အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, June 16, 2013

မိုးရောက်လာတဲ့ တနင်္ဂနွေ

ကျနော်က မြတ်မြတ်နိုးနိုးဖြစ်ရသမျှ
စည်းဘောင်တွေက ကျနော့်ကို ဟန့်တားကြတယ်
မိုးရယ် .....

သူ့ကို မိုးလို့ခေါ်မယ်ဆို
သူ့ရဲ့ ရွာကျမှုတိုင်း ရင်စည်းခံဖို့
မြေကြီးတစ်ကောင်က ကျနော် ...
နောက်ကျသွားပြီလို့တော့ မဆိုပါနဲ့
အစည်းအတားတွေကြားက
အဲ့ဒီမိုးကို ကျနော် ခိုးချင်နေခဲ့တာ ...။

ဘာ့ကြောင့်များ .......
ခုမှ .............
..............
ကျနော် မတွေးဘူး
မတွေးတော့ဘူး ....။
အစကတည်းက ငိုဖို့ဖြစ်လာတဲ့ မိုးကို
ဝါဆိုကောင် ကျနော်က
မြတ်မြတ်နိုးနိုး ထွေးပွေ့ခဲ့မိ
ရွှဲရွှဲနစ်နစ် စိုချင်လဲ စိုပါစေ။

တကယ်တော့
ကျနော်က မချစ်တတ်ခဲ့ပါဘူး
မိုးကလဲ သိမှာမဟုတ်ပါဘူး
ဒါပေမယ့် မိုးအတွက် ရင်ဘတ်တော့ဖြစ်ချင်ခဲ့
တိတ်တဆိတ်ပါပဲ မိုးရယ်
မြတ်နိုးလိုက်မိတယ်။      ။


ဇော်။




3 comments:

ပဥာက် said...

ကျူပ်လည်း မိုးရာသီကို နှစ်သတ်တယ်ဗျ ရောင်းရင်း။။။

Lorem Ipsum said...

မိုးကဗျာလေးကိုခံစားသွားပါတယ်

မိုးရာသီကိုနှစ်သက်တဲ့
ဆုမြတ်မိုး

မငုံ said...

စိတ်ညစ်နေလား ဇော်