အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, September 22, 2009

တစ်ကိုယ်ရည်လွမ်းချင်း

လမင်းကို စွဲလန်း
ရင်ခွင်တစ်ခြမ်းပဲ့
အလွမ်းတွေလှုပ်နှိုးတော့
သန်းခေါင်မှာနိုးခဲ့
မြူခိုးတွေဆိုင်းလို့.....။

ကြယ်စင်ကိုတိတ်တခိုး
မှော်ရုံတောတိုးဝင်
နွမ်းနယ်တဲ့ဝိညာဉ်လည်း
အမှောင်မှာ အိပ်စက်
လိပ်ပြာတွေ တောင်ပံခတ်လို့.....။

သက်တန့်ကိုကျော်ဖြတ်
မိုးစက်တွေအိပ်မက်မက်လည်း
ရွှေအိုရောင်နံနက်တိုင်းမှာ
တော်ဝင်တဲ့အလှ
တိမ်တွေတောင်လွမ်းနာကျလို့......။ ။

လင်းစက်ရာ

ဒီနေ့ (Sept 22nd) လင်းစက်ရာရဲ့ မွေးနေ့မှာ သူ့ရဲ့ကဗျာတွေထဲက ဇော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
သြော် .. မျက်စိတမှိတ်လျှပ်တစ်ပြတ်အတွင်းမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အတန်းရဲ့ ညာဘက်အရှေ့ဆုံးတန်းက နံရံနဲ့ ကပ်နေတဲ့ ထောင့်မှာသာထိုင်တတ်ခဲ့ပြီး.. သွားလေးနှစ်ချောင်းကိုပဲ မြင်နေရလို့ ယုန်ကလေးလို့ ဇော်တို့သူငယ်ချင်းတွေ ချစ်စနိုးခေါ်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် ၂၂နှစ်တောင် ပြည့်သွားခဲ့ပြီ။ မထင်မှတ်မိပါဘူး။ ဒီလောက်နှစ်တွေ ကြာညောင်းခဲ့တာတောင် ခင်မင်မှုတွေ ခိုင်မြဲနေကြဆဲဆိုတာ။ မထင်မှတ်ခဲ့မိပါဘူး။ ပိန်ပိန်ပါးပါးလေးနဲ့ အမြဲအေးအေးဆေးဆေးနေတတ်ခဲ့တဲ့ သူငယ်ချင်းက ကွန်ပြူတာနဲ့ ကျောင်းပြီး ဘွဲ့ရခဲ့ပေမယ့် ကဗျာတွေ(အပျော်တမ်း) ရေးနေခဲ့လိမ့်မယ်ဆိုတာ .. လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက မထင်မှတ်ခဲ့ပါဘူးလေ။ ဖုန်အလူးလူးနဲ့ ကျောင်းရှေ့မှာ ဘောလုံးကန်တတ်တဲ့ သူငယ်ချင်းကို သတိရမိပါရဲ့။

11 comments:

ရွှေပြည်သူ (ShwePyiThu) said...

မြူတွေဆိုင်းနေတဲ့ လွမ်းချင်းလေးကို ခံစားသွားပါတယ် ဇော်ရေ...

yangonthar said...

ညီဇော့် သူငယ်ချင်း မွေးနေ့ မှာပျော်ရွှင်ပါစေ
ကဗျာလေးက လှတယ် :)

ဧရာဝတီသား said...

ညီဇော်နဲ့ အတူဆုတောင်း ပေးသွားပါတယ်။

ကဗျာလေး ကောင်းတယ်၊ လင်းစက်ရာ ဆိုတဲ့ ကဗျာ ကလောင် တစ်စင်း တောက်ပထွန်းလင်း ပါစေ။

ဝက်ဝံလေး said...

မွေးနေ့မှာ ဇော့်ရဲ့သူငယ်ချင်း ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် နော် ဘိုင်တာ့တာ

Angel Shaper said...

အော်......
ကဗျာရေးကောင်းတဲ့ လင်းစက်ရာရဲ့ မွေးနေ့လေးလားးး
ဟက်ပီဘတ်ဒေးပါ လင်းစက်ရေ...
မင်းကဗျာတွေ ဇော့်ကောင်းမှုကြောင့် ဖတ်နေရတယ်။
ကဗျာကောင်းကောင်းလေးတွေ များများ ဖန်တီးနိုင်ပါစေနော်။
အောင်မြင်ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။

တောင်ပေါ်သား said...

ကဗျာလေးက နုနုလေးဗျာ ကျနော်ဖတ်ရတာ အားမရဘူးး) တော်တော်လေး ကောင်းပါတယ်း) လင်းစက်ရာရဲ့ မွေးနေ့မှ စ၍ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်း)


လေးစားလျက်
တောင်ပေါ်သား

ကိုလူထွေး said...

လင်းစက်ရာရဲ့ အနုအရွတွေ တောတော်များများဖတ်ဖူးတယ်လေ...

ဒီအိမ်မှာပြောတာပါ...းP

ညီဇော်ရဲ့ သူငယ်ချင်းဆိုတာတော့ အခုမှသိတယ်...

ဘောလုံးချိန်းကန်ကြမယ်လေ...

းဝ)

နေ့အိပ်မက် said...

သူငယ်ချင်းအကြောင်းစဉ်းစားရတာကတော့ လွမ်းစရာပဲ

နေ့အိပ်မက် said...

ဆီဗုံးမှာရေးပြီးမှ မရေးသွားနဲ့ဦးဆိုတဲ့စာကိုမြင်တယ်ဇော်ရယ်.... မတွေ့လိုက်လို့ပါနော်. တွေ့ရင်မရေးပါဘူး

မိုးစက်အိမ် said...

ဒီကဗျာထဲမှာ အကိုနာမည်ပါတယ်နော် ဟဲဟဲ
လင်းစက်ရာ ကဗျာလေးတွေလည်းကောင်းတယ်

ngaMin said...

သူ့ဟာ တစ်ကယ့်ကဗျာဆရာ တစ်ယောက်ပါပဲ....။