လေပြည်ကပြောတယ် ..
ကလေးရယ် .. ပင်ပန်းလိုက်တာကွယ်တဲ့ ..
မချိတရိ အပြုံးတစ်ချို့နဲ့ ငါ့နေ၀င်ချိန်တွေကို
နိဂုံးချုပ်လိုက်ရတာ ဘယ်သူမှ မသိလိုက်ဘူး ..
မိုးစက်ပွင့်တွေ မျက်နှာပေါ် ခပ်ပြင်းပြင်း ရိုက်ခတ်တုန်းက
ငါ့နားကို တိုးတိုးလေး ကပ်ပြောသွားကြတယ် ..
ကလေးရယ် .. မမောဘူးလားကွယ်တဲ့ ..
ငါ့နံနက်ဖြန်တွေအတွက် မျှော်လင့်ချက်မဲ့ နိုးထရှင်သန်နေတာ
ဘယ်သူမှ မသိလိုက်ဘူး ..
မြူခိုးတွေ ငါ့တစ်ကိုယ်လုံးကို လွှမ်းခြုံတုန်းက
ငါ့နေ့ရက်တွေ မှိုင်းဝေသွားခဲ့ဖူးတယ် ..
အဓိပါယ်မဲ့ နံနက်ခင်းတိုင်းအတွက် နေ့လည်ဆိုတာ
မသေချာခဲ့ဘူး ..
ညနေဆိုတာက မှောင်မိုက်ခြင်းနဲ့ မိတ်ဖွဲ့လို့ ..
ခြောက်သွေ့တဲ့နေ့ရက်တွေအတွက်
ဘယ်သူ့ကို အဖော်ပြုရမှာလဲလို့
ငါ တိုးတိုးလေး ငိုညည်းမိတုန်း ..
ငါ့ကို ကောင်းကင်နဲ့ကြယ်က ဟားတိုက်ရီကြတယ် ..
လေပြည်ကတော့ ရူးလဲရူးတဲ့ကောင်တဲ့ ..
ဆိုကြပါစေ ..
အရူးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဘယ်သူကမှ
ရာဇ၀င်မတင်ချင်ခဲ့ကြပဲ ..
ငါ တစ်ယောက်သာ ..
ဇော်
6 comments:
ကဗျာလေးရယ်.. အားမငယ်ပါနဲ့...
မှောက်ထားတဲ့ဖဲချပ်က ပိုတန်ဖိုးကြီးတတ်ပါတယ်.. ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းတွေအတွက်.. ပွဲမပြီးမချင်း လင်းချင်လင်းမယ်.. မှောင်ချင်မှောင်မယ်.. ဘာမဆိုဖြစ်လာနိုင်သေးတဲ့ မနက်ဖြန်ကို ရဲရဲဆွဲလှန်ကြည့်လိုက်ရအောင်...။
(killer)
ကဗျာလေးက အရမ်းနူးညံ့တာပဲနော်...
ဖတ်ရတာ စိတ်ထဲမှာတစ်မျိုးလေးဖြစ်သွားတယ်..။
ခြောက်သွေ့တဲ့နေ့ရက်တွေအတွက်
ဘယ်သူ့ကို အဖော်ပြုရမှာလဲလို့
ငါ တိုးတိုးလေး ငိုညည်းမိတုန်း ..
ငါ့ကို ကောင်းကင်နဲ့ကြယ်က ဟားတိုက်ရီကြတယ် ..
း)))))
ကဗျာလာဖတ်သွားတယ် စိတ်ထဲတောင်မကောင်းဘူးး တိုးတိုးလေး ငိုညည်းတဲ့သူကို လာနှစ်သိမ့်သွားတယ်။
ပျော်ရွှင်ပါစေ။
ဘယ်သူ့အတွက်မှ
မနက်ဖြန်တွေ မျှော်လင့်ချက်မမဲ့ပါဘူး ..
(မိဇော်ရေ လာဖတ်သွားတယ်ဟ)
ငဇော် ကဗျာကတော့ နူးညံ့လွန်းတယ်ဗျာ ...
အဟင့်ဟင့် ... ခံစားသွားတယ် ..
Post a Comment