ဒီနေ့ ၂၅နှစ်ပြည့်
ဖြတ်သန်းနေတဲ့ စက္ကန့်တွေမှာ
လှုတ်ခတ်လွန်းတဲ့အမှုန်တစ်ခုဟာ
ကျနော်ပါ
အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ ...
နံနက်စောစော ဘုရားသွားတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မိဖို့လဲ ကြိုးစားတယ်
ပါရမီတစ်ပါးကိုလဲ ဖြည့်ခဲ့တယ်
အမှုန်တစ်ချို့နဲ့လဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်
တော်လောက်ပါပြီ ..
အကြောင်းအကျိုးတွေနဲ့ စက်ဝိုင်းလည်နေသ၍
အကျိုးအကြောင်းတွေဟာ ရှည်လျားနေကြဦးမှာပါ ...
ပေါ့ပါးလွတ်လပ်တဲ့ ရယ်သံလွင်လွင်များ
နုနယ်ပျိုမြစ်တဲ့ အပြုံးချိုချိုတွေကြား
ဒုတိယအရွယ်ဟာ ကျနော်ပါ
ငြိတွယ်ခြင်းတွေ ... နှောင်ဖွဲ့မှုတွေနဲ့
ကျနော့်ကိုယ်ကျနော် မွန်းကျပ်လှောင်ပိတ်
အခုထိကို ရုန်းမထွက်နိုင်ဘူး ...
ဒီကဗျာ ရေးနေတုန်း ..
ဟိန်းလတ်ဇော်ကို သတိရတယ် ..
သစ်ရွက်တွေမှာတောင် သင်္ခါရ ရှိတယ်လို့ သူ ပြောခဲ့ဖူးတယ် ..
ဒါဆို သစ်ရွက်တစ်ရွက်လို အဆုံးသတ်တတ်ဖို့
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရဦးတော့မယ် ..
ဖြစ်တည်မှု ပဓာန၀ါဒီအကြောင်း
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်အကြောင်း
အစ မဟုတ်တဲ့ စတည်ခြင်း အကြောင်း
သစ္စာအကြောင်း ... အနတ္တအကြောင်း
အကြောင်းပေါင်းများစွာ ...
တခုတ်တရ ငြင်းခုန်ခဲ့ရသမျှ ..
ဒီနံနက် ဗုဒ္ဓပလ္လင်တော်ရှေ့
ဟိန်းလတ်ဇော်
လတ်လတ်ဇော်
နှင်းဦးဇော်
နွေဦးလွင်
ရှိုင်းနေလင်းဦး
နာမတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိခဲ့ကြ
ဟိန်းလတ်ပြောတဲ့ သံသရာစက်ဝန်းဟာ
ဒါများလားကွယ် ....။
ကဲ ...
အဲ့ဒီလို ပြောနေရင်း ပြောနေရင်းနဲ့
(ဟိန်းလတ်ဇော်ရဲ့ ကဗျာထဲကလို ...)
ဒေါင်လိုက်ရှင်သန်နေတဲ့ ကျနော့်ဆီ
အလျားလိုက်အိပ်စက်ရမယ့် သေခြင်းတရားဟာ
တဖြည်းဖြည်းနီးလာခဲ့ပြီ။
ဇော်။
ဖြတ်သန်းနေတဲ့ စက္ကန့်တွေမှာ
လှုတ်ခတ်လွန်းတဲ့အမှုန်တစ်ခုဟာ
ကျနော်ပါ
အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ ...
နံနက်စောစော ဘုရားသွားတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မိဖို့လဲ ကြိုးစားတယ်
ပါရမီတစ်ပါးကိုလဲ ဖြည့်ခဲ့တယ်
အမှုန်တစ်ချို့နဲ့လဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်
တော်လောက်ပါပြီ ..
အကြောင်းအကျိုးတွေနဲ့ စက်ဝိုင်းလည်နေသ၍
အကျိုးအကြောင်းတွေဟာ ရှည်လျားနေကြဦးမှာပါ ...
ပေါ့ပါးလွတ်လပ်တဲ့ ရယ်သံလွင်လွင်များ
နုနယ်ပျိုမြစ်တဲ့ အပြုံးချိုချိုတွေကြား
ဒုတိယအရွယ်ဟာ ကျနော်ပါ
ငြိတွယ်ခြင်းတွေ ... နှောင်ဖွဲ့မှုတွေနဲ့
ကျနော့်ကိုယ်ကျနော် မွန်းကျပ်လှောင်ပိတ်
အခုထိကို ရုန်းမထွက်နိုင်ဘူး ...
ဒီကဗျာ ရေးနေတုန်း ..
ဟိန်းလတ်ဇော်ကို သတိရတယ် ..
သစ်ရွက်တွေမှာတောင် သင်္ခါရ ရှိတယ်လို့ သူ ပြောခဲ့ဖူးတယ် ..
ဒါဆို သစ်ရွက်တစ်ရွက်လို အဆုံးသတ်တတ်ဖို့
ကျနော်လဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရဦးတော့မယ် ..
ဖြစ်တည်မှု ပဓာန၀ါဒီအကြောင်း
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်အကြောင်း
အစ မဟုတ်တဲ့ စတည်ခြင်း အကြောင်း
သစ္စာအကြောင်း ... အနတ္တအကြောင်း
အကြောင်းပေါင်းများစွာ ...
တခုတ်တရ ငြင်းခုန်ခဲ့ရသမျှ ..
ဒီနံနက် ဗုဒ္ဓပလ္လင်တော်ရှေ့
ဟိန်းလတ်ဇော်
လတ်လတ်ဇော်
နှင်းဦးဇော်
နွေဦးလွင်
ရှိုင်းနေလင်းဦး
နာမတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိခဲ့ကြ
ဟိန်းလတ်ပြောတဲ့ သံသရာစက်ဝန်းဟာ
ဒါများလားကွယ် ....။
ကဲ ...
အဲ့ဒီလို ပြောနေရင်း ပြောနေရင်းနဲ့
(ဟိန်းလတ်ဇော်ရဲ့ ကဗျာထဲကလို ...)
ဒေါင်လိုက်ရှင်သန်နေတဲ့ ကျနော့်ဆီ
အလျားလိုက်အိပ်စက်ရမယ့် သေခြင်းတရားဟာ
တဖြည်းဖြည်းနီးလာခဲ့ပြီ။
ဇော်။
2 comments:
အသိဥာဏ်နဲ့ အရှိဟန်တွေရဲ့ကြား
ရိုးသားခြင်းငွေ့ရည်တွေ
ကျနော် အငမ်းမရ ရှာဖွေနေတယ်
ဟိုတစ်စ ဒီတစ်စ လွင့်မျောခြင်းများ
တိတ်ဆိတ်ငြိမ်သက်စွာ
ပြာယာခတ်နေကြလေရဲ့ .
အားပေးနေတယ် ... ပျော်ရွှင်ပါစေ ..
သစ်ရွက်တွေမှာတောင် သင်္ခါရတရားရှိသေးတယ်ဆိုရင်..
ကျနော်တို့က သင်္ခါရတရားကို ဘာလို့မျက်ကွယ်ပြုထားရမှာလည်း..
ကဗျာဆိုတာ ကာလသုံးပါးကို လမ်းပြပါတယ်...
ဖြစ်တာပဲဖြစ်ဖြစ်.. ပျက်တာပဲဖြစ်ဖြစ်.. ကဗျာပေါ်ရောက်ရင်
"အနိစ္စကလည်း လှပါတယ်"
ကိလေသာ မကုန်သေးခင်တော့
ကဗျာဆိုတာ သံသရာအတွက် 'ဆေး' လို့ပဲ.. ကျနော်တွေးထားတယ်..။ (ကဗျာတွေဆက်ရေးပါ ဇော်..)
Post a Comment