အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 30, 2009

ငွေ့ရည်ဖွဲ့ ပြတင်းတံခါးများ

တစ်စုံတရာတိုးဝှေ့ဖြတ်သန်းအသွား
ကျန်ရစ်ခဲ့တဲ့
ရနံ့တစ်စွန်းတစ်စကြောင့်
သွေးပျက်
ခြောက်အိပ်မက်တွေ တစ်နင့်တစ်ပိုးအစား
လရောင်တစ်ချို့တစ်ဝက်
လိုချင်ခဲ့မိတာ အမှန် ...။

တကူးတကမဟုတ်ခဲ့လည်း
တစ်ဦးတစ်ယောက်ကို
ရည်စူးပြီးတဲ့နောက်
တသီးတသန့် မျှော်လင့်ခြင်းတွေနဲ့
တယုတယ စိုက်ပျိုးမိခဲ့တာ အမှန်...။

မှော်စက်သင့်နေ့ရက်တွေကို
တစ်ခါတရံ တမ်းတ
တစ်ခါတစ်ခါ နာကျည်း
အလွမ်းအကြောင်းစကားလုံးတွေ
တမေ့တမောရေးဖြစ်ခဲ့ဖူးတာ အမှန်...။

ကံကြမ္မာရဲ့ လက်သည်းချွန်တွေကြား
စုတ်ပြဲသွားတဲ့ ဒိုင်ယာရီတစ်အုပ်ရဲ့
သိုသိပ်ခြင်း မျက်ရည်စက်တွေနဲ့
စုစည်းဖွဲ့တည်ထားတဲ့ တိမ်တိုက်တစ်ခုအဖြစ် ..
......... ( ကြယ်စင်လိုမင်းကို ) ..........
............. ( ငါက ) ...............
တမြတ်တနိုး ငေးကြည့်ရုံ .................
.................................................
.................................................။

လင်းစက်ရာ
၁၇၊၇၊၀၉

20 comments:

Anonymous said...

တော်တော်ကောင်းတဲ့ကဗျာလေးပါ..........

DEVIL said...

ကဗျာလေးကိုလာဖတ်သွားပါတယ်....
မခံစာတက်လို့ ဆွေးနွေးချက်မပေးခဲ့တော့ဘူး....

ဝသန်မိုး said...

နောက်ဆုံးအပိုဒ်လေးကြိုက်တယ်
ပျော်ရွှင်ပါစေ ဇော်ရေ

ခင်တဲ့
ဝသန်မိုး

အိုက်ခီလောက် said...

ဂျစ်ညီမ ညည်းဆားချက်တာလား :D
ဘော်ဒါတွေဟာချည်းပဲတင်နေတယ်ပေါ့လေ
သူငယ်ချင်းတွေလို့ မပြောရဘူး လက်စွမ်းတွေ ထက်နေကျတယ်
ပေါင်းလည်းပေါင်းတတ်ပါ့ ဂျစ်ညီမတော့
လင်းစက်ရာ သူငယ်ချင်းကဗျာလေးတွေ ကောင်းတယ်ဗျာ
ခံစားရေးဖွဲ့ ထားတယ်ဆိုတော့ ရင့်နဲ့ မဆန့် တော့လို့ ထင့်ပါ့

yangonthar said...

ညီဇော်ရေ ကဗျာလာဖတ်တယ် ကောင်း၏
ကိုရန်ကုန် :D

သီဟသစ် said...

ဇော်ရေ
ကဗျာလေးလာဖတ်သွားတယ်
ြုပန်ခါနီးမို့ အချိန်တွေကုန်တာ ကြာလွန်းတယ် ထင်နေပြီပေါ့

:D

ခင်မင်စွာဖြင့်
သီဟသစ်

သူကြီးမင်း (တုံးဖလား) said...

တမြတ်တနိုး ငေးကြည့်နေရုံဘဲလား။
အဲဒီလိုကြီးတော့မဟုတ်သေးဘူးထင်တယ်။
ဆက်ကြိုးစားပေါ့ဗျာ။

Angel Shaper said...

ကြယ်စင်လို မင်းကို ငါ တမြတ်တနိုးငေးကြည့်ရုံ။
အင်း တွေးသွားတယ်။ ဟဟားးးးးး
ဘာရယ်မဟုတ် တွေးချင်လို့ ကိုတွေးတာနော်။
လိုက်မမေးနဲ့။ ဒါပဲ။
ကဗျာလေး ကောင်းလို့ တွေးတာပါဟ။
အထင်မလွဲပါနဲ့။
တွေးသွားတယ်ကွာ။ ကဲ

မေဇင် said...

ဇော်ရေ... ကဗျာလေး ကောင်းတယ်..။ နောင့် ကတော့ ကဗျာကို စပ်လဲ မစပ်တတ်... သူများရေးထားတဲ့ ကဗျာလေးတွေကိုပဲ ဘာသာပြန်ကြည့်တတ်တယ်..။

တလနွန် said...

ကဗျာလာဖတ်ပါတရ်

Anonymous said...

အမှန် မှန်းသိပါသာပါတယ်ဗျာ..။ သိပ်လဲ ဝန်ခံစရာ မလိုပါဘူး ယုံပါတယ်.. ယုံပါတယ်

လင်းကြယ်ဖြူ said...

တစ်ခါတစ်ရံ..တမ်းတ
တစ်ခါတစ်ရံ ..နာကျည်း
တစ်ခါတစ်ရံ...တဗြီးဗြီး နဲ့
နှပ်ချေးတွေ ညှစ်ရင်း အော်ငိုချင်နေပုံပဲ...
အားလုံး အဆင်ပြေပါစေ...

ဝက်ဝံလေး said...

ကဗျာလေး ဖတ်သွားတယ် ဇော်ရေ

ဇော်ရော နေကောင်းပါရဲ့လား သတိရနေတယ်နော် ဘိုင်တာ့တာ

မင်းနေဝေး said...

ကဗျာကောင်းတယ်ဗျာ .....
တင်တဲ့လူရှိလို့ ဖတ်ရတယ် ....
ကျေးဇူးပဲ .... :D

စည်သူ said...

ကဲ.........

မင်းသားချောလေး..
လတ်လတ်ဇော်ရေ.......

ပရိတ်သတ်က တမ်းတနေလို့
စကားအပိုတွေမဆိုပဲ.. အလုပ်နဲ့သက်သေပြလိုက်ကြရ အောင်လားဗျာ...

အဲ....... မှားကုန်ပြီး

အရေးအဖွဲ့ ကောင်းတယ်ညီမရေ...
ကဗျာရဲ့ ဖွဲ့ဆိုမှုလည်းကောင်း
အရေးအသားတွေကလည်း ကောင်းတယ်ဟ

လက်စွမ်းထက်လှချေလား..

ပျော်ရွှင်ပါစေညီမရေ...
လွမ်းချင်းတွေလည်း
များများ ဖွဲ့နိုင်ပါစေဟေ့

ခင်မင်စွာဖြင့်
စည်သူ။

ဧရာဝတီသား said...

တသီးတသန့် မျှော်လင့်ခြင်းတွေနဲ့
တယုတယ စိုက်ပျိုးမိခဲ့တာ အမှန် ...။

အဲဒီ့ အဖွဲ့လေး အကြိုက်ဆုံးပဲ။ ခါတိုင်းလိုပဲ ကဗျာ တစ်ပုဒ်လုံး ကောင်းတယ်၊ ဖတ်ပြီးတိုင်းလည်း ရင်ထဲမှာတော့ တစ်ခုခုတော့ ကျန်တာချည်းပဲ။

ခင်မင်လျက်

သားကြီး said...

“လင်းစက်ရာ”က ကဗျာဆရာလားခင်ဗျ
ကဗျာလေးက တော်တော်ကောင်းတယ်
စကားလုံးတွေအသစ်ပဲ

သားကြီး said...

“လင်းစက်ရာ”ရေးးးးး
လုပ်ဦး
လုပ်ဦး
နောက်တစ်ပုဒ်လောက်......

မိုးစက်အိမ် said...

ကဗျာက စတိုင်သစ်နဲ. ရေးထားတာဘဲ :D

ရွှေပြည်သူ (ShwePyiThu) said...

“တကူးတကမဟုတ်ခဲ့လည်း
တစ်ဦးတစ်ယောက်ကို
ရည်စူးပြီးတဲ့နောက်
တသီးတသန့် မျှော်လင့်ခြင်းတွေနဲ့
တယုတယ စိုက်ပျိုးမိခဲ့တာ အမှန်...။”

ကဗျာလှလှလေးပါပဲ...