အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, June 21, 2013

သူသိပါစေ။

သြော် ..
ဒီအချိန်တောင်ရောက်ပြီ။
မနေ့က ဒီအချိန်ပေါ့ ...
ခုတော့ ကျနော့်ရဲ့ သံစဉ်ကလေး
ဝေး ... လွင့်... ပျောက်... ရှ
အလွတ်ရနေတဲ့ ဂဏန်း ၁၂လုံးဟာ
ကျနော့်ကို ပိုပြီး ခါးသက်နေစေတော့တာ ..။

ခုလောလောဆယ်ပေါ့ သံစဉ်ရယ်
ဖုန်းခလုတ်တွေပေါ် လက်မရောက်အောင် နေနေမိတယ်

ဆုတောင်းခြင်းများသာ အသက်ဝင်မယ်ဆို
သက္ကရာဇ်တွေကို ဖြိုချင်တယ်
နောက်ကြောင်းတွေထက်
သံစဥ့်ကိုသာ ကျနော် လိုချင်တယ်
သံစဉ်ရယ် ...။

ခုဆို တနင်္ဂနွေရောက်ဖို့ ၂၄နာရီ ၂ခါ ဖြတ်ရဦးမယ်
အရင်က ချိုမြိန်ခဲ့တဲ့ တနင်္ဂနွေဟာ
အခု ကျနော့်အတွက် ထိတ်လန့်စရာတွေ ဖြစ်လို့
သံစဉ်ရယ် ...။

မခေါ်ဘဲမနေပါဘူးလို့ သံစဉ်ပြောခဲ့တယ်
အမြဲခေါ်မှာပါလို့ သံစဉ်ပြောခဲ့တယ်
ဒီလိုနဲ့ သံစဉ် မရှိတော့ဘူး ..
ခုဘယ်မှာလဲ သံစဉ်။

ကျနော်က အဝေးရောက်လူသားပါ
ဂစ်တာအိုကိုထမ်း
ကဗျာတွေကို ရူးနှမ်းရင်း
သံစဉ်နဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် အသက်ရှိမှန်းသိခဲ့ရ ...
ပြန်လာခဲ့ပါလား သံစဉ်ရယ် ..။

ဒီလိုပါပဲ ..
ကိုယ်နေတတ်အောင်ကြိုးစားမယ်ဆိုတဲ့
အဲ့ဒီ ဂီတကလေး
ကျနော့်ခပ်ဝေးဝေးကို ပြေးထွက်သွားတာ
ခုဆို ၂၄နာရီကို စွန်းသွားခဲ့ပြီ။


ဇော်။


3 comments:

Lynn Khit Deno said...

ကျနော်က အဝေးရောက်လူသားပါ
ဂစ်တာအိုကိုထမ်း
ကဗျာတွေကို ရူးနှမ်းရင်း
သံစဉ်နဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် အသက်ရှိမှန်းသိခဲ့ရ ...
ပြန်လာခဲ့ပါလား သံစဉ်ရယ် ..။

ဒီလိုပါပဲ ..
ကိုယ်နေတတ်အောင်ကြိုးစားမယ်ဆိုတဲ့
အဲ့ဒီ ဂီတကလေး
ကျနော့်ခပ်ဝေးဝေးကို ပြေးထွက်သွားတာ
ခုဆို ၂၄နာရီကို စွန်းသွားခဲ့ပြီ။


ကောင်းလိုက်တဲ့ ခံစားချက် . . လက်မကျသေးဘူး ဇော် . . . Going on . . Mannnnnnn

ခင်မင်စွာဖြင့်
ဗညားရှိန်

မငုံ said...

ဇော် ကဗျာတွေ တအားကောင်းတယ်။ စိတ်ထဲရှိတဲ့အတိုင်း လက်က ခံစားနေတုန်းပဲ။

ဆား said...

ဇော်
ငါ့ကိုဆက်သွယ်ပါ
ဦးလေး