အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, March 3, 2010

အဲဒီအကြောင်း ကျွန်တော်ပြောဖူးပေါင်းများပြီ

အချစ်နဲ့ နူးညံ့စွတ်စိုတုန်း
လိမ္မော်ရည်ရောင်
နေ၀င်ချိန်တွေစောလွန်းတယ် ...။

စိတ်ဓာတ်တွေကပဲ
အရိုးအရင်းဆန်ခဲ့သလား
ရလိုမှုအတွက်
မတိုက်ခိုက်ချင်တော့..
ပန်းတိုင်တစ်ခုအတွက်
ခြေလှမ်းမရွေ့  ချင်တော့...
စွန်းထင်းထားတဲ့
အတ္တတွေ ခ၀ါချဖို့တောင်
ငါသွေးအေးနေသေးတယ်....။

ကဗျာတွေ
ကဗျာတွေ
ကဗျာတွေ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့  သိမ်းဖြစ်တည်နေတာ....။

သူမ
ငါဖန်ဆင်းခြင်းမဟုတ်
(လွတ်လပ်ပြင်းပြစွာ)
ညှို့ သိမ်းဖြစ်တည်နေတာ....။

ဆုလာဘ်တစ်ခုလို
ခိုးငေးဖူးတဲ့ ဆံနွယ်တွေကြောင့်
ပျော်ဝင်မှုတစ်ခုလုံး
ကတ္တီပါရောင်ထလာတယ်...။

ကြယ်ဝေး
လမ်းအိုဟောင်းတစ်ခုလို
အမှောင်ရိပ်ထဲ
တိတ်တဆိတ် ၊
စိတ်အပိုင်းအစအားလုံးရဲ့ 
မြတ်နိုးခြင်းနဲ့
ရင်ခုန်သံကို
ငါ ပြန်ငြင်းဆိုတယ်...။

တန်ပြန်သက်ဝင်မှုတွေ
မှိန်ဖျော့ထားမှန်းလည်းသိရဲ့ 
အရုဏ်လင်းဖို့
ညတစ်ခင်းလုံးထိုင်စောင့်သူလိုလေ ၊
အဲဒီလိုလည်း
ရူးခဲ့.....။

တစ်ဖက်တည်းလည်းမြည်တတ်တဲ့
လက်ခုပ်သံတွေရှိမှန်း...၊
တစ်ယောက်တည်းလည်း
ပြီးပြည့်စုံတဲ့
ရင်ခုန်သံတွေ ရှိမှန်း....၊
တစ်ပြိုင်နက်တည်းဖြစ်တည်တတ်တဲ့
ဝိရောဓိတွေရှိမှန်း....။
ဒီ ပြခန်းမှာ
အလွမ်းနည်းနည်းခင်းပြီး ပြောတယ်..။

ဇာတ်သိမ်းခန်းက
အခမ်းအနားမပါပဲ ပြီးဆုံးကြောင်း
ကိုယ့်ကိုယ်ကိုယ် ကြေငြာလိုက်တာ
(တကယ့်ကို)
ရင် အနာဆုံးပဲ.....။ ။

လင်းစက်ရာ

၁၃.၉.၀၉

8 comments:

jr said...

ဇော်ရေ.. FB မှာတွေ့ပြီး ရုံးမှာ ခိုးဖတ်တယ်။
ခု ဒီမှာ ကောမန့်လာပေးတာ..
ဇော်ရေးတဲ့ ကဗျာတွေထဲမှာ တော်တော်ကြိုက်မိတဲ့ကဗျာ။

လင်းကြယ်ဖြူ said...

ဆက်ရေးပါ ဆရာမ
သားတို့ အားပေးနေပါတယ်....
ပျော်ပါစေ
*.*.*
မှတ်ချက်...ပိုစားပေးပါ..ကျွန်ုပ်အတွက်...လာမယ့်
စနေနေ့.....း)

Anonymous said...

(ကိုယ့်ရင်ခုန်သံတွေကိုယ်ပြန်စမ်းပြီး
ကိုယ့်စာမေးပွဲကို ကိုယ်တိုင်အအောင်ပေးခဲ့ဖူးပါတယ်..
စိတ်နဲ့စိတ်သာပေါင်းစည်းခဲ့တဲ့ ဇာတ်သိမ်းခန်းထဲမှာ..
အလွမ်းဆိုတာ
ကမ္ဘည်းထိုးဖို့မလိုတဲ့ မှတ်ကျောက်ပေါ့..။ ။)

တစ်ဖက်တည်းလည်းမြည်တတ်တဲ့
လက်ခုပ်သံတွေရှိမှန်း...၊
တစ်ယောက်တည်းလည်း
ပြီးပြည့်စုံတဲ့
ရင်ခုန်သံတွေ ရှိမှန်း....၊
တစ်ပြိုင်နက်တည်းဖြစ်တည်တတ်တဲ့
ဝိရောဓိတွေရှိမှန်း....။
ဒီ ပြခန်းမှာ
အလွမ်းနည်းနည်းခင်းပြီး ပြောတယ်..။

ဇာတ်သိမ်းခန်းက
အခမ်းအနားမပါပဲ ပြီးဆုံးကြောင်း
ကိုယ့်ကိုယ်ကိုယ် ကြေငြာလိုက်တာ
(တကယ့်ကို)
ရင် အနာဆုံးပဲ.....။ ။


ဒီနေ့တစ်နေ့လုံး ငါ့အာရုံမှာ ဒီကဗျာလေးက စိုစွတ်လို့...

ဇော် said...

ဘယ်သူ့ကွန်းမန့်ကိုမှ ငါမမျှော်လင့်ပါဘူး .. နောက်ပြီး ကွန်းမန့်ပေးသည်ဖြစ်စေ .. မပေးသည်ဖြစ်စေ .. ငါ့အာရုံမှာ ငြိတွယ်နေတဲ့ ခံစားချက်တွေကို ငြိမ်းသတ်သွားအောင် မပြုစားနိုင်ပါဘူး .. ငါဟာ အနှောင်အတွယ် ကင်းချင်သူလဲဖြစ်တယ် .. ငါဟာ စိတ်လွတ်လပ်သူလဲ ဖြစ်ချင်တယ်.. နောက်ပြီး ငါဟာ ကိုယ်လုပ်ချင်တာလေးတစ်ခုကိုပဲ ငြိမ်ငြိမ်လေး အေးအေးချမ်းချမ်း လုပ်ချင်နေသူလဲဖြစ်တယ် .. ငါ့အတွက် ဘယ်လိုအရာကမှ ဆွဲဆောင်မှု သိပ်မရှိခဲ့ရိုးအမှန်ပါ .. ဒါပေမယ့် မင်း .. နင့်ရဲ့ ကွန်းမန့်တစ်ကြောင်းရဖို့ ငါ ကွန်းမန့်ဘောက်စ်ကို ပြန်ဖွင့်ခဲ့တယ် .. နင့်ရဲ့ အမြင်နဲ့ ခံစားချက်ကို ငါ သိမ်းဆည်းထားဖို့ ငါ့ရဲ့ အိမ်မှာ ကွန်းမန့်ဘောက်စ်ဆိုတာ ဖြစ်တည်ခဲ့တယ် .. ငါ အဲ့လောက်ထိ နင့်ကို အလေးထားတယ် သူငယ်ချင်း ..
ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်မှ ငါ ဘယ်တော့မှ မလုပ်ချင်တာကို လုပ်လေ့လုပ်ထ မရှိခဲ့ဖူးဘူး .. ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငါ့ကို ဖိအားပေးလို့ရခဲ့ရိုးထုံးစံ မရှိခဲ့ဖူးဘူး.. ငါ့ကိုယ်ပိုင်ခံစားချက်နဲ့သာ ငါရပ်တည်ခဲ့တယ် .. အဲ့လိုပဲ .. ငါ နင့်ဆီက စာတစ်ကြောင်းပဲဖြစ်ဖြစ် အမြဲမျှော်လင့်နေတယ် .. ဒါ င့ါရဲ့ ( သူငယ်ချင်းအပေါ် ရိုးသားစွာ ) ချစ်မြတ်နိုးခြင်းပါပဲ ..

Anonymous said...

ကြယ်ဝေး
လမ်းအိုဟောင်းတစ်ခုလို
အမှောင်ရိပ်ထဲ
တိတ်တဆိတ် ၊
စိတ်အပိုင်းအစအားလုံးရဲ့ 
မြတ်နိုးခြင်းနဲ့
ရင်ခုန်သံကို
ငါ ပြန်ငြင်းဆိုတယ်...။

တစ်ပုဒ်လုံးကို ကောင်းခဲ့တယ်


ငဇော် ကဗျာကလဲ အရမ်းကောင်းတယ် ခံယူချက်ကလဲ ပြတ်သားတယ်

ဘယ်သူတစ်ဦးတစ်ယောက်ကြောင့်မှ ငါ ဘယ်တော့မှ မလုပ်ချင်တာကို လုပ်လေ့လုပ်ထ မရှိခဲ့ဖူးဘူး .. ဘယ်သူတစ်ဦးတစ်ယောက်ကမှ ငါ့ကို ဖိအားပေးလို့ရခဲ့ရိုးထုံးစံ မရှိခဲ့ဖူးဘူး.. ငါ့ကိုယ်ပိုင်ခံစားချက်နဲ့သာ ငါရပ်တည်ခဲ့တယ် ..

ပြတ်သားပါပေတယ် ငဇော် . . . . .

နိမ်း(ဒ) said...

လင်းစက်ရာ ရေ

ဇာတ်သိမ်းခန်းက
အခမ်းအနားမပါပဲ ပြီးဆုံးကြောင်း
ကိုယ့်ကိုယ်ကိုယ် ကြေငြာလိုက်တာ
(တကယ့်ကို)
ရင် အနာဆုံးပဲ ။။

ငါကတော့သိပ်ရင်မနာဖြစ်တော့ပါဘူး .. ။

Angel Shaper said...

ဒီကဗျာလေး အစကနေ အဆုံးထိ စာသားတွေ တစ်လုံးချင်းစီကို ကြိုက်တယ်။ လင်းစက်ရာ တော်၏။
အချစ်နဲ့ နူးညံ့စွတ်စိုတုန်း
လိမ္မော်ရည်ရောင်
နေ၀င်ချိန်တွေစောလွန်းတယ် ...။
ချပြရ တပုဒ်လုံးဖြစ်တော့မယ်။ ကြိုက်တယ်။

ညလင်းအိမ် said...

သိပ်ကိုကောင်းမွန်လှပါတယ်...
ကဗျာတွေကို ဒီလိုဖွဲနွဲ့နိုင်တာ ချီးကျူးတယ်...