အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, July 24, 2010

ချစ်သူမသိသော လေးနာရီ

ငှက်ကလေးရယ်
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
တိမ်တွေက အခက်အလက်ကျဲကျဲနဲ့
ရိုးရာမပျက်ပျံသန်းရင်း မင်းကိုလမ်းပြပါလိမ့်မယ်
မင်းဦးတည်ရာအရပ်မှာ ချစ်သူရှိနေမှာပါ..။

ငှက်ကလေးရယ်..
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
မင်းသူငယ်ချင်းလေးကို ပြောလှည့်ပါ
သူလည်းလွမ်းနေမယ်ဆိုရင်
မနက်ဖြန်ဆိုတာ ရှိနေဦးမယ်လို့..။

ငှက်ကလေးရယ်..
ကောင်းကင်ကိုမြင်နေရုံနဲ့ လုံလောက်ပါပြီ
တာဝန်ဆိုတဲ့လမ်းကိုလျှောက်ရင်း
ငါ့ကျောပိုးအိတ်ထဲမှာလည်း
အလွမ်းတွေနဲ့ညွှတ်ကိုင်း
တောင်ပြာတန်းတွေတောင် ကြေကွဲအုံဆိုင်းနေရဲ့..။

မင်း

3 comments:

ညလင်းအိမ် said...

ဒီကဗျာကြတော့ တမျိုးလေးပါလား ...

လင်းခေတ်ဒီနို said...

တာဝန်ဆိုတဲ့လမ်းကိုလျှောက်ရင်း
ငါ့ကျောပိုးအိတ်ထဲမှာလည်း
အလွမ်းတွေနဲ့ညွှတ်ကိုင်း
တောင်ပြာတန်းတွေတောင် ကြေကွဲအုံဆိုင်းနေရဲ့..။

အေးအေးလေးကြေကွဲပုံပါပဲ ဇော် သိပ်ကောင်းတယ်

နွေဆူးလင်္ကာ said...

ှုငှက်ကလေး ....
ပြန်(ပျံ) သွားတော့
ငါ ...
ငေးကျန်ရစ်တယ် ....
ကောင်းကင်မှာ ကူးခတ်လို့ မောရင်
တစ်ကြိမ်တစ်ခါ ငါ့ပခုံးပေါ်
နားခိုလှည့်ပါ။