စပါးနှံတွေ မသီးပွင့်တဲ့
လယ်ကွင်းတွေ မရှိတဲ့
ဟီရိသြတပ နားမလည်တဲ့ အရပ်ဒေသက
ဇိမ်ခံပစ္စည်းတွေကြား
ပကာသန အငွေ့အသက်တွေ
ဟန်ဆောင်ပန်ဆောင် အသုံးအနှုန်းတွေ
ဝတ္တရားကျေ အပြုံးတွေ
ကျနော် လူမဖြစ်ချင်တော့ဘူး
အသက်မပါတဲ့ အစဉ်အလာတွေနဲ့
အေးစက်စက် ပွေ့ဖက်မှုတွေကြား
ကျနော်မပျော်ပါဘူးဗျာ
အိမ်ပြန်ရက်ကိုသာ လက်ချိုးရေနေခဲ့မိတာ
အများသူငါ အားကျနေတဲ့ နေရာမှာ
ခက်ခက်ခဲခဲ အသက်ရှူနေရတယ်
လူတစ်ချို့ ဂုဏ်ယူတတ်ကြတဲ့ အမိုးအကာအောက်
စားနေရတဲ့ ထမင်းလုတ်တောင်
ကျနော် မြိုမကျဘူး
ပကာသနနဲ့ လက်လက်ထနေတဲ့
အစွယ်ထွက်ဘီလူးတွေကြား
နံနက်ဖြန်အကြောင်းတွေးလိုက်မိတိုင်း
သက်ပြင်းမောနဲ့ကျနော်
နှစ်ကိုယ့်တစ်စိတ် ဖြစ်လို့...
ကိုယ့်နေရာမဟုတ်တဲ့ဒေသမှာ
သူတို့ပျော်နေတာ မြင်ရတော့
ဒေါင်းယောင်ဆောင်သော ကျီး ဥပမာကို
ကျနော် သတိရတယ်
မေမေ
တကယ်ဆို
ကျနော်တို့အရပ်မှာ
သဘာဝတွေ ပေါပါတယ်
လတ်ဆတ်ခြင်းတွေ လှိုင်လှိုင်ထရင်း
ရိုးသားဖြူစင်မှုတွေ ဆယ့်နှစ်ရာသီ အခိုင်လိုက် ပွင့်ကြတယ်
ပြောရင်းဆိုရင်းပါပဲ
မေမေရယ်
ကျေးတောနံ့ကို ကျနော် ချဉ်ချင်းတပ်မိတယ်
တကယ်ပါ မေမေ
မိဘဆိုတဲ့ ထမ်းပိုးသာ ကျနော့်ပခုံးထက် ရှိမနေခဲ့ရင်
ကျနော်ဆိုတာ
အမိမြေမှာသာ မြေကြီးဖြစ်ချင်ခဲ့တဲ့ကောင်။
ဇော်။
Sunday, April 17, 2011
Tuesday, April 12, 2011
ငါ့အတ္တ
ငါ ဦးသန့် ထက်
သူ့နိုင်ငံ သူ့လူမျိုးအတွက်
လူမိုက်လုပ်ခဲ့တဲ့ ဟစ်တလာ ကို
ပို သဘောကျတယ်....
ငါ သခင်အောင်ဆန်း ထက်
သူတို့လို မျိုးချစ်လူငယ်တွေကို
မွေးထုတ်ပေးခဲ့တဲ့
သခင် ကိုယ်တော်မှိုင်း ကို
ပို လေးစားတယ် ...
ငါ မင်္ဂလသုတ် ထက်
ကိုးခန်းပျို့ကို
ပို နှစ်သက်တယ်
ငါ လွန်းထားထား ၀တ္ထုတွေ ထက်
မြန်မာ့လူနေမှု ဘ၀ကို သရုပ်ဖော်တဲ့
တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေကို
ပို ကြိုက်တယ်
လူတွေအတွက်
ကိုးကွယ်ယုံကြည်ရာဟာ ဘုရားဆို
ငါ့အတွက်
အမေဟာ ဘုရား ..
သိဝိမင်းကြီးအတွက်
ဥမ္မာဒန္တ္တီဟာ အလှဆုံးဆိုရင်
ငါ့အတွက် ငါ့ချစ်သူက အလှဆုံး ...
ငါ လူအ တစ်ယောက်
ဒါပေမယ့် ငါ့ကိုယ်ငါ မြန်မာလို့ထုတ်ဖော်ပြောဖို.
ဘယ်တော့မှ မရှက်ဘူး...
နောင်ရိုးမြတ်
သူ့နိုင်ငံ သူ့လူမျိုးအတွက်
လူမိုက်လုပ်ခဲ့တဲ့ ဟစ်တလာ ကို
ပို သဘောကျတယ်....
ငါ သခင်အောင်ဆန်း ထက်
သူတို့လို မျိုးချစ်လူငယ်တွေကို
မွေးထုတ်ပေးခဲ့တဲ့
သခင် ကိုယ်တော်မှိုင်း ကို
ပို လေးစားတယ် ...
ငါ မင်္ဂလသုတ် ထက်
ကိုးခန်းပျို့ကို
ပို နှစ်သက်တယ်
ငါ လွန်းထားထား ၀တ္ထုတွေ ထက်
မြန်မာ့လူနေမှု ဘ၀ကို သရုပ်ဖော်တဲ့
တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေကို
ပို ကြိုက်တယ်
လူတွေအတွက်
ကိုးကွယ်ယုံကြည်ရာဟာ ဘုရားဆို
ငါ့အတွက်
အမေဟာ ဘုရား ..
သိဝိမင်းကြီးအတွက်
ဥမ္မာဒန္တ္တီဟာ အလှဆုံးဆိုရင်
ငါ့အတွက် ငါ့ချစ်သူက အလှဆုံး ...
ငါ လူအ တစ်ယောက်
ဒါပေမယ့် ငါ့ကိုယ်ငါ မြန်မာလို့ထုတ်ဖော်ပြောဖို.
ဘယ်တော့မှ မရှက်ဘူး...
နောင်ရိုးမြတ်
Monday, April 11, 2011
ပိုးစားခံနေရသော ရင်ဘတ်တစ်စုံ
ပိတောက်တွေ မဖူးကြတော့တဲ့အကြောင်းက ရိုးရိုးလေးပါပဲ
ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ
မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ
ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့
သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။
ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်
အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ
ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း
စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ
နားမလည်ကြတော့တဲ့ မိန်းမတွေ
အမျိုးကောင်းသားဆိုတာကို ရေးရေးမှ
မသိကြတော့တဲ့ ယောက်ျားတွေ
သူငယ်ချင်းရေ
နင်ပြောခဲ့သလိုပေါ့
ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ
ဂုဏ်တော်ကိုးပါး မသိသူတွေ
ထေရ၀ါဒ မကြားဖူးသူတွေ
ပင်နီကို မမြင်ဖူးသူတွေ
ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ
သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း
(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)
မြန်မာပြည် အသက်ရှည်ပါစေ...။
ဇော်။
ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ
မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ
ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့
သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။
ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်
အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ
ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း
စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ
နားမလည်ကြတော့တဲ့ မိန်းမတွေ
အမျိုးကောင်းသားဆိုတာကို ရေးရေးမှ
မသိကြတော့တဲ့ ယောက်ျားတွေ
သူငယ်ချင်းရေ
နင်ပြောခဲ့သလိုပေါ့
ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ
ဂုဏ်တော်ကိုးပါး မသိသူတွေ
ထေရ၀ါဒ မကြားဖူးသူတွေ
ပင်နီကို မမြင်ဖူးသူတွေ
ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ
သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း
(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)
မြန်မာပြည် အသက်ရှည်ပါစေ...။
ဇော်။
Sunday, April 10, 2011
ကိုယ်နဲ့ ပွဲတော်
တသသနဲ့ လွမ်းမောလိုက်ရတာ
ဘာနဲ့မှကို မတူဘူး
ကိုယ်မသိတဲ့ နွေဦးလေပွေထဲ
အတာရေတွေ စိုစွတ်နေတယ်
ပိတောက်ငွေ့တို့ လှိုင်လှိုင်ထချိန်
ဧပြီတွေ ခုန်ပေါက်နေကြတယ်
မေမေရေ
သူများတွေ ပြောနေကြတဲ့ သင်္ကြန်ဆိုတာ
ကျနော့်အတွက် ခွက်ပုန်းခုတ်နေချိန်နဲ့တူတယ်
ဘုံဆိုင်ထဲက မီးတောက်အရက်လို ရေရောမှ ဖြစ်မယ့်အမျိုး
ဘယ်သူမှ ဂရုပြုမိမှာ မဟုတ်ပါဘူး
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
ပဒိုင်းသီးကိုင်ထားရသလို
စုပ်လဲဆူး စားလဲရူးနဲ့
လောကတလင်းပြင်ထဲ
ရာသီချိန်မဟုတ်ပါဘဲ ပွင့်ဖို့ကြိုးစားနေမိတဲ့ ပန်းရိုင်းလို
ကျနော့်သစ်ရွက်တွေ တဝေါဝေါလှုတ်ခတ်
မေမေ့ရင်ခွင်ကို တခုတ်တရ လွမ်းတယ်...။
ဇော်။
ဘာနဲ့မှကို မတူဘူး
ကိုယ်မသိတဲ့ နွေဦးလေပွေထဲ
အတာရေတွေ စိုစွတ်နေတယ်
ပိတောက်ငွေ့တို့ လှိုင်လှိုင်ထချိန်
ဧပြီတွေ ခုန်ပေါက်နေကြတယ်
မေမေရေ
သူများတွေ ပြောနေကြတဲ့ သင်္ကြန်ဆိုတာ
ကျနော့်အတွက် ခွက်ပုန်းခုတ်နေချိန်နဲ့တူတယ်
ဘုံဆိုင်ထဲက မီးတောက်အရက်လို ရေရောမှ ဖြစ်မယ့်အမျိုး
ဘယ်သူမှ ဂရုပြုမိမှာ မဟုတ်ပါဘူး
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
ပဒိုင်းသီးကိုင်ထားရသလို
စုပ်လဲဆူး စားလဲရူးနဲ့
လောကတလင်းပြင်ထဲ
ရာသီချိန်မဟုတ်ပါဘဲ ပွင့်ဖို့ကြိုးစားနေမိတဲ့ ပန်းရိုင်းလို
ကျနော့်သစ်ရွက်တွေ တဝေါဝေါလှုတ်ခတ်
မေမေ့ရင်ခွင်ကို တခုတ်တရ လွမ်းတယ်...။
ဇော်။
Friday, April 8, 2011
နေမထွက်သောနေ့
နံနက် အာရုဏ်ဦးပါ
အလင်းရောက်မလာခဲ့ဘူး
တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ
မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်
မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။
ဇော်။
အလင်းရောက်မလာခဲ့ဘူး
တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ
မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်
မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။
ဇော်။
Saturday, April 2, 2011
မုယောပွင့်လေး မျက်နှာလွှဲချိန်
မွန်းကျပ်လိုက်တာ
လေထုထဲမှာများ အောက်ဆီဂျင်လျော့နည်းနေခဲ့လား
ရေနစ်သူလို မရေမရာ ဖမ်းဆုပ်မိသမျှ
ကိုယ့်အတ္တတွေပဲ ကိုယ် ပြန်ပြန်ရနေတယ်
နွေရေ
ငါ့ရင်ဘတ်တွေ ဟုန်းဟုန်းတောက်နေပြီကွာ
မစိုက်ပျိုးသင့်တဲ့ရာသီမှာ
ငါ တစ်ယောက်တည်း ထွန်းရေးငင်နေမိခဲ့တာ
ပျိုးကျဲမိသမျှထဲ
သူ့အမုန်းတွေပဲ သီးပွင့်လွန်းနေတယ်
တဆိတ် နွေရယ်
ခပ်ဝေးဝေးမှာ ပူစမ်းပါ
ဒီကောင့်ရင်တွေ လောင်မီးကျနေလို့။
ဇော်။
လေထုထဲမှာများ အောက်ဆီဂျင်လျော့နည်းနေခဲ့လား
ရေနစ်သူလို မရေမရာ ဖမ်းဆုပ်မိသမျှ
ကိုယ့်အတ္တတွေပဲ ကိုယ် ပြန်ပြန်ရနေတယ်
နွေရေ
ငါ့ရင်ဘတ်တွေ ဟုန်းဟုန်းတောက်နေပြီကွာ
မစိုက်ပျိုးသင့်တဲ့ရာသီမှာ
ငါ တစ်ယောက်တည်း ထွန်းရေးငင်နေမိခဲ့တာ
ပျိုးကျဲမိသမျှထဲ
သူ့အမုန်းတွေပဲ သီးပွင့်လွန်းနေတယ်
တဆိတ် နွေရယ်
ခပ်ဝေးဝေးမှာ ပူစမ်းပါ
ဒီကောင့်ရင်တွေ လောင်မီးကျနေလို့။
ဇော်။
Thursday, March 31, 2011
ထိုနေ့မတိုင်မီ.....
ပုံမှန်လည်ပတ်နေတဲ့ နေ့တွေ
တဖြည်းဖြည်း ဟောင်းနွမ်းလာတယ်
ရှူနေရတဲ့ လေတွေကလဲ ညစ်ညမ်းတယ်
စိတ်တွေကလဲ ညစ်နွမ်းတယ်
လမ်းမှားမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်းက
ဝန်ရိုးတစ်ပတ်ပြီး တစ်ပတ် လည်ခဲ့ပြန်တယ်
တရွေ့ရွေ့ခရီးနှင်ရင်း
မသိလိုက်မသိဖာသာနဲ့ တဖြည်းဖြည်းနီးလာခဲ့ပြီ
ဒီနေ့လား ____ နံနက်ဖြန်လား
ရှင်သန်ထမြောက်ရာကျမ်းထဲကလို
ကမ္ဘာအနှံ့အပြားမှာ
ဖြစ်ခြင်းပျက်ခြင်းတွေ တန်းစီနေလေရဲ့
တရားစီရင်သောနေ့ဆိုတာ
ငါလဲ မသိဘူး၊ သူလဲ မသိဘူး
ဘယ်သူမှလဲ မသိကြဘူး
ဝေးဝေးကို မကြည့်ပါနဲ့ဦးကွယ်
နံနက်ဖြန်အတွက်
ဒီနေ့တွေကို တန်ဖိုးရှိစေချင်တယ်
ငါ ဘာတွေလုပ်ပြီးပြီလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတာကိုက
ခရီးမတွင်ဖြစ်နေရတယ်
အသက်တစ်ခါရှူ ၊ တစ်ခါထုတ်
ငါ့အတ္တတွေ ငါပြန်ဆုတ်မယ်
အဲ့ဒီနေ့မတိုင်မီ
ငါ့ထမ်းပိုး ငါအရင်ဖြိုရမယ်
မျက်စိစုံမှိတ်
ငြိမ်သက်ခြင်းမှာ ငြိမ်သက်ရင်း
ဝင်သက်ထွက်သက်ရဲ့အောက်
နေမ၀င်ခင်
ငါ အိပ်တန်းတက်ခွင့်ရချင်တယ်.......
ဇော်။
တဖြည်းဖြည်း ဟောင်းနွမ်းလာတယ်
ရှူနေရတဲ့ လေတွေကလဲ ညစ်ညမ်းတယ်
စိတ်တွေကလဲ ညစ်နွမ်းတယ်
လမ်းမှားမလိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်းက
ဝန်ရိုးတစ်ပတ်ပြီး တစ်ပတ် လည်ခဲ့ပြန်တယ်
တရွေ့ရွေ့ခရီးနှင်ရင်း
မသိလိုက်မသိဖာသာနဲ့ တဖြည်းဖြည်းနီးလာခဲ့ပြီ
ဒီနေ့လား ____ နံနက်ဖြန်လား
ရှင်သန်ထမြောက်ရာကျမ်းထဲကလို
ကမ္ဘာအနှံ့အပြားမှာ
ဖြစ်ခြင်းပျက်ခြင်းတွေ တန်းစီနေလေရဲ့
တရားစီရင်သောနေ့ဆိုတာ
ငါလဲ မသိဘူး၊ သူလဲ မသိဘူး
ဘယ်သူမှလဲ မသိကြဘူး
ဝေးဝေးကို မကြည့်ပါနဲ့ဦးကွယ်
နံနက်ဖြန်အတွက်
ဒီနေ့တွေကို တန်ဖိုးရှိစေချင်တယ်
ငါ ဘာတွေလုပ်ပြီးပြီလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတာကိုက
ခရီးမတွင်ဖြစ်နေရတယ်
အသက်တစ်ခါရှူ ၊ တစ်ခါထုတ်
ငါ့အတ္တတွေ ငါပြန်ဆုတ်မယ်
အဲ့ဒီနေ့မတိုင်မီ
ငါ့ထမ်းပိုး ငါအရင်ဖြိုရမယ်
မျက်စိစုံမှိတ်
ငြိမ်သက်ခြင်းမှာ ငြိမ်သက်ရင်း
ဝင်သက်ထွက်သက်ရဲ့အောက်
နေမ၀င်ခင်
ငါ အိပ်တန်းတက်ခွင့်ရချင်တယ်.......
ဇော်။
Subscribe to:
Posts (Atom)