မသိလိုက်မသိဘာသာနဲ့ နာရီတွေ ကုန်သွားနေတယ်
ဝက်ကလေးရဲ့ မီးစိမ်းပွင့်လေး ဘယ်အချိန်ထိ လင်းနေမှာလဲ
ကျနော့်မှာ ဘာမှ မရှိပါဘူး
ရင်ခွင်အကန်းနဲ့ ကမ်းမမြင်လမ်းမမြင်တော့ ချစ်တတ်ခဲ့တယ်
မသေချာမရေရာတဲ့ နောင်လာမယ့် ပြက္ခဒိန်တွေအတွက်
ရင်တထိတ်ထိတ်ခုန်နေရတဲ့ ဒုက္ခကို
ကျနော့်ဝက်ကလေး မသိရှာဘူး
အရူးအမူးဖြစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် မနည်းချွန်းအုပ်
ရင်ဘတ်တစ်ခြမ်းကို အတင်းသိမ်းထုပ်ထားရတာ
ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်
ဝက်ကလေးရယ်
ချစ်သေးရဲ့လားလို့ ခနခနမမေးပါနဲ့
စကားလုံးတွေထက် လေးနက်ခြင်းတွေကိုပဲ ငါသိမ်းထားတယ်
ယုံချင်ယုံ မယုံချင်နေပါ
ဆောင်းနှင်းတွေ ဆွတ်ဆွတ်ဖြူအောင် ပွင့်ဝေတဲ့နေ့က
ကျနော် သူ့ကို စချစ်ခဲ့တယ်။
ဇော်။
2 comments:
ဟောဒါက ဇော်လေးရဲ့ ဆွတ်ဆွတ်ဖြူ...
မောင်သိန်းဇော်ရဲ့ ဆွတ်ဆွတ်ဖြူပါသတဲ့လေ....
ဘယ်သူ့လက်ထဲက ဆောင်းနှင်းက ပိုကဲ ဆွတ်ဆွတ်မြူပါသလဲ....
ဒီဇင်ဘာရောက်ပြီ ကမ်းလင့်ထားတဲ့ လက်တွေဆီ လှမ်းလိုက်ကြစို့
သတိရခြင်းများစွာဖြင့်............
Post a Comment