အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, February 3, 2010

ကြွေချိန် ..

ဥသြသံနဲ့ ဖြတ်ချလိုက်တဲ့
သစ်ရွက်ဝါ၀ါတစ်ရွက်
သူပေါ့
တစ်ဆောင်းလုံး နှင်းရည်သောက်ခဲ့တာ
အညှာ ဘယ်ခိုင်တော့မှာလဲလေ ...


ဇော်။

7 comments:

Unknown said...

သစ်ရွက်ကြွေက
နွေဦးအတွက်..
မြေနီလမ်းလေးအတွက်..
တစ်ချက်မှာ ဝေ့၀ဲသွားတဲ့လေပြေအတွက်..
သူက တစ်ဆောင်းလုံးကို စောင့်ခဲ့ရတာလေ..။
:)

(nga Min..)

လင်းကြယ်ဖြူ said...

အန်တီရေ
သားက အန်တီရဲ့စာဖတ် ပရိတ်သတ် တစ်ယောက်ပါ
အခုလည်း ဖတ်ပြီးလို့
ကဗျာလေးက
တိုတိုလေး နဲ့ ထိ ပါတယ် ခင်ဗျာ..

ပျော်ပါစေ အန်တီရေ ....

*.*.*.

ဂျေဂျူဝိုင် said...

aunt ဟင်

မန့်မလို့ဟာ

ညလင်းအိမ် said...

သနားစရာလေးနော် ကဗျာလေးက ...

ဧရာဝတီသား said...

:)

ကဗျာလေး ဖတ်ပြီးတုန်းက ပြုံးမိခဲ့တဲ့ အပြုံးလေးကို အမှတ်တရ ပြန်လာရေးတာ။

အဆင်ပြေပါစေ ညီရေ ...

မငုံ said...

ကဗျာလေး ချစ်စရာလေး။ ကြိုက်တယ်။

Kaung Kin Ko said...

ဒီကဗျာလေး ဖတ်သွားတယ်ညီမ။