အမှတ်တမဲ့နဲ့
ကျနော်တို့အတွက် ဘူတာတစ်ခု
၇နှစ်အပြီးမှာ
ဆိုက်ရောက်လာတယ်
အိမ်ပြန်ချိန်မသိ
နားချိန်မရှိတဲ့ နေ့ရက်များ
ပြက္ခဒိန် ၇ခုစာ ပြာဖြစ်ခဲ့ကြ
ကြမ်းတမ်းတဲ့ ခရီးလမ်းမှာ
တစ်ကိုယ်တည်း ပျော်မွေ့ခဲ့ကြ
ယုံကြည်ချက်တစ်ခုအတွက်
လူမုန်းများလဲ
အစိမ်းရောင်ကိုပဲ ချစ်တတ်ခဲ့တယ်
ခါးသက်တဲ့ မုန်တိုင်းတွေနဲ့ ကြုံလေတိုင်း
ကျလုလု မျက်ရည်
ရှိုက်သံမဲ့ ငိုကြွေးရခြင်းတွေ
ကျနော်တို့လဲ လူပါပဲ
နှလုံးသားနဲ့ တည်ဆောက်ထားတယ်
အများအတွက် သေနတ်ကိုင်တဲ့လက်
စိတ်အဆာပြေရုံ
ဘယ်တုန်းကမှ လူမသတ်ခဲ့ဘူး
ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုပ်ဆိုသလို
သစ်တစ်ပင်မကောင်းရုံနဲ့
တစ်တောလုံးပြုတ်ရတဲ့အဖြစ်မျိုး
ကျနော်ရင်နာလို့ မဆုံးပါဘူး လောကကြီးရယ်
မတရားဘူးလို့ ဟစ်ကြွေးချင်ပေမယ့်
ဘယ်သူကရော နားထောင်ပေးလို့လဲ
ကျနော်တို့ရဲ့ သွေးတွေ ချွေးတွေ
ဘယ်သူကရော မြင်ပေးလို့လဲ
အများအတွက် ကိုယ့်ကိုယ်ကိုယ်တူးဆွ
အသက်ကို မြေမှာချခဲ့တာတောင်
ဘယ်သူကများ အသိအမှတ်ပြုလဲ
အဲ့ဒီလိုနဲ့
မသိလိုက် မသိဖာသာ
ကျနော်တို့ တစ်ဖြုတ်ဖြုတ်ကြွေကျသွားခဲ့ရတာ
ဖေဖေ မေမေ
မောင်နှမတွေနဲ့ မိသားစုရဲ့ ဟိုးအဝေးမှာ
မိုးဒဏ်လေဒဏ် ဥတုဒဏ်ကြား
ရင်ဘတ်တစ်ခုလုံး အသားမာတက်
နှလုံးသားတွေ ကျွဲပခုံးထခဲ့ရတယ်
ပြောစမ်းပါဦး လောကကြီးရယ်
မြေမှာ ကြွေဆင်းဖို့သက်သက်တော့
ကျနော်တို့တွေ လင်းလက်မပြခဲ့ဘူး
ပခုံးပေါ်က ကြယ်ဆိုတာ
ကျနော်တို့ သွေးနဲ့ ဖွဲ့စည်းထားတာ
စကားလုံးပေါင်းများစွာ
လက်ညှိုးပေါင်းများစွာ
သူတို့နားမလည်တဲ့ ကျနော်တို့ဆိုတာ
သွေးတစ်စက်နဲ့ ဖြစ်တည်လာတဲ့
ကြယ်တစ်ပွင့်ကိုပဲ ပိုမြတ်နိုးတယ်
ရတယ်
စိန်ခေါ်မှုတွေကြား
မုန်းတီးသူတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်
ယောက်ျားဆိုတာ ဘယ်တော့မှ ဒူးမထောက်ဘူး
ဒီလိုနဲ့
ထိုးနှက်ချက်တွေနဲ့အတူ
အစိမ်းရောင်ကို မုန်းတဲ့လူတွေရှေ့
မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးခဲ့ပြီ မေမေ ..။
ဇော်။
( ဒီဇင်ဘာ ၁၄ရက်နေ့ ၂၀၁၁ခုနှစ်၊ ဗုဒ္ဓဟူးနေ့ အပတ်စဉ်၅၀ ... နောင်ရိုးမြတ်ရဲ့ အပွင့်တိုးခြင်းအမှတ်တရ .. ကျနော်ရေးပါသည်။)
Monday, December 19, 2011
Monday, November 28, 2011
သော့ခတ်ထားသော စကားလုံးများ
မသိလိုက်မသိဘာသာနဲ့ နာရီတွေ ကုန်သွားနေတယ်
ဝက်ကလေးရဲ့ မီးစိမ်းပွင့်လေး ဘယ်အချိန်ထိ လင်းနေမှာလဲ
ကျနော့်မှာ ဘာမှ မရှိပါဘူး
ရင်ခွင်အကန်းနဲ့ ကမ်းမမြင်လမ်းမမြင်တော့ ချစ်တတ်ခဲ့တယ်
မသေချာမရေရာတဲ့ နောင်လာမယ့် ပြက္ခဒိန်တွေအတွက်
ရင်တထိတ်ထိတ်ခုန်နေရတဲ့ ဒုက္ခကို
ကျနော့်ဝက်ကလေး မသိရှာဘူး
အရူးအမူးဖြစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် မနည်းချွန်းအုပ်
ရင်ဘတ်တစ်ခြမ်းကို အတင်းသိမ်းထုပ်ထားရတာ
ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်
ဝက်ကလေးရယ်
ချစ်သေးရဲ့လားလို့ ခနခနမမေးပါနဲ့
စကားလုံးတွေထက် လေးနက်ခြင်းတွေကိုပဲ ငါသိမ်းထားတယ်
ယုံချင်ယုံ မယုံချင်နေပါ
ဆောင်းနှင်းတွေ ဆွတ်ဆွတ်ဖြူအောင် ပွင့်ဝေတဲ့နေ့က
ကျနော် သူ့ကို စချစ်ခဲ့တယ်။
ဇော်။
ဝက်ကလေးရဲ့ မီးစိမ်းပွင့်လေး ဘယ်အချိန်ထိ လင်းနေမှာလဲ
ကျနော့်မှာ ဘာမှ မရှိပါဘူး
ရင်ခွင်အကန်းနဲ့ ကမ်းမမြင်လမ်းမမြင်တော့ ချစ်တတ်ခဲ့တယ်
မသေချာမရေရာတဲ့ နောင်လာမယ့် ပြက္ခဒိန်တွေအတွက်
ရင်တထိတ်ထိတ်ခုန်နေရတဲ့ ဒုက္ခကို
ကျနော့်ဝက်ကလေး မသိရှာဘူး
အရူးအမူးဖြစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် မနည်းချွန်းအုပ်
ရင်ဘတ်တစ်ခြမ်းကို အတင်းသိမ်းထုပ်ထားရတာ
ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်
ဝက်ကလေးရယ်
ချစ်သေးရဲ့လားလို့ ခနခနမမေးပါနဲ့
စကားလုံးတွေထက် လေးနက်ခြင်းတွေကိုပဲ ငါသိမ်းထားတယ်
ယုံချင်ယုံ မယုံချင်နေပါ
ဆောင်းနှင်းတွေ ဆွတ်ဆွတ်ဖြူအောင် ပွင့်ဝေတဲ့နေ့က
ကျနော် သူ့ကို စချစ်ခဲ့တယ်။
ဇော်။
Sunday, November 27, 2011
တိမ်ဆိုင်တွေကြား လေယာဉ်ပေါ်က ကျနော်
အဆုံးအစမရှိဘူး
ဖြူလွ ငုံကြွနေတဲ့ ၀ါဂွမ်းများ
ပြာလွင့် ၀င့်မြူးနေကြ
မြင်မြင်ရသမျှ စူးရှလွန်းတယ်
ကြည်တဲ့အခါ ကြည်
နောက်တဲ့အခါ နောက်
ပါးတဲ့အခါ ပါး
ထူတဲ့အခါ ထူ
လေယူရာကိုလဲ ဝေ့လူးတတ်တယ်
ပိတ်သားပြင် ပြာပြာထဲက
အဖြူရောင် စုတ်ချက်များ
ဗန်ဂိုးတောင် လက်ဖျားခါလောက်ရဲ့
အဲ့ဒါ လောကတရားတွေပေါ့
မရဏသဘောတွေနဲ့
အသစ်တဖန် ပြန်ပြန်ဖြစ်တယ်
သဘာဝတွေကလဲ
စကားတွေ ပြောနေတတ်တယ် မဇော် တဲ့
ကိုယ့်ညီကလေးရဲ့ စကားကို အမှတ်ရ
ဝန်းကျင်ဟာ ပိုလို့ လှလာတယ်
ဟေး ______
ရင်ဘတ်တစ်ခုလုံး မြည်ဟည်း ဟစ်ကြွေး
အဖြူရောင် တိမ်စည်းကလေးကို
ကျနော် လှမ်းလင့် ငေးနေမိတယ်
အဲ့ဒီလို တွေးရင်း ဝေးရင်း
မျောလွင့်ရင်းနဲ့
အဲ့ဒီနေ့က
စိတ်အစဉ်ကို
တိမ်ခိုးဖြူ လက်တစ်ဆုပ်ကြားမှာ
နစ်မြုပ်ဖြစ်ခဲ့တယ်။
ဇော်။
ဖြူလွ ငုံကြွနေတဲ့ ၀ါဂွမ်းများ
ပြာလွင့် ၀င့်မြူးနေကြ
မြင်မြင်ရသမျှ စူးရှလွန်းတယ်
ကြည်တဲ့အခါ ကြည်
နောက်တဲ့အခါ နောက်
ပါးတဲ့အခါ ပါး
ထူတဲ့အခါ ထူ
လေယူရာကိုလဲ ဝေ့လူးတတ်တယ်
ပိတ်သားပြင် ပြာပြာထဲက
အဖြူရောင် စုတ်ချက်များ
ဗန်ဂိုးတောင် လက်ဖျားခါလောက်ရဲ့
အဲ့ဒါ လောကတရားတွေပေါ့
မရဏသဘောတွေနဲ့
အသစ်တဖန် ပြန်ပြန်ဖြစ်တယ်
သဘာဝတွေကလဲ
စကားတွေ ပြောနေတတ်တယ် မဇော် တဲ့
ကိုယ့်ညီကလေးရဲ့ စကားကို အမှတ်ရ
ဝန်းကျင်ဟာ ပိုလို့ လှလာတယ်
ဟေး ______
ရင်ဘတ်တစ်ခုလုံး မြည်ဟည်း ဟစ်ကြွေး
အဖြူရောင် တိမ်စည်းကလေးကို
ကျနော် လှမ်းလင့် ငေးနေမိတယ်
အဲ့ဒီလို တွေးရင်း ဝေးရင်း
မျောလွင့်ရင်းနဲ့
အဲ့ဒီနေ့က
စိတ်အစဉ်ကို
တိမ်ခိုးဖြူ လက်တစ်ဆုပ်ကြားမှာ
နစ်မြုပ်ဖြစ်ခဲ့တယ်။
ဇော်။
Friday, October 7, 2011
လူနာဆောင် (၁၃) သို့ မှာတမ်း
ညီလေး
ဖြတ်ခနဲ တိုက်သွားတဲ့ လေ ဆိုတာ
မုန်တိုင်းရဲ့ အစပျိုးလဲ ဖြစ်နိုင်တယ်
အေးမြမှုရဲ့ သင်္ကေတလဲ ဖြစ်နိုင်တယ်
ဖုန်မှုန့်တွေလဲ ပါနိုင်တယ်
ရေငွေ့တွေလဲ ပါနိုင်တယ် ...။
ညီလေး
ဆေးနံ့တွေ တလူလူလွင့်နေတဲ့
သံကုတင် အဆင့်ဆင့်မှာ
အသက်ကို ၀ ၀ ရှူစမ်းပါ
ရနံ့ကို စားသုံးဖို့ လူဖြစ်ကြတာမှ မဟုတ်တာကွာ
ရဲရင့်မှပေါ့ ...။
ညီလေး
တိတ်ဆိတ်ခြင်းမှာ ကာရံတွေဟာ ပိုကြွတတ်တယ်
ဓမ္မကိုရှာဖွေဖို့ ငြိမ်းချမ်းမှုလို့လဲ ဆိုကြလေရဲ့
ဘယ်သူမှ မရှိလို့ အားငယ်မနေနဲ့
ငါတို့အားလုံး တူတူချည်းပဲ
တစ်နေ့နေ့တော့ .... ခွဲရမယ် ...။
အားတင်းထားစမ်း
မင်းရယ်နေတယ်ဆိုတာ ငါသိတယ်
ဒီလိုပေါ့ကွယ်
လင်းတလှည့် မှောင်တလှည့်မှာ
အကျင့်ကို ပျိုးဖို့ဆိုတာ
သွေးရဲဖို့တော့ လိုလိမ့်မယ် ...။
ညီလေး
စိတ်မပျက်နဲ့
ဘ၀ဟာ လှေကားထစ်ပဲ
မင်း အဲ့ဒီတောင်ကိုသာ ကျော်ခဲ့
ငါတို့ ဒီမှာ ရှိနေတယ်။
ဇော်။
(ညီနေပိုင် ဆေးရုံရောက်ခြင်း အမှတ်တရ)
ဖြတ်ခနဲ တိုက်သွားတဲ့ လေ ဆိုတာ
မုန်တိုင်းရဲ့ အစပျိုးလဲ ဖြစ်နိုင်တယ်
အေးမြမှုရဲ့ သင်္ကေတလဲ ဖြစ်နိုင်တယ်
ဖုန်မှုန့်တွေလဲ ပါနိုင်တယ်
ရေငွေ့တွေလဲ ပါနိုင်တယ် ...။
ညီလေး
ဆေးနံ့တွေ တလူလူလွင့်နေတဲ့
သံကုတင် အဆင့်ဆင့်မှာ
အသက်ကို ၀ ၀ ရှူစမ်းပါ
ရနံ့ကို စားသုံးဖို့ လူဖြစ်ကြတာမှ မဟုတ်တာကွာ
ရဲရင့်မှပေါ့ ...။
ညီလေး
တိတ်ဆိတ်ခြင်းမှာ ကာရံတွေဟာ ပိုကြွတတ်တယ်
ဓမ္မကိုရှာဖွေဖို့ ငြိမ်းချမ်းမှုလို့လဲ ဆိုကြလေရဲ့
ဘယ်သူမှ မရှိလို့ အားငယ်မနေနဲ့
ငါတို့အားလုံး တူတူချည်းပဲ
တစ်နေ့နေ့တော့ .... ခွဲရမယ် ...။
အားတင်းထားစမ်း
မင်းရယ်နေတယ်ဆိုတာ ငါသိတယ်
ဒီလိုပေါ့ကွယ်
လင်းတလှည့် မှောင်တလှည့်မှာ
အကျင့်ကို ပျိုးဖို့ဆိုတာ
သွေးရဲဖို့တော့ လိုလိမ့်မယ် ...။
ညီလေး
စိတ်မပျက်နဲ့
ဘ၀ဟာ လှေကားထစ်ပဲ
မင်း အဲ့ဒီတောင်ကိုသာ ကျော်ခဲ့
ငါတို့ ဒီမှာ ရှိနေတယ်။
ဇော်။
(ညီနေပိုင် ဆေးရုံရောက်ခြင်း အမှတ်တရ)
Wednesday, October 5, 2011
မီးခိုးများနဲ့ ကျနော်
ရုတ်တရက် နိုးထလာတဲ့ နံနက်ခင်း
အရုဏ်ဟာ အလင်းရောင်ရောင်နဲ့
ဘ၀ဟာ အိမ်တစ်ဆောင်မီးတပြောင်မဟုတ်တာလဲ အသေအချာပဲ
ကော်ဖီတစ်ခွက် .. ကဗျာတစ်ပုဒ်
အကြွေးတွေက တောင်လိုပုံ
မေ့မရခြင်းမှာ ငါက ကိုယ့်ကိုယ်ကိုယ် နင်းသတ်တဲ့ ဖိနပ်တစ်ရံ
မြို့ပြဟာ ငါနဲ့ လားလားမှ မတန်
ငါဟာ လူနုံလူအတစ်ယောက်လဲ ဖြစ်ရဲ့
ထားလိုက်စမ်းပါ .. ထားသွားလိုက်စမ်းပါ ...
ရင်ကိုဖွင့် ... နှလုံးသားကို ၀င့်ပြီး ဟစ်ကြွေး
ငါ့သမိုင်းက မှတ်တိုင်တစ်ခုရဲ့ မြေစိုက်ရာ
ဘ၀ဟာ ပိုလို့ အမောက်ကြွလာခဲ့တာ။
ငှက်ဆိုတာ ပျံရင်း သေရမှာပဲ
စကားကြီးစကားကျယ်တွေနဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပစ်ခဲ့တာလဲ အကြိမ်ကြိမ်
အဆံမရှိတဲ့ စပါးနှံလို ထောင်လွှား
ဟော့ဒါ ငါကွလို့ အခါခါ ဟောင်ပြတတ်တဲ့ မြေစိုင်ခဲတွေကြား
လူဖြစ်ရတဲ့ဒုက္ခကို ၀ါးရုံပင်ကြီး အော်ရယ်နေတော့
ကျနော်ရှက်လိုက်တာ မေမေရယ် ...
ကိုယ့်မျက်နှာကိုယ် ပုဆိုးခြုံထဲ ဖုံးဝှက်
ကျနော် တပ်ခေါက်ပြန်ခဲ့ရတယ်။
အခုတော့ ကျနော်နဲ့ မတန်လို့ထင်ရဲ့
အရုဏ်ဟာ နေကိုလဲ ဆောင်ကြဉ်းမလာသေးပါဘူး
ကျနော်ဟာလဲ နိုးထမရောင်နဲ့ မနိုးထဖြစ်ခဲ့သေးပါဘူး
ပတ်ဝန်းကျင်ဟာ အမှောင်ဖုံး
အနက်ရှိုင်းဆုံးမှာ
ဘ၀ဟာ မီးလိုပူတယ်။
ကိုယ့်လူရေ ...
ဟိုးမှာ ကြည့်လိုက်
အဲ့ဒီ တောင်ကုန်းပေါ်က မြေပုံဟာ
ငါပဲ။
ဇော်။
အရုဏ်ဟာ အလင်းရောင်ရောင်နဲ့
ဘ၀ဟာ အိမ်တစ်ဆောင်မီးတပြောင်မဟုတ်တာလဲ အသေအချာပဲ
ကော်ဖီတစ်ခွက် .. ကဗျာတစ်ပုဒ်
အကြွေးတွေက တောင်လိုပုံ
မေ့မရခြင်းမှာ ငါက ကိုယ့်ကိုယ်ကိုယ် နင်းသတ်တဲ့ ဖိနပ်တစ်ရံ
မြို့ပြဟာ ငါနဲ့ လားလားမှ မတန်
ငါဟာ လူနုံလူအတစ်ယောက်လဲ ဖြစ်ရဲ့
ထားလိုက်စမ်းပါ .. ထားသွားလိုက်စမ်းပါ ...
ရင်ကိုဖွင့် ... နှလုံးသားကို ၀င့်ပြီး ဟစ်ကြွေး
ငါ့သမိုင်းက မှတ်တိုင်တစ်ခုရဲ့ မြေစိုက်ရာ
ဘ၀ဟာ ပိုလို့ အမောက်ကြွလာခဲ့တာ။
ငှက်ဆိုတာ ပျံရင်း သေရမှာပဲ
စကားကြီးစကားကျယ်တွေနဲ့ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ပစ်ခဲ့တာလဲ အကြိမ်ကြိမ်
အဆံမရှိတဲ့ စပါးနှံလို ထောင်လွှား
ဟော့ဒါ ငါကွလို့ အခါခါ ဟောင်ပြတတ်တဲ့ မြေစိုင်ခဲတွေကြား
လူဖြစ်ရတဲ့ဒုက္ခကို ၀ါးရုံပင်ကြီး အော်ရယ်နေတော့
ကျနော်ရှက်လိုက်တာ မေမေရယ် ...
ကိုယ့်မျက်နှာကိုယ် ပုဆိုးခြုံထဲ ဖုံးဝှက်
ကျနော် တပ်ခေါက်ပြန်ခဲ့ရတယ်။
အခုတော့ ကျနော်နဲ့ မတန်လို့ထင်ရဲ့
အရုဏ်ဟာ နေကိုလဲ ဆောင်ကြဉ်းမလာသေးပါဘူး
ကျနော်ဟာလဲ နိုးထမရောင်နဲ့ မနိုးထဖြစ်ခဲ့သေးပါဘူး
ပတ်ဝန်းကျင်ဟာ အမှောင်ဖုံး
အနက်ရှိုင်းဆုံးမှာ
ဘ၀ဟာ မီးလိုပူတယ်။
ကိုယ့်လူရေ ...
ဟိုးမှာ ကြည့်လိုက်
အဲ့ဒီ တောင်ကုန်းပေါ်က မြေပုံဟာ
ငါပဲ။
ဇော်။
Sunday, September 18, 2011
သစ္စာဦးအတွက် ပွင့်မယ့်ပန်း
ဇန်န၀ါရီ ၁၄ရက်
.............
နှစ်တစ်နှစ်ရဲ့ အစပေမယ့်
ပန်းတို့ မညှိုးကြသေးဘူး
စိမ်းမြမြ သင်္ကေတတစ်ခု
နှုတ်ခွန်းဆက်သံ တစ်စွန်းတစ်စ
အဲ့ဒီရဲ့ အလင်းပျိုးမှုမှာ
ဆောင်းနှင်းတို့ ပို လူးလွန့်လာ ...
ဖေဖော်ဝါရီ ၁၈ရက်
................
စကားပန်းတွေ ပတောင်းခတ်အောင်ပွင့်ဝေ
ဆောင်းကုန်ခါနီး အေးမြနေဆဲ
အဲ့ဒီနေ့က
မခမ်းနားပေမယ့် လူနှစ်ယောက်အတွက်
အိမ်အသစ်ဆောက်ခဲ့ကြတယ်
ပြက္ခဒိန်မှာ ၀င့်ထည်စွာ ....
ဖေဖော်ဝါရီ ၂၈
................
နင်ရယ် .. ငါရယ် .. သူငယ်ချင်းရယ်
အဲ့ဒီ နွေးထွေးမှုမှာ အလင်းတစ်ပွင့်က
နာမတွေကို ပြောင်းလဲပစ်ခဲ့
ချစ်သူရယ် .. မောင်ရယ် .. ဘ၀လက်တွဲဖော်ရယ်
ရွယ်စူးကာ ရူးမိ
တူနှစ်ကိုယ်မှာ တဲအိုပျက် မရှိပေမယ့်
လျှောက်နေတဲ့လမ်း
စိတ်ကူးတွေကို ထပ်တူပြုမယ်
တိုင်တည်ခဲ့တယ်
စက်တင်ဘာ ၁၈ရက်
................
ဒီနေ့မတိုင်ခင် မနေ့ကအထိ
သင်္ခါရကို ငါတို့ အတူရှုတယ်
အတူမွှေခဲ့ဖူးတဲ့ စာအုပ်စင်တွေ
ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးအကြောင်း
တက်ကျမ်းတွေအကြောင်း
သမိုင်းတွေအကြောင်း
ဘာသာရေးအကြောင်း
ဒဿနအကြောင်း
အချိန်မှန် ဘုရားရှိခိုးသံနဲ့ တရားထိုင်
ထိခြင်းငါးပါး ကန်တော့ခန်း
ဓမ္မကို အတူနာကြားရင်း
နင်ရယ် .. ငါရယ် .. အချိန်ရယ်
ညအိပ်ယာဝင် ပုံပြင်တွေကြား
နှစ်ကိုယ့်တစ်စိတ် ဖြစ်ခဲ့ကြတယ်
နင့်မေမေဆီ ဖုန်းဆက်တော့
ငါလဲ အတူဆက်ခဲ့တယ်
ငါ့မိဘနဲ့ စကားပြောတော့
နင်လဲ အတူ ချက် (Chat) ခဲ့တယ်
မိုင်သောင်းချီဝေးနေပေမယ့်
ငါတို့တတွေ ... နီးနီးလေးပဲ
ရင်ဘတ်ခြင်းတူ လမ်းလဲတူတယ်
နှစ်ယောက်အတူ အမြဲရှိမယ်
နင့်ကြောင့် ငါရယ်ခဲ့ရတယ်
ငါ့ကြောင့်နင် ငိုခဲ့ရတယ်
ငါဟာ သစ္စာဦးအတွက်
ဘီလူးလိုလူလဲ ဖြစ်ခဲ့ဖူးတယ်
နင်ဟာ သစ္စာဦးမှာ
ရဲရင့်သူလဲ ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါကွယ်
စကားတစ်ခွန်းနဲ့ ငါ့ကိုယ်ငါ အဆုံးသတ်
ငါဟာ နင့်အတွက် ပွင့်မယ့်ပန်း
ရဲရဲခတ် နီစွေးရင်း
တွဲလက်တွေ ခိုင်မြဲစေ
တိုးတိတ်စွာ တောင်းဆုချွေ ....
ပြန်တွေးကြည့်ရင် မနေ့ကလိုပဲ
နင်ရယ် ငါရယ်
ချက်စ် (Chess) အတူထိုးရင်း ငြင်းကြတယ်
ကိုယ်မှန်တယ်ထင်ရင် လောင်းကြေးတွေထပ်
နင်ရှုံးလိုက် ငါရှုံးလိုက်
သံသရာကို ကိုယ့်ဘာသာကိုယ် လည်ပစ်ခဲ့ကြ
နိုးပြီလားဆိုတဲ့ ဝေါဟာရတစ်ခုကို
ဦးသူရွတ်စတမ်း
နံနက်ခင်းကို အပြိုင်အသက်သွင်း
နေ့တွေကို အတူတူလင်းပစ်ခဲ့ကြ
အဲ့ဒါဟာ အချစ်စစ်လား .... ငါမေးချင်တယ်
တကယ်ပါ
နင်နဲ့ပတ်သတ်ရင် ငါ့မှာ
ပြောစရာတွေက တောင်လိုပုံလို့
ပြောမကုန်ဘူး ... သစ္စာဦးရယ်
တန်ဖိုးမထားတတ်တဲ့ ငါ
နင့်ရင်ဘတ်ကို ဖြတ်နင်းဖူးမှ
(ကိုယ့်ကိုယ်ကိုယ်) နာကျင်လိုက်ရတာ
အခုထိ ခံစားရတုန်း
ထားလိုက်ပါတော့
ငါ့ရဲ့ ကဗျာလေးရယ် ....
စကားတင်းတွေ ငါမဆိုတော့ဘူး
ခွင့်လွှတ်မှုနဲ့ နားလည်မှုမှာ
ငါတို့ ကမ္ဗည်းတင်ပြီးကြပြီပဲ
ရာဟုအချင်းချင်း တောကိုဝင်ဖို့
လမ်းတွေကို ရှာဖွေရင်း
ဟော့ဒီမှာ ငါ့လက်တစ်ဖက်
ခိုင်ခိုင်တွဲခဲ့
ဟိုးက မိုးကုတ်စက်ဝိုင်းဆိုတာ
ငါတို့အတွက် နီးနီးလေးပဲ
ကဲ......
.............
လျှောက်လိုက်ကြစို့ .......။ ။
ဇော်။
.............
နှစ်တစ်နှစ်ရဲ့ အစပေမယ့်
ပန်းတို့ မညှိုးကြသေးဘူး
စိမ်းမြမြ သင်္ကေတတစ်ခု
နှုတ်ခွန်းဆက်သံ တစ်စွန်းတစ်စ
အဲ့ဒီရဲ့ အလင်းပျိုးမှုမှာ
ဆောင်းနှင်းတို့ ပို လူးလွန့်လာ ...
ဖေဖော်ဝါရီ ၁၈ရက်
................
စကားပန်းတွေ ပတောင်းခတ်အောင်ပွင့်ဝေ
ဆောင်းကုန်ခါနီး အေးမြနေဆဲ
အဲ့ဒီနေ့က
မခမ်းနားပေမယ့် လူနှစ်ယောက်အတွက်
အိမ်အသစ်ဆောက်ခဲ့ကြတယ်
ပြက္ခဒိန်မှာ ၀င့်ထည်စွာ ....
ဖေဖော်ဝါရီ ၂၈
................
နင်ရယ် .. ငါရယ် .. သူငယ်ချင်းရယ်
အဲ့ဒီ နွေးထွေးမှုမှာ အလင်းတစ်ပွင့်က
နာမတွေကို ပြောင်းလဲပစ်ခဲ့
ချစ်သူရယ် .. မောင်ရယ် .. ဘ၀လက်တွဲဖော်ရယ်
ရွယ်စူးကာ ရူးမိ
တူနှစ်ကိုယ်မှာ တဲအိုပျက် မရှိပေမယ့်
လျှောက်နေတဲ့လမ်း
စိတ်ကူးတွေကို ထပ်တူပြုမယ်
တိုင်တည်ခဲ့တယ်
စက်တင်ဘာ ၁၈ရက်
................
ဒီနေ့မတိုင်ခင် မနေ့ကအထိ
သင်္ခါရကို ငါတို့ အတူရှုတယ်
အတူမွှေခဲ့ဖူးတဲ့ စာအုပ်စင်တွေ
ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးအကြောင်း
တက်ကျမ်းတွေအကြောင်း
သမိုင်းတွေအကြောင်း
ဘာသာရေးအကြောင်း
ဒဿနအကြောင်း
အချိန်မှန် ဘုရားရှိခိုးသံနဲ့ တရားထိုင်
ထိခြင်းငါးပါး ကန်တော့ခန်း
ဓမ္မကို အတူနာကြားရင်း
နင်ရယ် .. ငါရယ် .. အချိန်ရယ်
ညအိပ်ယာဝင် ပုံပြင်တွေကြား
နှစ်ကိုယ့်တစ်စိတ် ဖြစ်ခဲ့ကြတယ်
နင့်မေမေဆီ ဖုန်းဆက်တော့
ငါလဲ အတူဆက်ခဲ့တယ်
ငါ့မိဘနဲ့ စကားပြောတော့
နင်လဲ အတူ ချက် (Chat) ခဲ့တယ်
မိုင်သောင်းချီဝေးနေပေမယ့်
ငါတို့တတွေ ... နီးနီးလေးပဲ
ရင်ဘတ်ခြင်းတူ လမ်းလဲတူတယ်
နှစ်ယောက်အတူ အမြဲရှိမယ်
နင့်ကြောင့် ငါရယ်ခဲ့ရတယ်
ငါ့ကြောင့်နင် ငိုခဲ့ရတယ်
ငါဟာ သစ္စာဦးအတွက်
ဘီလူးလိုလူလဲ ဖြစ်ခဲ့ဖူးတယ်
နင်ဟာ သစ္စာဦးမှာ
ရဲရင့်သူလဲ ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါကွယ်
စကားတစ်ခွန်းနဲ့ ငါ့ကိုယ်ငါ အဆုံးသတ်
ငါဟာ နင့်အတွက် ပွင့်မယ့်ပန်း
ရဲရဲခတ် နီစွေးရင်း
တွဲလက်တွေ ခိုင်မြဲစေ
တိုးတိတ်စွာ တောင်းဆုချွေ ....
ပြန်တွေးကြည့်ရင် မနေ့ကလိုပဲ
နင်ရယ် ငါရယ်
ချက်စ် (Chess) အတူထိုးရင်း ငြင်းကြတယ်
ကိုယ်မှန်တယ်ထင်ရင် လောင်းကြေးတွေထပ်
နင်ရှုံးလိုက် ငါရှုံးလိုက်
သံသရာကို ကိုယ့်ဘာသာကိုယ် လည်ပစ်ခဲ့ကြ
နိုးပြီလားဆိုတဲ့ ဝေါဟာရတစ်ခုကို
ဦးသူရွတ်စတမ်း
နံနက်ခင်းကို အပြိုင်အသက်သွင်း
နေ့တွေကို အတူတူလင်းပစ်ခဲ့ကြ
အဲ့ဒါဟာ အချစ်စစ်လား .... ငါမေးချင်တယ်
တကယ်ပါ
နင်နဲ့ပတ်သတ်ရင် ငါ့မှာ
ပြောစရာတွေက တောင်လိုပုံလို့
ပြောမကုန်ဘူး ... သစ္စာဦးရယ်
တန်ဖိုးမထားတတ်တဲ့ ငါ
နင့်ရင်ဘတ်ကို ဖြတ်နင်းဖူးမှ
(ကိုယ့်ကိုယ်ကိုယ်) နာကျင်လိုက်ရတာ
အခုထိ ခံစားရတုန်း
ထားလိုက်ပါတော့
ငါ့ရဲ့ ကဗျာလေးရယ် ....
စကားတင်းတွေ ငါမဆိုတော့ဘူး
ခွင့်လွှတ်မှုနဲ့ နားလည်မှုမှာ
ငါတို့ ကမ္ဗည်းတင်ပြီးကြပြီပဲ
ရာဟုအချင်းချင်း တောကိုဝင်ဖို့
လမ်းတွေကို ရှာဖွေရင်း
ဟော့ဒီမှာ ငါ့လက်တစ်ဖက်
ခိုင်ခိုင်တွဲခဲ့
ဟိုးက မိုးကုတ်စက်ဝိုင်းဆိုတာ
ငါတို့အတွက် နီးနီးလေးပဲ
ကဲ......
.............
လျှောက်လိုက်ကြစို့ .......။ ။
ဇော်။
Sunday, September 4, 2011
ရှင်ကွဲ ...။
ကဗျာတွေကို မြတ်နိုးမိလို့တဲ့
ကျနော့်ကို ထားသွားတဲ့သူ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့ဖူးပါတယ် မေမေ
အညတရနဲ့ သမားရိုးကျ
ကျနော့်ညတွေမှာ
ပိုးစုန်းကြူးတွေတောင်
မပျော်မြူးကြတော့ဘူး ...။
ငြိမ်သက်နေတဲ့ ရနံ့တွေနဲ့
ယဉ်ပါးလွန်းတဲ့ ကျနော့်ကို
မနူးညံ့ဘူးရယ်လို့
စကားတင်းတွေလည်း
သူဆိုခဲ့ဖူးပါတယ် မေမေ
အပြင်မှာ နှင်းတွေ မဝေသေးပေမယ့်
ကျနော့်ရင်မှာ ဆောင်းတွေကတော့
တစ်ပွင့်ချင်း လွင့်ကြွေခဲ့ပေါ့ ...။
မချွဲနွဲ့တတ်ခဲ့ပါဘူး
မသိမ်မွေ့ခဲ့မိပါဘူး
ချစ်တင်းတွေလည်း နားမလည်ခဲ့ဘူး
ရယူချင်တာကလွဲလို့
ကျနော်ဟာ အရိုးသားဆုံး ဖြစ်ခဲ့ပါတယ် မေမေ ...။
ခံစားလို့ မရဘူးဆိုတဲ့
ပြင်းရှရှလေတိုးသံတွေက
ကျနော့်ကို သွေးလန့်စေခဲ့ ...။
မေမေရယ်
နောက်ဆုံးတော့လဲလေ
တောင်းပန်ပါတယ်ဆိုတဲ့
စကားပန်းတွေ ပွင့်ဝေရင်းက
သူ ကျနော့်ကို
(အပြီးအပိုင်)
ထားသွားခဲ့တာ ...။ ။
ဇော်။
ကျနော့်ကို ထားသွားတဲ့သူ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့ဖူးပါတယ် မေမေ
အညတရနဲ့ သမားရိုးကျ
ကျနော့်ညတွေမှာ
ပိုးစုန်းကြူးတွေတောင်
မပျော်မြူးကြတော့ဘူး ...။
ငြိမ်သက်နေတဲ့ ရနံ့တွေနဲ့
ယဉ်ပါးလွန်းတဲ့ ကျနော့်ကို
မနူးညံ့ဘူးရယ်လို့
စကားတင်းတွေလည်း
သူဆိုခဲ့ဖူးပါတယ် မေမေ
အပြင်မှာ နှင်းတွေ မဝေသေးပေမယ့်
ကျနော့်ရင်မှာ ဆောင်းတွေကတော့
တစ်ပွင့်ချင်း လွင့်ကြွေခဲ့ပေါ့ ...။
မချွဲနွဲ့တတ်ခဲ့ပါဘူး
မသိမ်မွေ့ခဲ့မိပါဘူး
ချစ်တင်းတွေလည်း နားမလည်ခဲ့ဘူး
ရယူချင်တာကလွဲလို့
ကျနော်ဟာ အရိုးသားဆုံး ဖြစ်ခဲ့ပါတယ် မေမေ ...။
ခံစားလို့ မရဘူးဆိုတဲ့
ပြင်းရှရှလေတိုးသံတွေက
ကျနော့်ကို သွေးလန့်စေခဲ့ ...။
မေမေရယ်
နောက်ဆုံးတော့လဲလေ
တောင်းပန်ပါတယ်ဆိုတဲ့
စကားပန်းတွေ ပွင့်ဝေရင်းက
သူ ကျနော့်ကို
(အပြီးအပိုင်)
ထားသွားခဲ့တာ ...။ ။
ဇော်။
Subscribe to:
Posts (Atom)