အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, June 26, 2010

ခေါင်းစဉ်မရှိသော ...

အဲ့ဒီနေ့က ခါတိုင်းလို မိုးမရွာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို ပန်းပင်ကလေး မပွင့်ခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို သူမလာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို တွေ့နေကြနေရာလေးမှာ မရှိခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို အိမ်ပြန်တော့ မနက်ဖြန်ဆိုတာ မရှိတော့ဘူး..
အဲ့ဒီနေ့က ...
အဲ့ဒီနေ့က ခါတိုင်းလိုမဟုတ်ဘဲ သူ့ကို တစ်သက်စာ လွမ်းတတ်ခဲ့တယ်...။

မင်း

(မင်းထွက်သွားသောနေ့ အမှတ်တရ)

3 comments:

သိင်္ဂါကျော် said...

ကဗျာလေးက တိုပေမယ့် ခံစားချက်ကို ပေါ်လွင် ထိမိတဲ့ ကဗျာလေးပါပဲ...

တလနွန် said...

ကဗျာ အဆုံးသတ်လေး လှတယ် .

ညလင်းအိမ် said...

ဟူး .................