အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, September 10, 2009

နာတာရှည်

ဖြစ်တည်ဆဲခဏတိုင်းမှာ
တငွေ့ငွေ့ အလံတော်တွေထူပါ ...၊
အပြီးသတ်ခြောက်သွေ့သွားတဲ့နောက်
........... "ကျိန်ဆိုတဲ့နှင်းဆီ" ......
အေးစက်စက် ရနံ့နဲ့ ထုံအီ
လွတ်မြောက်ဖို့အတွက်
ထာဝရအိပ်စက်ခြင်းမှတစ်ပါး .....။

မေ့လျော့ပစ်ဖို့ကို မေ့လျော့
အခမ်းနားဆုံး လက်တစ်ဆုပ်စာထဲ
သွေးစုပ်မျှော့တစ်ကောင်တွယ်သလို၊
အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

လိပ်ပြာပဲဖြစ်ဖြစ် ...
ဆည်းဆာပဲဖြစ်ဖြစ်...
အလင်းရင့်ရင့်တွေ တဒင်္ဂဖြန့်ခင်းဖို့
နှုတ်ခမ်းတော်ကို
နာကြားခွင့်ပြုပါ ...။

လင်းစက်ရာ

17 comments:

ဝက်ဝံလေး said...

ငါ ၁ ကွ

ဝက်ဝံလေး said...

ဇော် ပျောက်နေတယ် အလုပ်ရှုပ်နေလို့လား ဟုတ်လား ဒါမှမဟုတ် ဘာလဲ များ တဂ်ထားလို့ ရေးရမှာကြောက်လို့လား ဟိဟိ

ဝက်ဝံလေး said...

သမီးကြီးမလာသေးဘူး နဲနဲသောင်းကျန်းလိုက်ဦးမယ် ရတယ်မလား အို... မရလဲသောင်းကျန်းမှာပဲမသိဘူးရော ဟဟဟဟ

ဝက်ဝံလေး said...

အွန့် ၄ တောင်ရောက်သွားပြီ ဘာမှလဲ မလုပ်ရဘဲနဲ့ ဟွန်းးး ခဏ စာဖတ်လိုက်ဦးမယ်

ဝက်ဝံလေး said...

ဘာဖြစ်လို့လဲဟင် နေမကောင်းဘူးလားဟင် ဒါနဲ့တခုပြောမယ် ဒီလိုလေး ရေးကြည့်ပါလား ဟင် shift+I အဲဒါဆိုရင် နှုတ်ခမ်းတော်ကို ဆိုတာလေး လှလှလေး ထွက်လာလိမ့်မယ် ဟိဟိ ဆရာလုပ်တယ် ထင်နဲ့နော် ဂယ်လဲ ဆရာလုပ်သွားတာ သိရား ဟဟဟ

ဝက်ဝံလေး said...

ပြန်မယ် ဒုန်းးးးးဒုန်းးးးးးးးး ထော်နဲ့တော့ ဟဟဟ ဘိုင်တာ့တာ ဇော်ရေ သောင်းကျန်းခဲ့ပါတယ်နော် ဟိဟိ

အိုက်ခီလောက် said...

လာတယ် ဂျစ်ညီမရေ
ဖတ်တယ် မန့် တယ်
ဘာတွေ များခံစားနေရသလည်းကွယ်
ပြန်ခါချိန်များနီးနေပြီမလား
အားတင်းထားစမ်းပါ
ပြန်ပြီးမှ ခွဲခွာချိန်ကျရင် အားမကျဖို့ အားတင်းထားပါ
ဆုံချိန်မှာပျှော်ဖို့ ကောင်းပေမယ့်
ခွဲခွာချိန်မှာ မပြုံးချင်ပဲပြုံးနေရလိမ့်မယ်
ဟုတ်ပြီလား အားတင်းထား
အားမလျော့စေနဲ့ 

yangonthar said...

အားပါး နှုတ်ခမ်းတော်ကို နာကြားခွင့်ပြုပါ
ဒါလား မတတ်တဲ့လက် ...... ကောင်းချက်

သားကြီး said...

ဝင်ပိစိလေး သောင်းကျန်းလှချည်လားဟ
ဇော်ရေ လင်းစက်ရာလက်ရာကတော့
ဘယ်က ဘယ်လိုစပြောရမှန်းမသိတော့ဘူး
အသံ ရော ရစ်သမ်ရော သစ်လွန်းနေတယ်
ငယ်ငယ်ကစားခဲ့တဲ့ဇီးသီးထုပ်နာမည်ကိုသွားသတိရတယ် “ကောင်းမှကောင်း”တဲ့

လင်းကြယ်ဖြူ said...

ကောင်းတယ်..ကောင်းတယ်
ကဗျာလေး
သူများသားသမီးတွေများရေးတတ်လိုက်တာနော်..
တော်တယ်တော်တယ်..
ဆက်လက်အောင်မြင်ပါစေ..
ကဗျာဆရာကော..ဘလော့ခ်ဂါ ရော...
ပျော်ပါစေ

သုခုမလေဒီ said...

ဒီအိမ်မှာလည်း ၀က်ဝံကလေးသောင်းကြမ်းသွားပြန်ပြီ။
ကဗျာလေးလာဖတ်ပါတယ်။
နာကြားစေဗျားးးးး

မင်းနေဝေး said...

ကဗျာလေးလာဖတ်သွားတယ် ....

အသေအချာကျူးတဲ့ ဒူးတစ်ဖက်ကြောင့်
ည .... ည ...
အိပ်ရမှာတောင် မသထာဘူး ...။

ဟုတ်ပါ့ .... အဲ့လောက်ကျူးချင်တဲ့ဒူး ...

Beauty Studio USA Branded Store said...

ဇော်ရေ ကဗျာတွေပဲဖိတင် နေပါလား။

ahphyulay said...

ည..ည အိပ်ရတာတောင် မသထာဘူးဆိုပါလားဗျ။
သိပ်ကြာသွားပြီလေ၊မတွေ့ ကြတာ၊ဒါကြောင့် တကူး
တကာလည်ရင်းမန့် သွားတယ်ဗျာ။နေကောင်းလားဗျို့ ။

မိုးစက်အိမ် said...

စကားလုံးသုံးနှုန်း ထားတာတွေကတော. လန်ထွက်နေတာဘဲ ငဇော်ရေ ... ကောင်းဗျာ

စည်သူ said...

ဝေးခလက်က လာသောင်းကျန်းသွားပြန်ပြီး..

ကျော်ဖရုံသီးနဲ့ ရောပလိုက်မယ်..

အင်...

ကဗျာဆက်နေပါလား..
ဟုတ်တယ်ညီမရေ.. မေ့သင့်တာကို မေ့မှဖြစ်တောမယ်

မဟုတ်ရင်..
အဟောင်းက အသစ်ပြန်ပြန်ဖြစ်နေတယ်..

emayarKhin said...

ကဗျာလေးခံစားသွားပါတယ်....