အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, October 31, 2010

သူမသိသော တနင်္ဂနွေ...

ဘယ်တော့လဲလို့ သူမပြောခဲ့ဘူး
ဘယ်အချိန်လဲလို့လဲ သူ မသတ်မှတ်သွားဘူး..
နှုတ်ဆက်ခြင်းကင်းစွာ သူထားခဲ့တဲ့
တိတ်ဆိတ်တဲ့ ကျန်ရစ်မှုအောက်.. နာရီပတ်တွေ လည်ခဲ့တယ်

အဝေးရောက်တိမ်တိုက်တွေရယ်..
အမှာစကားနားကြားဖို့များ ငံ့လင့်နေရော့သလားကွယ်
မိုးရွာပြီးစ သက်တံ့ရောင်ပျိုကိုမှ လွမ်းဆွတ်မိတဲ့ငါ
နောက်တစ်ကြိမ်မိုးအရွာကို မှီပါဦးမတဲ့လား

ဖိတ်ခေါ်လို့မှ ရောက်မလာတဲ့ ဧည့်သည်
အိပ်တန်းများ တက်နေခဲ့ပါသတဲ့လားကွယ်
ခပ်မဆိတ်ငံ့လင့်ရင်း ရည်စူး
ကြယ်တစ်ပွင့်ကို ငါရူးခဲ့မိလိုက်တယ်

စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့

ခွင့်မတောင်းပါဘဲ ဆက်ထားမိတဲ့ ပန်းချီကားတစ်ချပ်ကို
အလိုမတူပါဘဲ ချိတ်ထားခဲ့မိတယ်..
ငါက သစ်တစ်ပင်ပါ ..
ပျံသန်းရောက်ရှိလာတဲ့ နွေဦးငှက်လေးကို ရင်ခွင်မှာ ပွေ့ဖက်မထားနိုင်ခဲ့ပေမယ့်
သူထားခဲ့လေသမျှ ခြေရာတွေကို သိမ်းဆည်းသိုဝှက်ရင်း
သူ့ကို...
တသသ ငေးမောရုံ...

ဇော်။

3 comments:

Anonymous said...

ဖတ်လိုက်ရတာ အရမ်းကို လွမ်းဆွေးသွားရသလိုပဲ ...

သူမသိတဲ့ တနင်္ဂနွေပေမယ့်
အဲဒီနေ့က သူရှိနေပေးတယ်ဆိုတာ ....

Nyalynneain

lynnkhitdeno said...

စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့


:)))
ရင်ဘတ်ကြွေသံတွေက မိုက်လွန်းတယ်

နွေဦးလွင် said...

"ဘယ်မပြောခဲ့သူတော့လဲ
အချိန်ဘယ် မသတ်မှတ်ခဲ့
ကင်းနှုတ်ဆက် တိတ်ဆိတ် ထားတဲ့
နာရီလည်ပတ်မှု နဲ့ကျန်ရစ်

တိမ်အဝေးရောက်တွေ
ကြားစကားနာ အမှာ ငံ့နေသကွယ့်လား ..
ရောင်ပျိုမိုးလွမ်း သက်တံ့ငါ ရွာပီးစ ကို မှ
နောက်တစ်ကြိမ် မိုးအရွာကို မှီပါဦးမလားတဲ့" ysif;vdkYavQmufa&;rdwmaZmf .. ;) cGifhvTwfaemf