အိပ်မပျော်
အိမ်အကြောင်းတွေးရင်းအချိန်တွေကြာ
ချမ်းအေးတဲ့ ပြင်ဦးလွင် December က
ထပ်ဆင့်ကာဝေး..တွေးမရတဲ့မိုင်တွေဆီ
ရောက်လာပြန်ပြီတစ်ခါ....
ဒီတစ်ခါသွားရမှာဟိုးအဝေးက ရေမြေခြားဆီမို့
လေယာဉ်ကွင်းထဲလွမ်းမဆုံးနိုင်...
အချိန်လုစကားပြောခဲ့..
ဟောဟိုမှာ...
လေယာဉ်ကြီးလည်းပန်ကာလည်ပြီ
ည(၉)နာရီလည်းထိုးပြီ...
လေယာဉ်ကွင်းလည်းငိုနေပြီ
မေမေနဲ့အတူ...။
အချိန်တွေလည်းကြာခဲ့ပြီ
အခုထိလွမ်းရင်းဆွေး
အတွေးတွေလည်းနှစ်ချို့လို့
သို့သော်လည်းမေမေ...
သားမမေ့သေးပါဘူး..
အန္တရာယ်ကင်းစေချင်လို့...
သားချစ်တဲ့မေမေ
သားရင်ထဲကမေမေ
ပေးခဲ့တဲ့အဆောင်လေး
မပျောက်သေးပါဘူး
ဘုန်းနိမ့်မှာယောင်လို့တောင်မတွေးမိလို့...
ဒီနေ့ထိလည်ပင်းမှာဆွဲထားခဲ့တာ
မေမေ....
မေမေ့ရဲ့...အထက်ဆင်စလေးပါ...
နေပိုင်
Wednesday, December 15, 2010
သစ္စာ၌ ဆန္ဒကို တည်သောအခါ .....
ငါ
အမှတ်မရှိ
အဆုံးအစမဲ့ ဒီခရီးကို
(နောင်တမဲ့)
ထွက်ခဲ့မိတယ်။
မပီပြင်တဲ့ လမ်းကြမ်းတွေထဲ
ပြိုတလှည့် ပျက်တလှည့်
လင်းတလှည့် မှောင်တလှည့်နဲ့
စမ်းတ၀ါးဝါး ငါလျှောက်နေခဲ့ရတယ်။
အနံ့အသက်ဆိုးဝါး
ပုပ်လျှလွန်းတဲ့ ဒီနွံတလွှားမှာ
ကူကယ်ရာလဲ မဲ့လှတယ်။
ဝင်သက်ထွက်သက်ကိုမှ
မသိနိုင်တဲ့ သြကာသထဲ
စွဲလန်းခြင်း ပိုက်ကွန်
အတောမသတ်နိုင်တဲ့
ဒီလောဘတွေနဲ့
ငါ ... လုံးပါး ပါးခဲ့တော့မယ်။
နိုးထခြင်းနဲ့ အိပ်စက်ခြင်းကြား
ကိုယ့်ကိုယ်ကိုယ် မေ့လျော့
သတိကိုမှ မသိနိုင်ဘဲ
ကျော့ကွင်းတွေနဲ့ ၀င်တိုးရင်းက
ငါ ...
အကြိမ်ကြိမ် သေဆုံးနေတယ်။
တောက်လောင်မှုတွေ
မီးလျှံရဲ့အဟုန်နဲ့
ပူပြင်းလောင်မြိုက်
မငြိမ်းတဲ့ အဇ္ဖျတ္တကမ္ဘာမှာ
ငါ ...
လူဖြစ်ရတာ မောတယ်။
ရလိုမှုနဲ့ မက်မောမှုတွေ
ငါ့အား အထပ်ထပ်ရစ်သိုင်း
ငါ့ ခြေလှမ်းတွေ ယိုင်နဲ့ခဲ့ရပြီ။
ငါနဲ့ငါ့ အကြားမှာ
လူးလားခေါက်တုံ့
ဒွေးရောယှက်တင်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
စိတ္တဇလဲ ပီသခဲ့ပါပြီ။
အတ္တဟိတနဲ့ ပရဟိတ
သိသလိုလို မသိသလိုလိုနဲ့
သမုဒိသစ္စာနဲ့ ပရမတ္တသစ္စာအကြား
နက်နက်ရှိုင်းရှိုင်း
သမုဒ္ဒရာဆန်စွာ
ငါ ... နစ်မွန်းနေခဲ့ပြီ။
အရှင်
အလင်းကို ပြသောသူ ဖြစ်ပါလော့
အရှင်လျှောက်သောလမ်း၌
ငါ့အား .. တောင်ဝှေးဖြစ်ခွင့် ရှိပါရစေ။
နွေရာသီရဲ့ သစ်တစ်ပင်လို
ရွက်ဟောင်းတွေကြွေ
ရွက်သစ် ဝေမှာကိုလဲ
ငါ စိုးပါရဲ့။
ဒီနေ့မဟုတ်တဲ့ နံနက်ဖြန်အတွက်
(စိုးထိတ်ရင်ပူ)
ပုထုဇဉ်ဆန်ဆန်
အတွေးအကြံတွေလဲ မဖြစ်ရစေ။
လိမ်ညာလှည့်စား
မရိုးဖြောင့်ခြင်းတွေကြားက
အစာတစ်လုတ်အတွက်
အဲ့ဒီ မိုးခါးရေတစ်ခွက်ကို
ငါ မမြိုရပါလို
ငါ့ကို လမ်းပြပေးလှည့်ပါ။
ဆူညံပေါက်ကွဲ
နာခံရာခက်
အရိုင်းဆန်ဆန် သံစဉ်တွေကြားမှာမှ
ငါ့အား တိတ်ဆိတ်ခြင်းလဲ ရှိပါရစေ။
ငြိမ့်ညောင်းနှစ်လိုဖွယ်
ချိုသာယစ်မူး
ပျိုမြစ်မှု ဂီတတွေကြားမှာမှ
ငါ့အား ငြိမ်သက်ခြင်းလဲ ရှိပါရစေ။
အရှင်
ငါ မောလှပါပြီ
ထွန်ယက်မှုလဲ မလုပ်ရစေ
ပျိုးကြဲမှုလဲ ကင်းရစေ
အရှင်ညွှန်ပြရာ ခရီးလမ်းမှာ
ငါ ....
ဥပေက္ခာကို အဖော်ပြုရင်း
သတိတစ်ခုကိုသာ
ကိုင်စွဲထားခဲ့ချင်ပါပြီ။
ငြိမ်သက်ခြင်း သစ်သားနဲ့
စပ်ထားခဲ့တဲ့ ဒီအခေါင်းမှာ
ငါ့ အတ္တခန္ဒာကို ထည့်သိုရင်း
တိတ်တဆိတ်ပဲ
ငါ့ကိုယ်ငါ သရဏဂုံ တင်ခဲ့ပါရစေ။
ငြိမ်းချမ်းသောသူသည် ငြိမ်းချမ်းရာသို့ သွားရာ၏။
အရှင်
ငါ၏ ရင်သည် မီးထက် အဆတစ်ရာ ပူသော
လောင်ကျွမ်းမှုမျိုးဖြင့် ရှိပါ၏
မငြိမ်းသောမီး၌
ငါ့အား တွဲလက်ကို ကမ်းပါလော့...
အရှင်
ငါ့အား ခေါ်ဆောင်ရာသို့ တည်ပါစေ။
ဖတ်ဖူသော ကဗျာထဲကလို
ငါကား ငြိမ်း၏
မီးကား မငြိမ်းတော့ချေ။
ဇော်။
အမှတ်မရှိ
အဆုံးအစမဲ့ ဒီခရီးကို
(နောင်တမဲ့)
ထွက်ခဲ့မိတယ်။
မပီပြင်တဲ့ လမ်းကြမ်းတွေထဲ
ပြိုတလှည့် ပျက်တလှည့်
လင်းတလှည့် မှောင်တလှည့်နဲ့
စမ်းတ၀ါးဝါး ငါလျှောက်နေခဲ့ရတယ်။
အနံ့အသက်ဆိုးဝါး
ပုပ်လျှလွန်းတဲ့ ဒီနွံတလွှားမှာ
ကူကယ်ရာလဲ မဲ့လှတယ်။
ဝင်သက်ထွက်သက်ကိုမှ
မသိနိုင်တဲ့ သြကာသထဲ
စွဲလန်းခြင်း ပိုက်ကွန်
အတောမသတ်နိုင်တဲ့
ဒီလောဘတွေနဲ့
ငါ ... လုံးပါး ပါးခဲ့တော့မယ်။
နိုးထခြင်းနဲ့ အိပ်စက်ခြင်းကြား
ကိုယ့်ကိုယ်ကိုယ် မေ့လျော့
သတိကိုမှ မသိနိုင်ဘဲ
ကျော့ကွင်းတွေနဲ့ ၀င်တိုးရင်းက
ငါ ...
အကြိမ်ကြိမ် သေဆုံးနေတယ်။
တောက်လောင်မှုတွေ
မီးလျှံရဲ့အဟုန်နဲ့
ပူပြင်းလောင်မြိုက်
မငြိမ်းတဲ့ အဇ္ဖျတ္တကမ္ဘာမှာ
ငါ ...
လူဖြစ်ရတာ မောတယ်။
ရလိုမှုနဲ့ မက်မောမှုတွေ
ငါ့အား အထပ်ထပ်ရစ်သိုင်း
ငါ့ ခြေလှမ်းတွေ ယိုင်နဲ့ခဲ့ရပြီ။
ငါနဲ့ငါ့ အကြားမှာ
လူးလားခေါက်တုံ့
ဒွေးရောယှက်တင်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
စိတ္တဇလဲ ပီသခဲ့ပါပြီ။
အတ္တဟိတနဲ့ ပရဟိတ
သိသလိုလို မသိသလိုလိုနဲ့
သမုဒိသစ္စာနဲ့ ပရမတ္တသစ္စာအကြား
နက်နက်ရှိုင်းရှိုင်း
သမုဒ္ဒရာဆန်စွာ
ငါ ... နစ်မွန်းနေခဲ့ပြီ။
အရှင်
အလင်းကို ပြသောသူ ဖြစ်ပါလော့
အရှင်လျှောက်သောလမ်း၌
ငါ့အား .. တောင်ဝှေးဖြစ်ခွင့် ရှိပါရစေ။
နွေရာသီရဲ့ သစ်တစ်ပင်လို
ရွက်ဟောင်းတွေကြွေ
ရွက်သစ် ဝေမှာကိုလဲ
ငါ စိုးပါရဲ့။
ဒီနေ့မဟုတ်တဲ့ နံနက်ဖြန်အတွက်
(စိုးထိတ်ရင်ပူ)
ပုထုဇဉ်ဆန်ဆန်
အတွေးအကြံတွေလဲ မဖြစ်ရစေ။
လိမ်ညာလှည့်စား
မရိုးဖြောင့်ခြင်းတွေကြားက
အစာတစ်လုတ်အတွက်
အဲ့ဒီ မိုးခါးရေတစ်ခွက်ကို
ငါ မမြိုရပါလို
ငါ့ကို လမ်းပြပေးလှည့်ပါ။
ဆူညံပေါက်ကွဲ
နာခံရာခက်
အရိုင်းဆန်ဆန် သံစဉ်တွေကြားမှာမှ
ငါ့အား တိတ်ဆိတ်ခြင်းလဲ ရှိပါရစေ။
ငြိမ့်ညောင်းနှစ်လိုဖွယ်
ချိုသာယစ်မူး
ပျိုမြစ်မှု ဂီတတွေကြားမှာမှ
ငါ့အား ငြိမ်သက်ခြင်းလဲ ရှိပါရစေ။
အရှင်
ငါ မောလှပါပြီ
ထွန်ယက်မှုလဲ မလုပ်ရစေ
ပျိုးကြဲမှုလဲ ကင်းရစေ
အရှင်ညွှန်ပြရာ ခရီးလမ်းမှာ
ငါ ....
ဥပေက္ခာကို အဖော်ပြုရင်း
သတိတစ်ခုကိုသာ
ကိုင်စွဲထားခဲ့ချင်ပါပြီ။
ငြိမ်သက်ခြင်း သစ်သားနဲ့
စပ်ထားခဲ့တဲ့ ဒီအခေါင်းမှာ
ငါ့ အတ္တခန္ဒာကို ထည့်သိုရင်း
တိတ်တဆိတ်ပဲ
ငါ့ကိုယ်ငါ သရဏဂုံ တင်ခဲ့ပါရစေ။
ငြိမ်းချမ်းသောသူသည် ငြိမ်းချမ်းရာသို့ သွားရာ၏။
အရှင်
ငါ၏ ရင်သည် မီးထက် အဆတစ်ရာ ပူသော
လောင်ကျွမ်းမှုမျိုးဖြင့် ရှိပါ၏
မငြိမ်းသောမီး၌
ငါ့အား တွဲလက်ကို ကမ်းပါလော့...
အရှင်
ငါ့အား ခေါ်ဆောင်ရာသို့ တည်ပါစေ။
ဖတ်ဖူသော ကဗျာထဲကလို
ငါကား ငြိမ်း၏
မီးကား မငြိမ်းတော့ချေ။
ဇော်။
Saturday, December 11, 2010
အလွမ်းဖွဲ့ ရာသီ
အရှေ့ဘက်ကောင်းကင်မှာ
မိုးတွေ ညို့လာနေခဲ့ပြီ
အဲ့ဒီ ရေစက်တွေပေါ့
ငါ့မျက်ရည်နဲ့ ဟန်ဆောင် မိတ်ဖွဲ့ကြဦးမယ်
မစားကောင်းမှန်းသိပါရဲ့
ငါကိုက ဆာလောင်ငတ်မွတ်နေခဲ့မိတယ်
ထွန်ယက်စိုက်ပျိုးခဲ့တာပါပဲ
မြေပြင်ကိုက မျိုးဖြစ်ဖို့ ညံ့ခဲ့တယ်
စကားသံတွေ စကားလုံးတွေ
(ငါ့အပေါ်ကို)
သဲကြီးမဲကြီး ရွာချနေကြတယ်
နှုတ်သီးကောင်း လျှာပါးလေးရယ်
နှုတ်ခမ်းတလန် ပန်းတလန်တွေ
ခနလောက် သိမ်းထားပါလား
နင့်ရဲ့ စွာလန်ကြဲမှုတွေထဲ
ငါ့မာနတွေ အရည်ပျော်
ငါကိုယ်တိုင်တောင်
ခေါင်းမဖော်နိုင်တော့ဘူးကွဲ့
အဲ့ဒီ အပြာရောင်လေးနဲ့ ငါဆုံတိုင်း
အလန့်တကြား ထထခုန်တဲ့
ဒီရင်ဘတ်ကို ငါ မုန်းတယ်
ကောင်းကင်တေးသံတွေ
တစ်စွန်းတစ်စ ငါကြားမိတိုင်း
အငမ်းမရဖြစ်တတ်လွန်းတဲ့
ဒီနားရွက်တွေ ငါ မုန်းတယ်
အဲ့ဒီလို
(အခိုင်အမာ) ရူးနေခဲ့ရင်းက
(မစားရလို့)
တားမြစ်ထားတဲ့ ပန်းသီးလေးရယ်........
အခုတောင်
ငါ လွမ်းတယ်........
ဇော်။
မိုးတွေ ညို့လာနေခဲ့ပြီ
အဲ့ဒီ ရေစက်တွေပေါ့
ငါ့မျက်ရည်နဲ့ ဟန်ဆောင် မိတ်ဖွဲ့ကြဦးမယ်
မစားကောင်းမှန်းသိပါရဲ့
ငါကိုက ဆာလောင်ငတ်မွတ်နေခဲ့မိတယ်
ထွန်ယက်စိုက်ပျိုးခဲ့တာပါပဲ
မြေပြင်ကိုက မျိုးဖြစ်ဖို့ ညံ့ခဲ့တယ်
စကားသံတွေ စကားလုံးတွေ
(ငါ့အပေါ်ကို)
သဲကြီးမဲကြီး ရွာချနေကြတယ်
နှုတ်သီးကောင်း လျှာပါးလေးရယ်
နှုတ်ခမ်းတလန် ပန်းတလန်တွေ
ခနလောက် သိမ်းထားပါလား
နင့်ရဲ့ စွာလန်ကြဲမှုတွေထဲ
ငါ့မာနတွေ အရည်ပျော်
ငါကိုယ်တိုင်တောင်
ခေါင်းမဖော်နိုင်တော့ဘူးကွဲ့
အဲ့ဒီ အပြာရောင်လေးနဲ့ ငါဆုံတိုင်း
အလန့်တကြား ထထခုန်တဲ့
ဒီရင်ဘတ်ကို ငါ မုန်းတယ်
ကောင်းကင်တေးသံတွေ
တစ်စွန်းတစ်စ ငါကြားမိတိုင်း
အငမ်းမရဖြစ်တတ်လွန်းတဲ့
ဒီနားရွက်တွေ ငါ မုန်းတယ်
အဲ့ဒီလို
(အခိုင်အမာ) ရူးနေခဲ့ရင်းက
(မစားရလို့)
တားမြစ်ထားတဲ့ ပန်းသီးလေးရယ်........
အခုတောင်
ငါ လွမ်းတယ်........
ဇော်။
Subscribe to:
Posts (Atom)