အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, August 23, 2010

တိတိကျကျ လွမ်းခဲ့မိပါသော .....

ကောင်းကင်ကြီးရယ်...
သူ့ကို ပြောပြပေးပါ
ချစ်သူကို သတိရလွန်းလို့ .. ကောင်းကင်ကြီးရဲ့
မျက်နှာပြင်မှာ သူ့ပုံရိပ်များ ထင်နေမလား
ကျနော် ရှာဖွေနေမိတယ်ဆိုတာ

ကြယ်လေးတွေရယ်...
သူ့ကို နှုတ်ဆက်ပေးပါ
ချစ်သူကို ချစ်တဲ့စိတ်နဲ့ ကျနော် ခင်ဗျားတို့ဆီကတဆင့်
သူ့ဆီ စကားတွေ ပါးနေမိတဲ့အကြောင်း...

မြေပြင်ကြီးရယ်
ကျနော်တတ်တဲ့ မြေကြီးစကားနဲ့
ချစ်သူကို နားလည်အောင် ကျနော် ဘယ်လိုပြောရပါ့မလဲ
ချစ်သူကို ကျနော်လွမ်းနေတယ်.. သတိရတယ်..
ကျနော် ဘယ်လိုဘာသာပြန်ပြရပါ့မလဲ.....

ငှက်လေးတွေရယ်
ခင်ဗျားတို့ အတောင်ပံတွေကို အသုံးပြု
ရိုက်ခတ်မှုတိုင်းနဲ့ ချစ်သူဆီ အမှာပါးပါရစေ
ဆောင်းခိုဌက်တို့ အိမ်ပြန်ချိန်မှာ
ချစ်သူထံပါး ချစ်စကားပြောဖို့အခွင့်အရေး
ရှိခွင့်တစ်ကြိမ် ကျနော် မျှော်လင့်ပါရစေ
ချစ်သူကို ပြောပြပေးပါ

သစ်ပင်တို့ရယ်
သူရှိတဲ့အရပ်မှာမှ ပန်းတို့ပွင့်ပေးကြပါ
ချစ်သူကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့
ကျနော်နေ့ရက်တို့ ဖူးပွင့်
ချစ်သူနမ်းတဲ့ ပန်းကလေး ကျနော်ဖြစ်ချင်တဲ့အကြောင်း

အလင်းတို့ရယ်
နံနက်ခင်းတိုင်းမှာ ကျနော့်ကိုယ်စား ချစ်သူကို နှုတ်ဆက်ပေးကြပါ
ကျနော် ဖူးတွေ့ခွင့်မရှိတဲ့ ချစ်သူ့မျက်နှာ
နံနက်ခင်းရဲ့ ပွင့်ချပ်လွှာတိုင်းမှာ ကျနော်အတူရှိချင်နေမိတယ်ဆိုတာ

တိမ်ဖြူဖြူတို့ရယ်
လွင့်မျောပေးကြပါ
ချစ်ခြင်းအတွက် ကျနော့်ရဲ့ မျှော်လင့်ချက်ပါးပါးလေးတစ်ချို့
ခင်ဗျားရင်ခွင်မှာ မြှုပ်နှံ
ချစ်သူမော့ကြည့်တဲ့ခန ကျနော့်နှလုံးသားကို
သူမြင်နိုင်ပါစေလို့ ဆုတောင်းမိတဲ့အကြောင်း

လေပြည်ညင်းရယ်...
သူ့ကို ထွေးပွေ့ပေးပါ
ချစ်သူကို ချစ်မြတ်နိုးရတဲ့ ချစ်ခြင်းမေတ္တာအားလုံးကို
ခင်ဗျားနဲ့အတူ..
ကျနော်ထည့်ပေးလိုက်တယ်ဆိုတာ ..

လောကကြီးရယ်...
ဘုရားအဆူဆူကိုတိုင်တည်
နတ်ဒေ၀တာတို့ကို သက်သေပြု
ကျနော် ဖြောင့်ချက်တစ်ခုကို ၀န်ခံပါရစေလားဗျာ
ချစ်သူ ရင်ခွင်ထက်ဆီက အဲ့ဒီ အိတ်ကပ်ကလေး ကျနော်ဖြစ်ချင်ပါတယ်
ချစ်သူ မျက်နှာတော်ပါး.. မော်ဖူးခွင့်ရဖို့...........

ဇော်

10 comments:

လင်းခေတ်ဒီနို said...

အလင်းတို့ရယ်
နံနက်ခင်းတိုင်းမှာ ကျနော့်ကိုယ်စား ချစ်သူကို နှုတ်ဆက်ပေးကြပါ
ကျနော် ဖူးတွေ့ခွင့်မရှိတဲ့ ချစ်သူ့မျက်နှာ
နံနက်ခင်းရဲ့ ပွင့်ချပ်လွှာတိုင်းမှာ ကျနော်အတူရှိချင်နေမိတယ်ဆိုတာ

ဒါတော့ အကိုလိုချင်လွန်းခဲ့တဲ့ အရာ . . .း(

ခံစားချက် အရမ်းကောင်းတယ်

အနှိုင်းမဲ့ said...

ရောက်တယ်..ဇော်ရေ

ကြည်ဖြူပိုင် said...

ဇော်ရေ
လွမ်းတတ်လွန်းသူပါလား
ဇော့်အလွမ်းစာကိုဖတ်ပြီးမလွမ်းတတ်သူတောင်
လွမ်းသွားလောက်ရဲ့

နွေဆူးလင်္ကာ said...

ချစ်တတ်တာ ကောင်းပါတယ် ...

Anonymous said...

ဇော်ရေ..
မငုံ ရောက်လာချိန်မှာ ဒီကဗျာလေး စဖတ်လိုက်ရလို့ ခံစားချက်တူသွားတာနဲ့ အရမ်းကျေးဇူးတင်သွားတယ်။

ကိုဇော် said...

မင်း . . . .ခဲ့ဖူးသလိုပဲ။
ကဗျာ ဆိုတာ လက်ဖက်လို အရသာခံစားရတယ် ဆိုလို့ တဖြေးချင်းလာဖတ်တာ ၄ ရက်ရှိပြီ။
တော်တော် ကြိုက်ပါတယ်။ အနှစ်ပဲ။
( အနှစ်ဆိုတာ တူးဖော်ဖို့မှ မဟုတ်တာ..သူ့ဖာသာ အတွင်းထဲမှာ ငြိမ်ဝပ် အဆီပြည့်နေရင် ပြည့်စုံတယ် မဟုတ်လား။ )

ညလင်းအိမ် said...

ဇော်ရေ ...
ချစ်တတ်တာပဲနော် ... တော်တော်လေး
ချစ်သူရဲ့ အိတ်ကပ်ကလေး ဖြစ်ချင်တယ်တဲ့ ...
ချစ်သူက တီရှပ်ဝတ်ထားရင် ဒုက္ခ ... :P

ဇာနည်မောင် said...

မင်္ဂလာပါ အကိုကြီးရေ ကဗျာလေးတွေလာဖတ်သွား ပါတယ်နော်။ အကိုကြီးရဲ့ခံစားချက်တွေကပြင်းပြီး အခု အချိန်အထိ ချစ်ချစ်မရှိသေးတော့ ဆိုးတာပေါ့နော် ...............

မိုင်းမိုင် said...

လာလည်ပါတယ်ခင်ဗျာ့
ဇော် ကျွန်တော်ဆိုဒ်လေးကိုလာလည်တဲ့အတွက်ကျေးဇူးပါ

ကိုဟန် said...

တိတိကျကျဆိုတော့ မတိမကျ မသေမချာအလွမ်းလေးတွေရှိသေးလို့လား...ဟာဟ