အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, February 9, 2010

‘ဇန်နဝါရီ ၁၃’

ကျွန်တော့်လက်ထဲမှာ
အပြုံးယဲ့ယဲ့ ဗလာစာအုပ်လေးဟာ
ဒုတိယမြောက်များစွာကို
ထမ်းထားရရှာတယ်။

ဒီစာအုပ်ထဲမှာ
တရုတ်သီချင်း အေးအေးလေးနဲ့ 
သူ့ ရဲ့ ရယ်သံတွေ
အိပ်နေတယ်။

ဒီစာအုပ်ထဲမှာ
သီချင်းတစ်ပုဒ်ကို
အကြောင်းပြချက်မဲ့စွာ ညည်းတတ်တဲ့
ခဲတံချိုချိုလေး ညပ်နေတယ်။

ဒီစာအုပ်ထဲမှာ
အရာရာဟာ သူ့ အတိုင်းသူ ရှိနေပါစေ ဆိုတဲ့
တစ်ယောက်တည်း ရန်ဖြစ်တတ်သူ
နောင်ကြီးတစ်ဦးရဲ့ 
မျက်မှန်ကိုင်းလေးလည်း သေနေတယ်။

မိန်းကလေးရေ ...
အလိုလို လုပ်ယူထားတဲ့
မိုးအတုတွေလည်း
ငြိမ်းပြီ၊
အက္ခရာစဉ်အတိုင်း
တူရာတူရာ တွဲထားတဲ့
မပီမသ နေ့ လည်စာတစ်နပ်လည်း
ပီပီသသ အသိမ်းခံရပြီးပြီ၊
ပြီးခဲ့တာတွေ မပြီးသေးတဲ့ဟောဒီကောင်ကတော့
အစိမ်းရောင် အင်္ကျီထဲမှာ
ချောက်ကမ်းပါးရောင် နက်မှောင်နေတယ်။

ဒီဗလာစာအုပ်လေးပဲ
ခဏခဏ ဖွင့်ဖတ်မိတယ်။
ဆန်းဆန်းပြားပြားတွေမပါဘဲ
ရိုးရိုးလေး နေချင်ရုံ၊လေချင်ရုံပါ
မိန်းကလေးရေ ...
ကျွန်တော်က အပျင်းကြီးတော့
ကျောရိုးတစ်လျှောက် ကို
နေ့ စဉ် ခုတ်ထွင်ရှင်းလင်းရတာပေါ့။

တစ်စုံတစ်ယောက်ရဲ့  ပယောဂမပါဘဲ
သူမကို တိုင်တည်ပြီး
တစ်စုံတစ်ရာကို ၀န်ခံကြည့်မယ်၊
`သတိရတယ် .............´
က၀ိတွေ ပန်းကို ပျိုးသလို၊
ဥယျာဉ်မှူးတွေ လင်္ကာစပ်သလို၊
နှင်းခေတ်က ကျောက်နံရံပန်းချီတွေ မီးလောင်သလို၊
သူမကို ကျွန်တော် သိပ်သတိရတယ်။

အမှန်ပါ ..မိန်းကလေး
အမှန်ပါ၊
ဗလာစာအုပ်လေး
မျက်စိကွယ်ခဲ့တာ လည်းအမှန်ပါ၊
ဇန်န၀ါရီ ၁၃ ဆိုတဲ့ရက်စွဲ တစ်ခု
အခိုးခံလိုက်ရတာလည်း အမှန်ပါ၊
ကျွန်တော်တို့ 
တစ်ယောက်နဲ့ တစ်ယောက်
နေရာအနှံ့  ဝေးခဲ့ကြတာလည်း အမှန်ပါ။

ကျွန်တော့် မျက်လုံးများပိုင်ရှင်မလေးရေ ...
အမှန်တရားထဲမှာ နေထိုင်ပါ၊
မြေကြီးကို သစ္စာရှိပါ၊
ကောင်းကင်လို ရိုးသားပါ၊
ပြဌာန်းဖတ်စာအုပ်တွေ ကို
ရိုသေစွာ ကိုင်တွယ်ပါ။


ဇာတိ

( ကျနော်နဲ့ မင်း ကြိုက်မိတဲ့ ကဗျာလေးပါ .. ရေးတဲ့သူကို ကျနော်တို့ လုံးဝ မသိပါဘူး .. ဒါပေမယ့် သူ့ရဲ့ လင့်ကိုတော့ ကျနော်တို့ သိထားလို့ ဒီမှာပဲ ဒီလို ပြန်ဖော်ပြလိုက်ပါတယ် .. အခုလို တင်ရခြင်းက ကျနော်တို့ သိပ်ကြိုက်လိုက်မိတဲ့ ကဗျာလေးကို အမှတ်တရ သိမ်းထားချင်လို့ပါ .. ပိုင်ရှင်ကို မသိတဲ့အတွက် ခွင့်မတောင်းဖြစ်ခဲ့ပါဘူး.. ဒါပေမယ့် ကျနော် သူ့လင့်ကို ဖော်ပြထားပြီး သူ့နာမည် ( ဟုတ်မဟုတ်မသိပါဘူး ) ကို ဖော်ပြထားလို့ ကျနော့်ကို သူ စိတ်မဆိုးလောက်ဘူးထင်ပါတယ် .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. =]
http://www.mysuboo.com/index.php?option=com_blog&name=L0v34MuLaBoy&task=view&pid=24105&mosmsg=Incorrect+username+or+password.+Please+try+again.&mosmsg=Incorrect+username+or+password.+Please+try+again. )


15 comments:

ဝက်ဝံလေး said...

ကဗျာလေး လာခံစားသွားတယ်နော် ဇော် ရေ နေကောင်းပါရဲ့လား
မတွေ့တာ ကြာပေါ့ စီဘောက်ကြီး ဘယ်ပျောက်သွားတုံး
မီးကြီး အိမ်ကျယ်နဲ့တော့ တွေ့ဖြစ်တယ် ဇော်ရေ
နေကောင်းရင် ပြီးရော ဝက်လဲ အခုမှ ပြန်ဘလော့ဂ်ဂင်းလို့လေ ဘယ်မှသိပ်မရောက်ဖြစ်ဘူးရယ်

ဘိုင် တာ့တာနော် ဇော်

အိုက်ခီလောက် said...

အင်း ပျောက်နေတာတော့ မပြောချင်ပါဘူးလေ
အကုန်လုံးကိုခြေရာလက်ရာဖျောက်နေတာပါပဲလား
စီပုံးလည်း ဖျောက် ကော့မန့် လည်း ဖျောက်နဲ့ 
ဘာများစိတ်နာစရာတွေ့ သွားတာတုံး ဂျစ်ညီမ၇ဲ့ 
တော်သေးတာပေါ့ ကော့မန့် လေးပြန်ဖွင့်ပေးသွားလို့ 
ကဗျာလေးတော့ မခံစားဖူးတော့ နားလည်အောင် ဖတ်ကြည့်မိတယ်

ငှက်ငယ်လေး said...

visited ကိုနွေဆူးအလင်္ကာကနေတင့်လာလည်သွားတယ်နော်..ကဗျာတွေဖတ်သွားတယ်း)

သွယ်လင်းဆက် said...

ဒါ ကိုဇာတိ ရဲ့ဘလော့လင့်ပါ http://zarti.myanmarbloggers.info သူတို့၊ ကိုသူရသဝါတို့က ဆူဗူးမှာခုထိ အမြဲရေးတုန်းပဲ။
ဇော် အရင်နှစ်တုန်းကကျွန်တော်စီဗုံးထဲမှာနှစ်ခါသုံး
ခါလောက်လာအော်ဖူးပါတယ်။ အဲဒီထဲကလင့်ထားတာ
ကိုတွေ့တယ်။ ဇော်မေ့နေလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြန်လာလည်တော့ မန့်လိုလည်းမရဘူး။ စီဗုံးလည်းမရှိဆိုတော့။ အကုန်ပိတ်ထားတယ်။
ရောက်ဖြစ်ပါတယ်။ အဲဒီတုန်းက ဇော် ကြိုက်
တယ်လို့ပြောခဲ့တဲ့ကဗျာလေး ရန်ကုန်က ကဗျာဆရာတွေရွတ်တဲ့ AIDS ရန်ပုံငွေရှာပွဲမှာ ရွတ်ဖြစ်ခဲ့သေးတယ်။ လူကြိုက်နည်းသောကဗျာ
တွေကိုရေးပေမဲ့ ကြိုက်တဲ့လူတွေရှိသေးတာကြောင့်
ကျွန်တော်ဝမ်းသာမိပါတယ်။ ကျေးဇူးပါ ဇော်။

ညလင်းအိမ် said...

ကွန်မန့်ဘောက်ပြန်ဖွင့်လားတာ မသိဘူးဗျ..
ခုမှ တွေ့တယ်...

ကျွန်တော်မှာလဲ အဲလို ရက်စွဲ ရှိတယ်ဗျ...

လင်းကြယ်ဖြူ said...

ဇန်န၀ါရီ ၁၃ လာဖတ်သွားတယ်နော်...
အဲ
ဖေဖော်ဝါရီ ၁၃ ကိုလည်း မမေ့နဲ့ဦးနော်...း )
ဂုဏ်ပြုကြပါစို့လား...
ဖေဖော်ဝါရီ ၁၃ ဟာ ၊ .......

..........
ပျော်ပါစေ
*.*.*

နွေဆူးလင်္ကာ said...

ကိုဇာတိကဗျာတွေ တော်တော်ကြိုက်ပါတယ်။ ကျနော်လည်း ကဗျာကောင်းလေးတွေဆို စုဗူးမှာလည်း သွားတင်ထားတတ်တယ်။

နှင်းနဲ့မာယာ said...

ဇော်ရေ
အဲဒီကဗျာလေးကို သဘောကျတယ်....
ကောမန့်ဘောက် ပြန်ပေါ်လာလို့ ဝမ်းသာပါတယ်...

ဇာဏီ said...

ဇာတိ ဆိုလို့ ကျနော်သိတဲ့ကိုဇာတိများလား
သူ့လင့်က http://zarti.myanmarbloggers.info/
ပါ....တစ်ချက်ကြည့်လိုက်ပါလား
ကျနော်ကတော့ ကိုဇာတိကဗျာတွေကို အကုန်မသိဘူး
ဒါပေမယ့် ဖတ်မိသမျှတော့ ကြိုက်တယ်

khin oo may said...

glad to see you..

ဇော် said...

ကိုဇာဏီ ..
ခင်ဗျားပြောတာမှန်ပါတယ် .. အဲ့ဒီ ကိုဇာတိပါ .. ကျနော်တို့က မိုင်စုဘူးမှာ ဖတ်ဖူးတာပါ ..
ကျနော်နဲ့ ကျနော့်သူငယ်ချင်း မင်း တို့ အတူနှစ်သက်တဲ့ ကဗျာလေးမို့ .. ( အထူးသဖြင့် မင်း နှစ်သက်တဲ့ ကဗျာလေးမို့ ) ကျနော်အမှတ်တရ ကူးယူဖော်ပြလိုက်တာပါ ..
တကူးတက အားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ .. =)

ဟုတ်ကဲ့ပါ အမခင်ဦးမေ .. ကျနော်လဲ မြင်ရတာ ၀မ်းသာပါတယ်ခင်ဗျာ ..

ဒေါ်လေးနင်းရေ .. ကျနော် ကွန်းမန့်ဘောက်စ်ပြန်ဖွင့်တာက ကျနော် ဘလော့ဂါတို့ရဲ့ ဘလော့ဂါမှာ ကွန်းမန့်သွားပေးထားတယ်ဗျ.. အဲ့ဒါ ကျနော့်ကို မကျေနပ်ရင်ဖြစ်ဖြစ် .. ဆဲချင်ကြရင်ဖြစ်ဖြစ် .. အလွယ်တကူ ပြောလို့ရအောင် .. ဖွင့်ဖြစ်လိုက်တာပါ .. အခုထိ အဆဲမခံရသေးဘူးဆိုတော့ .. ကျနော်ကံကောင်းနေလို့နဲ့တူတယ် .. =)
ဒီလိုနဲ့ပဲ ကွန်းမန့်တော့ ကျနော် ပြန်ဖွင့်ဖြစ်တော့မယ်ထင်ပါတယ် .. အမှတ်တရပေါ့ .. =)

Anonymous said...

ငတုံးလို့ပဲ ခံယူလိုက်ပါတယ်ဗျာ ဘာမှနားမလည်ဘူး။ သြော်... မောဒန်ကဗျာတွေ ခံစားမယ်ဆို ရေးသူကိုအနားခေါ်ထားပြီး စာတလုံးခြင်း ဘာသာပြန်ခိုင်းမှနဲ့တူပါရဲ့... အင်းလေ ကိုယ်ကလဲ တုံးတာကိုး.. အင်္ဂလိပ်အက္ခရာ A ကိုတောင် နွားလှည်းထောက်လို့ ထင်နေတာဆိုတော့...။

Angel Shaper said...

ငဇော်ရေ......
ကွန်မန့်ဘောက်စ်ကြီးတွေ့တော့ ငါ့မှာ အံ့တွေကိုသြလို့။
သတိရပါ့။ ပျောက်နေတယ်နော်။
ကဗျာလေး ကြိုက်တယ်။ သေချာတယ် ဇော့်အကြိုက် မင်းအကြိုက်မို့လို့များ အိန်ဂျယ့်အကြိုက်ဖြစ်တာလား လို့ ခိခိ။ ကဗျာလေး တကယ်ကောင်းတယ်။ သိမ်းထားလိုက်တယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေ။

shwezinu said...

ကိုဇော်

ကိုနွေဆူး ဘလော့ မှာတွေ့လို့လိုက်လာပါတယ်
စာကောင်းလေးတွေဖတ်ချင်တယ် ဆိုလို့ ကျနော့် ဘလော့ ကိုဖိတ်ခေါ်ပါတယ်
ကျနော့်စာတော့ မဟုတ်ဘူးနော်
တခြားစာကောင်းလေးတွေတင်ထားပါတယ်
ဖတ်စေချင်ပါတယ်

ခင်တဲ့
ရွှေစင်ဦး

နေ့ သစ် said...

း)
ကျေးဇူးတင်ပါတယ်။