Thursday, June 20, 2013
Sunday, June 16, 2013
မိုးရောက်လာတဲ့ တနင်္ဂနွေ
ကျနော်က မြတ်မြတ်နိုးနိုးဖြစ်ရသမျှ
စည်းဘောင်တွေက ကျနော့်ကို ဟန့်တားကြတယ်
မိုးရယ် .....
သူ့ကို မိုးလို့ခေါ်မယ်ဆို
သူ့ရဲ့ ရွာကျမှုတိုင်း ရင်စည်းခံဖို့
မြေကြီးတစ်ကောင်က ကျနော် ...
နောက်ကျသွားပြီလို့တော့ မဆိုပါနဲ့
အစည်းအတားတွေကြားက
အဲ့ဒီမိုးကို ကျနော် ခိုးချင်နေခဲ့တာ ...။
ဘာ့ကြောင့်များ .......
ခုမှ .............
..............
ကျနော် မတွေးဘူး
မတွေးတော့ဘူး ....။
အစကတည်းက ငိုဖို့ဖြစ်လာတဲ့ မိုးကို
ဝါဆိုကောင် ကျနော်က
မြတ်မြတ်နိုးနိုး ထွေးပွေ့ခဲ့မိ
ရွှဲရွှဲနစ်နစ် စိုချင်လဲ စိုပါစေ။
တကယ်တော့
ကျနော်က မချစ်တတ်ခဲ့ပါဘူး
မိုးကလဲ သိမှာမဟုတ်ပါဘူး
ဒါပေမယ့် မိုးအတွက် ရင်ဘတ်တော့ဖြစ်ချင်ခဲ့
တိတ်တဆိတ်ပါပဲ မိုးရယ်
မြတ်နိုးလိုက်မိတယ်။ ။
ဇော်။
စည်းဘောင်တွေက ကျနော့်ကို ဟန့်တားကြတယ်
မိုးရယ် .....
သူ့ကို မိုးလို့ခေါ်မယ်ဆို
သူ့ရဲ့ ရွာကျမှုတိုင်း ရင်စည်းခံဖို့
မြေကြီးတစ်ကောင်က ကျနော် ...
နောက်ကျသွားပြီလို့တော့ မဆိုပါနဲ့
အစည်းအတားတွေကြားက
အဲ့ဒီမိုးကို ကျနော် ခိုးချင်နေခဲ့တာ ...။
ဘာ့ကြောင့်များ .......
ခုမှ .............
..............
ကျနော် မတွေးဘူး
မတွေးတော့ဘူး ....။
အစကတည်းက ငိုဖို့ဖြစ်လာတဲ့ မိုးကို
ဝါဆိုကောင် ကျနော်က
မြတ်မြတ်နိုးနိုး ထွေးပွေ့ခဲ့မိ
ရွှဲရွှဲနစ်နစ် စိုချင်လဲ စိုပါစေ။
တကယ်တော့
ကျနော်က မချစ်တတ်ခဲ့ပါဘူး
မိုးကလဲ သိမှာမဟုတ်ပါဘူး
ဒါပေမယ့် မိုးအတွက် ရင်ဘတ်တော့ဖြစ်ချင်ခဲ့
တိတ်တဆိတ်ပါပဲ မိုးရယ်
မြတ်နိုးလိုက်မိတယ်။ ။
ဇော်။
Wednesday, February 27, 2013
ကျနော်ရယ် ကြယ်သောကြာရယ် စီးချင်းထိုးကြတယ်။
သူ့ကို ကျနော်ကပြောတော့
သူက ကျနော့်ကို ရယ်တယ်...
ရူးလဲ ရူးတဲ့ကောင်တဲ့ ...။
တကယ်ပါ
ကျနော့်မှာ အဲ့ဒီနေ့ကတည်းက
ဝင်သက်ထွက်သက်မရှိခဲ့တော့တာ။
ကျနော် အိပ်ယာပြောင်းအိပ်တယ်
နေရာတွေ ရွှေ့ပြောင်းတယ်
အိပ်မက်တွေကတော့ ပြောင်းရွှေ့ပါမလာဘူး
သူ့ဆီဖုန်းခေါ်တယ်
မကြားချင်တဲ့ မိန်းမကြီးရဲ့ ငှက်ဆိုးထိုးသံကိုပဲ ကြားလိုက်ရတယ်
ဒီလိုနဲ့ ၈နာရီခွဲသွားတယ်
နံနက်က နံနက်နဲ့ကို မတူတော့ဘူး
ကျနော်ကလဲ ကျနော်နဲ့ မတူတော့ဘူး
ဘယ်ဘက်ရင်ဘက်ကတော့ သူ့အမည်နာမလေးနဲ့သာ တစ်ချက်တစ်ချက် ထထခုန်တယ်။
သောကြာကို ကိုယ်စားပြုတာ ဗီးနပ်စ်ဆို
ကျနော် ဘာပုံပြင်မှ နားမထောင်ချင်တော့ဘူး
သူ့နစ်ကလေး ဘယ်တော့စိမ်းမလဲလို့ ရူးရတဲ့ဒုက္ခ
လူဖြစ်ရတာထက် နှစ်ဆ နာတယ်
ပန်းချီဆွဲတယ် .. သူပဲဖြစ်နေတယ်
သီချင်းညည်းတယ် .. သူပဲ ဖြစ်နေတယ်
စာတွေဖတ်တယ် ... သူပဲ ဖြစ်နေတယ်
ဒါနဲ့ ကျနော်လဲ ပြောင်းလဲလိုက်တယ်
ဒါလဲ သူပဲ ဖြစ်နေပြန်ပါရော
ဘယ်အရပ်ကိုပဲ မော့မော့ ..
ကျနော့်ကောင်းကင်မှာ သောကြာကြယ် လင်းမလာဘူး
ကျနော် တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
ချစ်တယ်ဆိုမှ ကျနော်နဲ့ ကျနော်က စကားတွေ စစ်ထိုးဖြစ်နေတယ်
ချစ်တာ ဘာလဲ ... မချစ်တာကရောဘာလဲ
သူကတော့ ပြောတယ် မသေချာမရေရာတဲ့ ကောင်းကင်အောက်တဲ့
ကျနော်ကလဲ ပြန်ပြောလိုက်ချင်တယ်
ကျနော်က မြေကြီးတစ်ကောင်ဆိုတာ
ထားပါတော့
ရူးနေမှတော့ ဘာပဲလုပ်လုပ် သူပဲဖြစ်နေတာ ဆန်းသလားလို့
ပြောရင်းပြောရင်းနဲ့ ကျနော် အသက်ရှူကျပ်တယ်
ရူးချင်ယောင်ဆောင်တတ်တဲ့ ကျနော့်ကောင်းကင်က သောကြာကြယ်ကို
မမှီမကမ်း လောက်လေးခွနဲ့ လှမ်းဆော်ချင်တယ်
စိတ်ရှိလက်ရှိ ပစ်ပစ်နှစ်နှစ် ဆဲရေးချင်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
တကယ်ပါ
ကျနော် အဲ့ဒီလောက်ထိ သူ့ကို ရူးတယ်။
ဇော်။
သူက ကျနော့်ကို ရယ်တယ်...
ရူးလဲ ရူးတဲ့ကောင်တဲ့ ...။
တကယ်ပါ
ကျနော့်မှာ အဲ့ဒီနေ့ကတည်းက
ဝင်သက်ထွက်သက်မရှိခဲ့တော့တာ။
ကျနော် အိပ်ယာပြောင်းအိပ်တယ်
နေရာတွေ ရွှေ့ပြောင်းတယ်
အိပ်မက်တွေကတော့ ပြောင်းရွှေ့ပါမလာဘူး
သူ့ဆီဖုန်းခေါ်တယ်
မကြားချင်တဲ့ မိန်းမကြီးရဲ့ ငှက်ဆိုးထိုးသံကိုပဲ ကြားလိုက်ရတယ်
ဒီလိုနဲ့ ၈နာရီခွဲသွားတယ်
နံနက်က နံနက်နဲ့ကို မတူတော့ဘူး
ကျနော်ကလဲ ကျနော်နဲ့ မတူတော့ဘူး
ဘယ်ဘက်ရင်ဘက်ကတော့ သူ့အမည်နာမလေးနဲ့သာ တစ်ချက်တစ်ချက် ထထခုန်တယ်။
သောကြာကို ကိုယ်စားပြုတာ ဗီးနပ်စ်ဆို
ကျနော် ဘာပုံပြင်မှ နားမထောင်ချင်တော့ဘူး
သူ့နစ်ကလေး ဘယ်တော့စိမ်းမလဲလို့ ရူးရတဲ့ဒုက္ခ
လူဖြစ်ရတာထက် နှစ်ဆ နာတယ်
ပန်းချီဆွဲတယ် .. သူပဲဖြစ်နေတယ်
သီချင်းညည်းတယ် .. သူပဲ ဖြစ်နေတယ်
စာတွေဖတ်တယ် ... သူပဲ ဖြစ်နေတယ်
ဒါနဲ့ ကျနော်လဲ ပြောင်းလဲလိုက်တယ်
ဒါလဲ သူပဲ ဖြစ်နေပြန်ပါရော
ဘယ်အရပ်ကိုပဲ မော့မော့ ..
ကျနော့်ကောင်းကင်မှာ သောကြာကြယ် လင်းမလာဘူး
ကျနော် တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
ချစ်တယ်ဆိုမှ ကျနော်နဲ့ ကျနော်က စကားတွေ စစ်ထိုးဖြစ်နေတယ်
ချစ်တာ ဘာလဲ ... မချစ်တာကရောဘာလဲ
သူကတော့ ပြောတယ် မသေချာမရေရာတဲ့ ကောင်းကင်အောက်တဲ့
ကျနော်ကလဲ ပြန်ပြောလိုက်ချင်တယ်
ကျနော်က မြေကြီးတစ်ကောင်ဆိုတာ
ထားပါတော့
ရူးနေမှတော့ ဘာပဲလုပ်လုပ် သူပဲဖြစ်နေတာ ဆန်းသလားလို့
ပြောရင်းပြောရင်းနဲ့ ကျနော် အသက်ရှူကျပ်တယ်
ရူးချင်ယောင်ဆောင်တတ်တဲ့ ကျနော့်ကောင်းကင်က သောကြာကြယ်ကို
မမှီမကမ်း လောက်လေးခွနဲ့ လှမ်းဆော်ချင်တယ်
စိတ်ရှိလက်ရှိ ပစ်ပစ်နှစ်နှစ် ဆဲရေးချင်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
တကယ်ပါ
ကျနော် အဲ့ဒီလောက်ထိ သူ့ကို ရူးတယ်။
ဇော်။
Monday, February 18, 2013
သစ်ပင်ကြွေသောနေ့
ရုတ်တရက် ကိုယ်တစ်ယောက်တည်းလို့
သိလိုက်ရတဲ့ ခံစားချက်က
နှလုံးသားတစ်ခုလုံး ဆုပ်ညှစ်ထားသလိုမျိုး
အရင်းနှီးဆုံး ယုံကြည်ရတဲ့သူလို့ တစ်ထစ်ချသိထားပြီးကာမှ
သူစိမ်းတစ်ယောက်လို ရိုက်ခတ်မှုများ
ခါးသီးလိုက်ရတာ ...
မိုးတွေ အဖြိုင်လိုက်ရွာတယ်
လာတုန်းကလည်း တစ်ယောက်တည်း
ပြန်တော့လဲ တစ်ယောက်တည်းဆိုတဲ့ နိယာမ
ခနခန ကြားနေခဲ့သားနဲ့မှ
သင်္ခါရ လမ်းမှာ
သိရဲ့နဲ့ မိုက်တဲ့လူ
ဝမ်းနည်းပက်လက်
သွေးတစ်စက်စက်ကျပြီးကာမှ
ပြန်တည်ဆောက်ရဖို့ဆိုတာ
ရင်ဘတ်တစ်ခုလုံး ဖြန့်ခင်းပြီး နင်းရတာထက် ဆိုးတယ်
ရှိုက်ကြီးတငင် ငိုရင်းက
မသိလိုက်မသိဖာသာနဲ့ ကျသွားတဲ့ ဆုံးဖြတ်ချက်တစ်ချို့ရှိတယ်
သောကြာကုန်ပြီးရင်
နံနက်ဖြန်ရဲ့ အလင်းကို ငါ မမြင်ချင်တော့ဘူး။
ဇော်။
( ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၁။ သောကြာနေ့။
ည ၁၁နာရီ ၆မိနစ်)
၂၀၁၁ တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါ။
ဖိုင်တွဲတစ်ခုတည်းက ပြန်တွေ့လို့ တင်လိုက်တာ။
Sunday, July 22, 2012
မိုင်တိုင်နံပါတ် ၂၅ (သို့မဟုတ်) အမှုန်တစ်ခုရဲ့ ကောက်ကြောင်း
ဒီနေ့ ၂၅နှစ်ပြည့်
ဖြတ်သန်းနေတဲ့ စက္ကန့်တွေမှာ
လှုတ်ခတ်လွန်းတဲ့အမှုန်တစ်ခုဟာ
ကျနော်ပါ
အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ ...
နံနက်စောစော ဘုရားသွားတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မိဖို့လဲ ကြိုးစားတယ်
ပါရမီတစ်ပါးကိုလဲ ဖြည့်ခဲ့တယ်
အမှုန်တစ်ချို့နဲ့လဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်
တော်လောက်ပါပြီ ..
အကြောင်းအကျိုးတွေနဲ့ စက်ဝိုင်းလည်နေသ၍
အကျိုးအကြောင်းတွေဟာ ရှည်လျားနေကြဦးမှာပါ ...
ပေါ့ပါးလွတ်လပ်တဲ့ ရယ်သံလွင်လွင်များ
နုနယ်ပျိုမြစ်တဲ့ အပြုံးချိုချိုတွေကြား
ဒုတိယအရွယ်ဟာ ကျနော်ပါ
ငြိတွယ်ခြင်းတွေ ... နှောင်ဖွဲ့မှုတွေနဲ့
ကျနော့်ကိုယ်ကျနော် မွန်းကျပ်လှောင်ပိတ်
အခုထိကို ရုန်းမထွက်နိုင်ဘူး ...
ဒီကဗျာ ရေးနေတုန်း ..
ဟိန်းလတ်ဇော်ကို သတိရတယ် ..
သစ်ရွက်တွေမှာတောင် သင်္ခါရ ရှိတယ်လို့ သူ ပြောခဲ့ဖူးတယ် ..
ဒါဆို သစ်ရွက်တစ်ရွက်လို အဆုံးသတ်တတ်ဖို့
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရဦးတော့မယ် ..
ဖြစ်တည်မှု ပဓာန၀ါဒီအကြောင်း
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်အကြောင်း
အစ မဟုတ်တဲ့ စတည်ခြင်း အကြောင်း
သစ္စာအကြောင်း ... အနတ္တအကြောင်း
အကြောင်းပေါင်းများစွာ ...
တခုတ်တရ ငြင်းခုန်ခဲ့ရသမျှ ..
ဒီနံနက် ဗုဒ္ဓပလ္လင်တော်ရှေ့
ဟိန်းလတ်ဇော်
လတ်လတ်ဇော်
နှင်းဦးဇော်
နွေဦးလွင်
ရှိုင်းနေလင်းဦး
နာမတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိခဲ့ကြ
ဟိန်းလတ်ပြောတဲ့ သံသရာစက်ဝန်းဟာ
ဒါများလားကွယ် ....။
ကဲ ...
အဲ့ဒီလို ပြောနေရင်း ပြောနေရင်းနဲ့
(ဟိန်းလတ်ဇော်ရဲ့ ကဗျာထဲကလို ...)
ဒေါင်လိုက်ရှင်သန်နေတဲ့ ကျနော့်ဆီ
အလျားလိုက်အိပ်စက်ရမယ့် သေခြင်းတရားဟာ
တဖြည်းဖြည်းနီးလာခဲ့ပြီ။
ဇော်။
ဖြတ်သန်းနေတဲ့ စက္ကန့်တွေမှာ
လှုတ်ခတ်လွန်းတဲ့အမှုန်တစ်ခုဟာ
ကျနော်ပါ
အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ ...
နံနက်စောစော ဘုရားသွားတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မိဖို့လဲ ကြိုးစားတယ်
ပါရမီတစ်ပါးကိုလဲ ဖြည့်ခဲ့တယ်
အမှုန်တစ်ချို့နဲ့လဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်
တော်လောက်ပါပြီ ..
အကြောင်းအကျိုးတွေနဲ့ စက်ဝိုင်းလည်နေသ၍
အကျိုးအကြောင်းတွေဟာ ရှည်လျားနေကြဦးမှာပါ ...
ပေါ့ပါးလွတ်လပ်တဲ့ ရယ်သံလွင်လွင်များ
နုနယ်ပျိုမြစ်တဲ့ အပြုံးချိုချိုတွေကြား
ဒုတိယအရွယ်ဟာ ကျနော်ပါ
ငြိတွယ်ခြင်းတွေ ... နှောင်ဖွဲ့မှုတွေနဲ့
ကျနော့်ကိုယ်ကျနော် မွန်းကျပ်လှောင်ပိတ်
အခုထိကို ရုန်းမထွက်နိုင်ဘူး ...
ဒီကဗျာ ရေးနေတုန်း ..
ဟိန်းလတ်ဇော်ကို သတိရတယ် ..
သစ်ရွက်တွေမှာတောင် သင်္ခါရ ရှိတယ်လို့ သူ ပြောခဲ့ဖူးတယ် ..
ဒါဆို သစ်ရွက်တစ်ရွက်လို အဆုံးသတ်တတ်ဖို့
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရဦးတော့မယ် ..
ဖြစ်တည်မှု ပဓာန၀ါဒီအကြောင်း
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်အကြောင်း
အစ မဟုတ်တဲ့ စတည်ခြင်း အကြောင်း
သစ္စာအကြောင်း ... အနတ္တအကြောင်း
အကြောင်းပေါင်းများစွာ ...
တခုတ်တရ ငြင်းခုန်ခဲ့ရသမျှ ..
ဒီနံနက် ဗုဒ္ဓပလ္လင်တော်ရှေ့
ဟိန်းလတ်ဇော်
လတ်လတ်ဇော်
နှင်းဦးဇော်
နွေဦးလွင်
ရှိုင်းနေလင်းဦး
နာမတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိခဲ့ကြ
ဟိန်းလတ်ပြောတဲ့ သံသရာစက်ဝန်းဟာ
ဒါများလားကွယ် ....။
ကဲ ...
အဲ့ဒီလို ပြောနေရင်း ပြောနေရင်းနဲ့
(ဟိန်းလတ်ဇော်ရဲ့ ကဗျာထဲကလို ...)
ဒေါင်လိုက်ရှင်သန်နေတဲ့ ကျနော့်ဆီ
အလျားလိုက်အိပ်စက်ရမယ့် သေခြင်းတရားဟာ
တဖြည်းဖြည်းနီးလာခဲ့ပြီ။
ဇော်။
Thursday, July 19, 2012
မျှော်လင့်ခြင်းကို လက်နှက်ချလိုက်တဲ့အခါ ...
တစ်နေ့ပြီးတစ်နေ့ ခရီးဆက်နေရတာကိုက
ကျိန်စာမိခံနေရသလို
နေ၀င်တာနဲ့ မိုးချုပ်တာဟာ တူတူပါပဲ
အလင်းလာမယ်လို့ အားမပေးကြပါနဲ့တော့
သစ္စာတရားဟာ ဒီအရပ်မှာ ခေါင်လွန်းလှတယ်။
ဝေးကွာခြင်းတွေဟာ ကျနော်နဲ့ ကျနော်ကြားမှာ
သီချင်းတစ်ပုဒ်စာလောက်ပဲ ရှိခဲ့တာပါ
မေ့တဲ့အခါလဲ မေ့ .. သိတဲ့အခါလဲ သိ
ကျနော်ဟာလဲ ကြိုးတွေနဲ့ ငြိငြိနေတယ်
ငါသိပါတယ် .. ငါသိပါတယ် လို့ ပြောနေရင်းနဲ့
ကျနော် ပျောက်ဆုံးနေတာတွေ များနေခဲ့ပြီ
မိုးရွာပြီးရင် နေပူမယ် .. နေပူပြီးရင် မိုးရွာမယ်
ဒါပါပဲ ..
အားလုံးက သူ့အလုပ်သူ လုပ်နေကြတဲ့အချိန်
ကျနော်သာလျှင် သင်းကွဲနေခဲ့တာ ...
လိုချင်တယ် ဖြစ်ချင်တယ် ရချင်တယ် ..
... ချင်တယ် .. ချင်တယ် .. ချင်တယ် ..
ဘယ်တော့ရပ်မှာတဲ့လဲ
ငြီးငွေ့စရာကောင်းတဲ့ လေထုထဲမှာ
မှားယွင်းစွာ ရပ်နေမိသမျှ
ကျနော် ဒီလိုပဲ အသက်ရှူကျပ်နေရဦးတော့မှာပါ
မထူးဆန်းပါဘူး ..
ကျနော်နဲ့ ကျနော်ဟာ အလှမ်းဝေးနေပါသေးတယ်
ဒါပေမယ့်ဗျာ ...
ဒီအရပ်မှာတော့
သစ္စာတရားဟာ ခေါင်လွန်းလှတယ်။
ဇော်။
ကျိန်စာမိခံနေရသလို
နေ၀င်တာနဲ့ မိုးချုပ်တာဟာ တူတူပါပဲ
အလင်းလာမယ်လို့ အားမပေးကြပါနဲ့တော့
သစ္စာတရားဟာ ဒီအရပ်မှာ ခေါင်လွန်းလှတယ်။
ဝေးကွာခြင်းတွေဟာ ကျနော်နဲ့ ကျနော်ကြားမှာ
သီချင်းတစ်ပုဒ်စာလောက်ပဲ ရှိခဲ့တာပါ
မေ့တဲ့အခါလဲ မေ့ .. သိတဲ့အခါလဲ သိ
ကျနော်ဟာလဲ ကြိုးတွေနဲ့ ငြိငြိနေတယ်
ငါသိပါတယ် .. ငါသိပါတယ် လို့ ပြောနေရင်းနဲ့
ကျနော် ပျောက်ဆုံးနေတာတွေ များနေခဲ့ပြီ
မိုးရွာပြီးရင် နေပူမယ် .. နေပူပြီးရင် မိုးရွာမယ်
ဒါပါပဲ ..
အားလုံးက သူ့အလုပ်သူ လုပ်နေကြတဲ့အချိန်
ကျနော်သာလျှင် သင်းကွဲနေခဲ့တာ ...
လိုချင်တယ် ဖြစ်ချင်တယ် ရချင်တယ် ..
... ချင်တယ် .. ချင်တယ် .. ချင်တယ် ..
ဘယ်တော့ရပ်မှာတဲ့လဲ
ငြီးငွေ့စရာကောင်းတဲ့ လေထုထဲမှာ
မှားယွင်းစွာ ရပ်နေမိသမျှ
ကျနော် ဒီလိုပဲ အသက်ရှူကျပ်နေရဦးတော့မှာပါ
မထူးဆန်းပါဘူး ..
ကျနော်နဲ့ ကျနော်ဟာ အလှမ်းဝေးနေပါသေးတယ်
ဒါပေမယ့်ဗျာ ...
ဒီအရပ်မှာတော့
သစ္စာတရားဟာ ခေါင်လွန်းလှတယ်။
ဇော်။
Saturday, January 21, 2012
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဟော့ဒီကောင်းကင် ကျယ်ကျယ်ကြီးထဲ
ထွန်းလင်းသင့်တဲ့ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
နာကြည်းငိုညည်းသံတွေ ဘ၀င်မှာ သဲ့ညံနေတယ်
တချို့တွေအတွက် ပျော်စရာပေမယ့်
တချို့တွေအတွက် မသာယာခဲ့ဘူး
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေခဲ့ရတယ်
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ နိုက်ကလာပ်တက်တယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ကြယ်တချို့ထွန်းလင်းနေချိန်
ကြယ်အများစုက တဖြုတ်ဖြုတ်ကြွေနေရတယ်
နာကျင်ခံခက် ဒဏ်ရာသွေးစက်တွေနဲ့
ရင်ထဲမှာ လှိုက်လှိုက်ပြီးငို
ကြယ်တို့ရဲ့ နှလုံးသားမှာ
မျက်ရည်တွေ အချိန်တိုင်း စိုလူးနေခဲ့
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ဘ၀သက်တမ်းတိုတိုလေးမှာ
ငါ့တစ်ဘို့စာ၊ ငါ့မိသားစု
ငါ့သမီးသား၊ ငါ့မယား ဆိုတဲ့ လူ့အန္ဓများ
ကျနော်တို့ကောင်းကင်မှာ ဖုံးလွှမ်းနေသ၍
ကြယ်တွေ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
မြေကြီးအောက်က ငိုကြွေးသံတွေ
မြေပြင်ပေါ်က တောက်ခေါက်သံတွေ
လေထုထဲမှာ ပျံ့လွင့်နေတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ကိုယ်ချင်းစာစိတ်လေးတစ်ခုတော့ ထားကြစမ်းပါ
စကားဟာ စကားအဖြစ်ပဲ လေထဲ ဝေ့လွဲ
ဘယ်တော့မှ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေနားထဲ လွင့်မပျံ့ခဲ့ဘူး
လောကပါလ တရားစောင့်နတ်တို့
ဘယ်ချောင်မှာများ ရောက်နေကြသလဲ
ကျနော်တို့ကောင်းကင်မှာ
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
စိန်ပွင့်တွေဟာ မြောင်းထဲမှာ ဝေနေရတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
..............................
မေးခွန်းဟာ မေးခွန်းပဲ ဖြစ်ခဲ့ရတယ်
ပေးဆပ်ခြင်းနဲ့ ဘ၀ကို ရင်းခဲ့ရတဲ့ ကြယ်တွေမှ
တဖြုတ်ဖြုတ်ကြွေနေရလေသလားရယ်လို့
အံကိုကြိတ်
မချိတင်ကဲ
အနက်ရှိုင်းဆုံး နာကျင်ရလဲ
ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့
သားသမီးအိမ်ပြန်ချိန်ကို မျှော်နေတဲ့
အမေတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့
ဟောဒီ တိုင်းပြည် တည်ဆောက်ထားတယ်
မတရားဘူးလို့ အော်နေတဲ့
မြေကြီးအောက်က အသံတွေ
နေနှင့်ဦးပေါ့ကွာဆိုတဲ့
မြေပြင်ပေါ်က ရင်တွင်းစကား
မုန်းတီးခြင်းများ ပြွတ်သိပ်
အားမတန် မာန်လျှော့နေရတဲ့ စိတ်တွေ
ဟော့ဒီတိုင်းပြည်မှာ အုံနဲ့ကျင်းနဲ့ ရှိနေကြတယ်
မပြောချင်တော့ပါဘူး အရပ်ကတို့ရယ်
လူတိုင်းမှာတော့ မျိုးချစ်စိတ်ရှိတယ်
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
ဝဋ်ကြွေးများရှိ ပြေပါစေလို့ ဆုမတောင်းလေနဲ့
ကမ္ဘာမကြေတဲ့သူတွေ တမလွန်မှာ ပြည့်နေလေရဲ့
ခင်ဗျားတို့ ရက်စက်မှုနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ
ကောင်းကင်မှာ မရေနိုင်တော့ဘုး
မိုးကောင်းတုန်းကို ရွာထားပါ
ထမင်းဝတုန်း နားထားပါ
တစ်နေ့နေ့ ပြန်ဆုံတဲ့အခါ
အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ကွာ
..................
..................
ပြောရင်း ပြောရင်း
ရင်ထဲ စို့နစ်
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေနေတဲ့ တိုင်းပြည်
................................
တော်ပြီ
ကျနော် ဒီကဗျာကို ဆက်မရေးချင်တော့ဘူုး။
ဇော်။
ဘယ်သူ့မှာ တာဝန်ရှိလဲ
ဟော့ဒီကောင်းကင် ကျယ်ကျယ်ကြီးထဲ
ထွန်းလင်းသင့်တဲ့ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
နာကြည်းငိုညည်းသံတွေ ဘ၀င်မှာ သဲ့ညံနေတယ်
တချို့တွေအတွက် ပျော်စရာပေမယ့်
တချို့တွေအတွက် မသာယာခဲ့ဘူး
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေခဲ့ရတယ်
တချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ နိုက်ကလာပ်တက်တယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ကြယ်တချို့ထွန်းလင်းနေချိန်
ကြယ်အများစုက တဖြုတ်ဖြုတ်ကြွေနေရတယ်
နာကျင်ခံခက် ဒဏ်ရာသွေးစက်တွေနဲ့
ရင်ထဲမှာ လှိုက်လှိုက်ပြီးငို
ကြယ်တို့ရဲ့ နှလုံးသားမှာ
မျက်ရည်တွေ အချိန်တိုင်း စိုလူးနေခဲ့
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
လက်တစ်ဆုပ်စာ ဘ၀သက်တမ်းတိုတိုလေးမှာ
ငါ့တစ်ဘို့စာ၊ ငါ့မိသားစု
ငါ့သမီးသား၊ ငါ့မယား ဆိုတဲ့ လူ့အန္ဓများ
ကျနော်တို့ကောင်းကင်မှာ ဖုံးလွှမ်းနေသ၍
ကြယ်တွေ ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
မြေကြီးအောက်က ငိုကြွေးသံတွေ
မြေပြင်ပေါ်က တောက်ခေါက်သံတွေ
လေထုထဲမှာ ပျံ့လွင့်နေတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
ကိုယ်ချင်းစာစိတ်လေးတစ်ခုတော့ ထားကြစမ်းပါ
စကားဟာ စကားအဖြစ်ပဲ လေထဲ ဝေ့လွဲ
ဘယ်တော့မှ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေနားထဲ လွင့်မပျံ့ခဲ့ဘူး
လောကပါလ တရားစောင့်နတ်တို့
ဘယ်ချောင်မှာများ ရောက်နေကြသလဲ
ကျနော်တို့ကောင်းကင်မှာ
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေ
စိန်ပွင့်တွေဟာ မြောင်းထဲမှာ ဝေနေရတယ်
ပြောပါ
ဘယ်သူ့မှာ တာဝန်ရှိလဲ
..............................
မေးခွန်းဟာ မေးခွန်းပဲ ဖြစ်ခဲ့ရတယ်
ပေးဆပ်ခြင်းနဲ့ ဘ၀ကို ရင်းခဲ့ရတဲ့ ကြယ်တွေမှ
တဖြုတ်ဖြုတ်ကြွေနေရလေသလားရယ်လို့
အံကိုကြိတ်
မချိတင်ကဲ
အနက်ရှိုင်းဆုံး နာကျင်ရလဲ
ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့
သားသမီးအိမ်ပြန်ချိန်ကို မျှော်နေတဲ့
အမေတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့
ဟောဒီ တိုင်းပြည် တည်ဆောက်ထားတယ်
မတရားဘူးလို့ အော်နေတဲ့
မြေကြီးအောက်က အသံတွေ
နေနှင့်ဦးပေါ့ကွာဆိုတဲ့
မြေပြင်ပေါ်က ရင်တွင်းစကား
မုန်းတီးခြင်းများ ပြွတ်သိပ်
အားမတန် မာန်လျှော့နေရတဲ့ စိတ်တွေ
ဟော့ဒီတိုင်းပြည်မှာ အုံနဲ့ကျင်းနဲ့ ရှိနေကြတယ်
မပြောချင်တော့ပါဘူး အရပ်ကတို့ရယ်
လူတိုင်းမှာတော့ မျိုးချစ်စိတ်ရှိတယ်
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
ဝဋ်ကြွေးများရှိ ပြေပါစေလို့ ဆုမတောင်းလေနဲ့
ကမ္ဘာမကြေတဲ့သူတွေ တမလွန်မှာ ပြည့်နေလေရဲ့
ခင်ဗျားတို့ ရက်စက်မှုနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ
ကောင်းကင်မှာ မရေနိုင်တော့ဘုး
မိုးကောင်းတုန်းကို ရွာထားပါ
ထမင်းဝတုန်း နားထားပါ
တစ်နေ့နေ့ ပြန်ဆုံတဲ့အခါ
အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ကွာ
..................
..................
ပြောရင်း ပြောရင်း
ရင်ထဲ စို့နစ်
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေနေတဲ့ တိုင်းပြည်
................................
တော်ပြီ
ကျနော် ဒီကဗျာကို ဆက်မရေးချင်တော့ဘူုး။
ဇော်။
Subscribe to:
Posts (Atom)