လေလှိုင်းထဲ စီးမျောလာတဲ့ အဲ့ဒီ ဂီတတွေထဲ
ညစ်ညူးမှုတွေ အချိုးကျကျ ပါဝင်နေခဲ့ပါသတဲ့
မကြည်လင်မှုတွေနဲ့ အဓိပါယ်ဖွင့်ဆိုထားတဲ့ ဂီတတွေရဲ့
ညှို့ငင်မှုအောက်မှာ
ငါ အသက်ရှူဖို့တောင် မေ့လျော့ခဲ့မိတယ်
ညနေခင်းက သာယာပါရဲ့
ရာသီဥတု အေးစိမ့်လိုက်ပုံများ
ငါ ကိုယ်တိုင်တောင် နှင်းဖြစ်လောက်တယ်
စိုထိုင်း အေးစက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲ
ငြိမ်ငြိမ်သက်သက် ထိုင်ရင်း
အသက်ရှူဖို့ ငါမေ့ခဲ့တယ်
ငါဖတ်ဖူးခဲ့တဲ့ ကဗျာထဲကလို
အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့
အကြောင်းအရာတွေ ကြီးကျယ်စရာမှ မလိုခဲ့ဘဲလေ...
မြောက်ပြန်လေရဲ့ ဆောင်းငွေ့တွေနဲ့အပြိုင်
အေးစက်စက် ဂီတသံတွေ နာကြားရင်း
ငါ့ စိတ်ခန္ဒာ.. အဲ့ဒီခြေရင်းမှာ ပြိုလဲခဲ့တယ်..
စကားလုံး မရှိတဲ့ ခံစားချက်ကို .. အဓိပါယ်ဖွင့်ဖို့ ငါ ကြိုးစားရင်းနဲ့ပဲ
ရထားအိုလဲ ဝေးသွားခဲ့တယ်
ငါ မငိုပါဘူး ချစ်သူ
မျက်ရည်တွေက နာကျင်ခြင်းတွေကို တိုက်စားသွားမှာစိုးလို့
ငါ မငိုဖြစ်ခဲ့ပါဘူး
အဲ့ဒီ မြှားဒဏ်ရာရဲ့ သွေးအစက်စက်ကျမှုကို သိမ်းဆည်းရင်း ငါ တိတ်တဆိတ် ကြွေလွင့်ခဲ့တယ်..
နဖူးက အမာရွတ်ကိုမြင်တိုင်း မဟော်ကိုသတိရတတ်တဲ့ ကေ၀ဋ်ပုဏားလို
ငါ့ သွေးအစက်စက်ကို နင်ပြဆိုတယ်
စိတ်ညစ်ရတယ်ဆိုတဲ့ စကားသံတစ်ချို့အောက်
ငါ သိမ်ငယ်ပျောက်ဆုံးခဲ့တယ်..
ငါ သိပ်ချစ်တဲ့ ဟော့ဒီ ငါ့ရဲ့ လက်အစုံက ငါမြတ်နိုးတဲ့ ချစ်သူကို နာကျင်စေခဲ့တယ်တဲ့လား
ငါ တန်ဖိုးထားခဲ့တဲ့ ငါ့ စိတ်ကူး အသိဥာဏ်အချို့က ငါ ချစ်တဲ့ ချစ်သူကို စိတ်ညစ်စေခဲ့တယ်တဲ့လား
အလန့်တကြား ငါ မော့ကြည့်မိတော့..
အိုး ကောင်းကင်ရယ်.. မှိုင်းမှုန်ရီဝေလွန်းချည်ရဲ့
ပျောက်ဆုံးနေတဲ့ စကားသံတွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ငါ ခံခဲ့ရတဲ့နောက်
လေတွေတောင် အတွယ်အတာ မဲ့နေကြသလိုပါပဲ
လောကကြီးရယ် .. ငါတစ်ယောက်တည်း နေခွင့်ပေးပါ
ဘုရားအဆူဆူရှေ့ ငါ့ချစ်ခြင်းကို ပြဌာန်းချင်လို့
ချစ်မိတာကို အပြစ်တစ်ခုလို အတင်းဆိုကြပါစေ..
ငါ့ ရင်ဘတ်က အသည်းနှလုံးတစ်ခြမ်း နင်တစ်ခြမ်းဖြစ်ခဲ့တယ်
ချစ်သူရင်ကို မြင်အောင်မကြည့်နိုင်ပါဘဲ ဝေါဟာရတွေ ဖွဲနွဲ့ခဲ့မိလို့
စကားလုံးတွေရဲ့ ဒဏ်
ငါသင့်ခဲ့တယ်
ကမ္ဘဦးအစမှာကတည်းက
ချစ်တယ်ဆိုတဲ့စကား ချစ်သူနားလည်အောင် ပြောမပြတတ်ခဲ့တဲ့ကောင်
နောင် ဆယ်ကမ္ဘာတိုင်အောင် လွမ်းရစေသတည်းတဲ့..
ဒီလိုနဲ့ပဲ .. ကျနော်ပျောက်ဆုံးခဲ့တော့တယ်
အညတရ ဆန်စွာ.........
ဇော်။
6 comments:
ကလေးမလေးရယ်....
ရေးတတ်လိုက်တာ...
ဖတ်ရင်းနဲ့ ငိုချင်လာပြီ....
တကယ်ပဲ ပျောက်သွားတော့မှာလား....
မနှင်း
အဲလို တကယ်သာ ပျောက်ဆုံးလို့ ရကြစတမ်းဆို ငါ့ကို နိဗ္ဗာန်မှာတောင် လိုက်မရှာကြပါနဲ့ ......
လူမှားသွားတာ ဆောရီးပါ
အချစ်နဲ့ ပက်သက်တဲ့သူတွေတိုင်းဟာ သူရဲကောင်းတွေပါဗျာ ဘာကြောင့်ဆို အချစ်ဆိုတာ စစ်ပွဲတစ်ခုလိုပဲမို့ပေါ့ အညတရတော့မဟုတ်ပါဘူး ။
ချစ်တယ်ဆိုတာကို ချစ်တယ်လို့ ပြောပြနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေပြန်ပြန်မေးကြည့်ရမယ် ကဗျာလေး ကောင်းတယ် ။
ကမ္ဘဦးအစမှာကတည်းက
ချစ်တယ်ဆိုတဲ့စကား ချစ်သူနားလည်အောင် ပြောမပြတတ်ခဲ့တဲ့ကောင်
နောင် ဆယ်ကမ္ဘာတိုင်အောင် လွမ်းရစေသတည်းတဲ့..
ဒီလိုနဲ့ပဲ .. ကျနော်ပျောက်ဆုံးခဲ့တော့တယ်
အညတရ ဆန်စွာ.........
ဝိုးးးးးး ငဇော် ငါတော့ မျှောသွားတာပဲ ကဗျာထဲမှာ
ချစ်တတ်လိုက်တာ ကိုကိုက ကွန်ပြူတာဆိုတဲ့ လူကြီးတော့ ကြွေတော့မှာပဲ။ သူ့ပုံတွေ ဘယ်ရောက်ကုန်လဲ။
Post a Comment