အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, July 12, 2010

နှလုံးသားတစ်ခု၏ ငွေ့ရည်ဖွဲ့ အလွမ်း

မှောင်မိုက်စိုစွတ်တဲ့ ဒီည
တိုးတိတ်နူးညံ့တဲ့ ခေါ်သံ
တိတ်ဆိတ်မှုရဲ့ အရောင်တွေကြား
ကြယ်တွေတောင် မလင်းချင်းခဲ့ဘူး..

ရယ်ဟဟ နှုတ်ခမ်းတော်အပါး
ဝိဥာဉ်တို့ရဲ့ နာခံရာလဲ ဖြစ်ရဲ့
ငှက်တို့ရဲ့ နှုတ်ဆက်သံလဲ ဖြစ်ရဲ့
ဝတ်ရုံတော်ရဲ့ လှုတ်ခတ်သံလဲ ဖြစ်ရဲ့

တလွလွ ယစ်မူး
လေအလူးမှာ လွင့်မြူးမိလို့
ငါ ရူးခဲ့ပြီ..

တေးသီသံတို့ နှုတ်ဆိတ်ချိန်
ပျော်မြူးမှုတို့ အရောင်မှိန်ချိန်
ချစ်ခြင်းတရားတို့ အမှောင်ဝင်ချိန်
အနားသတ်မျဉ်းတစ်ကြောင်းလဲ ဖြစ်ရဲ့
စည်းဘောင်တစ်ခုလဲ ဖြစ်ရဲ့
ရင်ကွဲသီချင်းလဲ ဖြစ်ရဲ့

တစ်စစ်စစ်နဲ့နာကျင်
ဒီရင်တစ်ခြမ်း
ပိုးစားနေတာတောင် ငါ မသိခဲ့မိဘူး

ရင်နာတယ်လို့ ငါ ဆိုနေတယ်
မောလျတယ်လို့ ငါခံစားတယ်
ပင်ပန်းမှုလို့ ငါ ယူခဲ့တယ်
အမှောင်ထုရဲ့ ကြီးစိုးမှု
အလင်းရဲ့ တန်ပြန်ရိုက်ခတ်မှု
ချစ်ခြင်းတရားရဲ့ ကျိန်စာ
(တနည်း)
ရိုးရာလဲ ဖြစ်ရဲ့
အဇ္ဖျတ္တလဲ ဖြစ်ရဲ့

မှော်ပညာတို့ စုဝေးရာ
ရယ်သံတစ်ချို့
အကြည့်တစ်ချို့
စကားလုံး တစ်ချို့
လောင်ကျွမ်းဆဲ ဒီရင်
ပြာကျတာတောင် အမှတ်မရှိခဲ့ဘူး

မုန်းတိုင်းတို့ ၀ဲလွင့်ရာ
နှုတ်ခမ်းတော်တို့ ဖွင့်ဟရာ
စကားလုံးတို့ ပျော်မြူးရာ
မျက်ရည်တို့ ကျက်စားရာ
ဒဏ်ရာရဲ့ အရင်းအမြစ်
နှလုံးသွေးတို့ ဖြစ်တည်မှု
အပါးတော်၌ ခစားခြင်း

ပန်းပျိုတို့ရဲ့ သခင်
နုနယ်ခြင်းရဲ့ မာန
သစ်ပင်၏ နိဂုံး
ဥယျာဉ်မှူးက ပြုံးနေလေရဲ့ ..


ငါ ..
တမာပင်လား နွယ်ပင်လား
ခါးသက်ခြင်းနဲ့ ရစ်ငင်မှု
အင်အားခြင်းမမျှခဲ့တော့
မြေကြီးကို တွယ်တာခွင့်တောင် မရှိခဲ့တော့ဘူး။

ငါ့တံခါးက ( အမှတ်မရှိ )အခုထိ စေ့ထားဆဲ...


ဇော်

5 comments:

Anonymous said...

ကဗျာလေးရဲ့ ခံစားမှုက ဖတ်ရတာ တမျိုးလေးပဲ ...

တလွလွ ယစ်မူး
လေအလူးမှာ လွင့်မြူးမိလို့
ငါ ရူးခဲ့ပြီ..

ငါ ..
တမာပင်လား နွယ်ပင်လား
ခါးသက်ခြင်းနဲ့ ရစ်ငင်မှု
အင်အားခြင်းမမျှခဲ့တော့
မြေကြီးကို တွယ်တာခွင့်တောင် မရှိခဲ့တော့ဘူး။

ငါ့တံခါးက ( အမှတ်မရှိ )အခုထိ စေ့ထားဆဲ...


စာသားလေးတွေ မိုက်တယ် ...

ခင်တဲ့
ညလင်းအိမ်

လင်းခေတ်ဒီနို said...

ငါ ..
တမာပင်လား နွယ်ပင်လား
ခါးသက်ခြင်းနဲ့ ရစ်ငင်မှု
အင်အားခြင်းမမျှခဲ့တော့
မြေကြီးကို တွယ်တာခွင့်တောင် မရှိခဲ့တော့ဘူး။

ငါ့တံခါးက ( အမှတ်မရှိ )အခုထိ စေ့ထားဆဲ...

အဆုံးသတ်သွားပုံလေးအရမ်းလှတယ် ငဇော် သိပ်ကောင်းလွန်းတဲ့ ကဗျာလေး

ငါ့ညီမ ကဗျာတွေ ဖတ်ပီးတိုင်း အကို့ကဗျာတွေ တကယ် တကယ် ဆွံ့ အ ကုန်သလိုပါပဲ
သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ

သိင်္ဂါကျော် said...

"တေးသီသံတို့ နှုတ်ဆိတ်ချိန်
ပျော်မြူးမှုတို့ အရောင်မှိန်ချိန်
ချစ်ခြင်းတရားတို့ အမှောင်ဝင်ချိန်
အနားသတ်မျဉ်းတစ်ကြောင်းလဲ ဖြစ်ရဲ့
စည်းဘောင်တစ်ခုလဲ ဖြစ်ရဲ့
ရင်ကွဲသီချင်းလဲ ဖြစ်ရဲ့"

အလွမ်းရဲ့ ရာသီချိန်ကို ဖွဲ့ထားတာလေး သဘောကျလိုက်တာ..

အနှိုင်းမဲ့ said...

ငါ့တံခါးက ( အမှတ်မရှိ )အခုထိ စေ့ထားဆဲ...

ဒီစကားလုံးလေးကတော့ ရင်ထဲကို နင့်ကနဲပဲ..ဇော်ရေ

Yanaing said...

သိပ်လှတဲ့ စာသားလေးတွေဗျာ။ လှိုက်လှိုက်လှဲလှဲကို ချီးကျူးမိပါတယ်။