အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, February 13, 2010

......ဖူးသော........

အမှတ်တမဲ့
ခလုတ်တိုက်မိတာ
တစ်ဘ၀လုံးစာ
အလန့်တကြားဖျားတယ်..။

ကတိုက်ကရိုက်ရင့်မှည့်လာတဲ့
မနက်ခင်းတစ်ခုထဲ
အစိမ်းလိုက်ကြွေတဲ့ ပန်းတစ်ပွင့် ၊
လေပြေမှာ
သိမ်းထုပ်ထားတဲ့ ရနံ့တွေအန်ချ
အမှတ်တရပျော်ဝင်ဖို့အတွက်တော့
ရာသီဥတုက အေးတယ်..။

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

(ပုစဉ်းတစ်ကောင်ရဲ့ ဂီတကမှ
ချိုသေးတယ်)
အကျိုးအပျက်ကြယ်တွေခူးပြီး
တုံ့လှည့်ကြည့် မျက်ဝန်းတွေကို
အိပ်မက်မက်ဖူးရဲ့...။

အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

လင်းစက်ရာ

7 comments:

ဝက်ဝံလေး said...

ဖတ်သွားတယ်နော် ဇော် =)

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ....


အဲဒီလိုရူးဖို့
အခိုင်အမာ စီရင်ချက်ချရင်း
ခဏတာသေခွင့်ကို
ငံ့လင့်..
ငါ့ကောင်းကင်က
အစိမ်းရင့်ရင့် ဖြာတယ်...။ ။

Anonymous said...

ဇော်မ အစက ကွန်မန့်ဖြုတ်ထားတာလား မတွေ့ဘူး ခုမှတွေ့တယ် အစကရှိရင် အကို မန့်ပါတယ် ခုမှတွေ့တယ် ကွန်မန့်ဆက်တင် . . . .

(အကြွင်းမဲ့)
အိပ်မက်တွေ အပြိုင်းအရိုင်းရွာပြီးတာတောင်
လှိုင်းခတ်တဲ့ ကမ်းစပ်အဖြစ်
ဖရိုဖရဲညနေတွေကို
ဟန်...ဆောင်...မြို...သိပ်...
အစင်းစင်းထိအပ်တဲ့
မြားဆိပ်တွေ သင့်သူပေါ့...။

ထိတယ် ထိတယ် တည့်တည့်ကိုထိတာ ဇော်ရေ

Anonymous said...

ကျနော့်ရဲ့တစ်ကိုယ်စာ ကဗျာပြခန်းမှာ ချိတ်ဆွဲထားရမယ့် ကဗျာလေးပါပဲ...
(killer4luv)

နွေဆူးလင်္ကာ said...

ခလုတ်တိုက်လို့ ဖျားသွားသလား ..
ဘိုင်အိုဂျက်ဆစ် နံပါတ် ၁

လင်းကြယ်ဖြူ said...

ကဗျာလေးဖတ်သွားပါတယ်ခင်ဗျာ
အားလုံးအဆင်ပြေ ပါစေ..နေကောင်းပါစေ..
ပြီးတော့
ပျော်ပါစေ လို့
မှတ်ချက်...စိုက်ကြည့်ရင် အလိုက်သိပါ...
ဘယ်မှာလဲ ကြာဇံကြော်...ဒီတစ်သက်စားရဦးမှာလားဟဲ့
း-)

ကြည်ဖြူပိုင် said...

ဇော်လေးရယ်
ကဗျာလေးကကောင်းလိုက်တာ