ရုတ်တရက် ကိုယ်တစ်ယောက်တည်းလို့
သိလိုက်ရတဲ့ ခံစားချက်က
နှလုံးသားတစ်ခုလုံး ဆုပ်ညှစ်ထားသလိုမျိုး
အရင်းနှီးဆုံး ယုံကြည်ရတဲ့သူလို့ တစ်ထစ်ချသိထားပြီးကာမှ
သူစိမ်းတစ်ယောက်လို ရိုက်ခတ်မှုများ
ခါးသီးလိုက်ရတာ ...
မိုးတွေ အဖြိုင်လိုက်ရွာတယ်
လာတုန်းကလည်း တစ်ယောက်တည်း
ပြန်တော့လဲ တစ်ယောက်တည်းဆိုတဲ့ နိယာမ
ခနခန ကြားနေခဲ့သားနဲ့မှ
သင်္ခါရ လမ်းမှာ
သိရဲ့နဲ့ မိုက်တဲ့လူ
ဝမ်းနည်းပက်လက်
သွေးတစ်စက်စက်ကျပြီးကာမှ
ပြန်တည်ဆောက်ရဖို့ဆိုတာ
ရင်ဘတ်တစ်ခုလုံး ဖြန့်ခင်းပြီး နင်းရတာထက် ဆိုးတယ်
ရှိုက်ကြီးတငင် ငိုရင်းက
မသိလိုက်မသိဖာသာနဲ့ ကျသွားတဲ့ ဆုံးဖြတ်ချက်တစ်ချို့ရှိတယ်
သောကြာကုန်ပြီးရင်
နံနက်ဖြန်ရဲ့ အလင်းကို ငါ မမြင်ချင်တော့ဘူး။
ဇော်။
( ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၁။ သောကြာနေ့။
ည ၁၁နာရီ ၆မိနစ်)
၂၀၁၁ တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါ။
ဖိုင်တွဲတစ်ခုတည်းက ပြန်တွေ့လို့ တင်လိုက်တာ။
5 comments:
အရမ်း ကောင်းလိုက်တဲ့ စာသား။
အရမ်း တော်လိုက်တာပဲ။
ဇော် မငုံ အလည်လာသွားတယ်။ ကဗျာလေးတွေ ဆက်ရေးပါနော့။
long time no see ma lat lat zaw
ဇော့် ဆီကိုမရောက်တာ ကြာပြီ။ ဒီနေ့ဗညားက ဖဘမှာ ထိပ်ဆုံးကဇော့် ကဗျာလေးရှယ်ထားတာကိုတွေ့လို့ ဇော်စာတွေရေးတုန်းပဲဆိုပြီး ပြန်လာတာ။ ဒီကဗျာလေးကြိုက်တယ်ဇော်
Post a Comment