အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, December 11, 2010

အလွမ်းဖွဲ့ ရာသီ

အရှေ့ဘက်ကောင်းကင်မှာ
မိုးတွေ ညို့လာနေခဲ့ပြီ
အဲ့ဒီ ရေစက်တွေပေါ့
ငါ့မျက်ရည်နဲ့ ဟန်ဆောင် မိတ်ဖွဲ့ကြဦးမယ်

မစားကောင်းမှန်းသိပါရဲ့
ငါကိုက ဆာလောင်ငတ်မွတ်နေခဲ့မိတယ်
ထွန်ယက်စိုက်ပျိုးခဲ့တာပါပဲ
မြေပြင်ကိုက မျိုးဖြစ်ဖို့ ညံ့ခဲ့တယ်

စကားသံတွေ စကားလုံးတွေ
(ငါ့အပေါ်ကို)
သဲကြီးမဲကြီး ရွာချနေကြတယ်

နှုတ်သီးကောင်း လျှာပါးလေးရယ်
နှုတ်ခမ်းတလန် ပန်းတလန်တွေ
ခနလောက် သိမ်းထားပါလား
နင့်ရဲ့ စွာလန်ကြဲမှုတွေထဲ
ငါ့မာနတွေ အရည်ပျော်
ငါကိုယ်တိုင်တောင်
ခေါင်းမဖော်နိုင်တော့ဘူးကွဲ့

အဲ့ဒီ အပြာရောင်လေးနဲ့ ငါဆုံတိုင်း
အလန့်တကြား ထထခုန်တဲ့
ဒီရင်ဘတ်ကို ငါ မုန်းတယ်

ကောင်းကင်တေးသံတွေ
တစ်စွန်းတစ်စ ငါကြားမိတိုင်း
အငမ်းမရဖြစ်တတ်လွန်းတဲ့
ဒီနားရွက်တွေ ငါ မုန်းတယ်

အဲ့ဒီလို
(အခိုင်အမာ) ရူးနေခဲ့ရင်းက

(မစားရလို့)
တားမြစ်ထားတဲ့ ပန်းသီးလေးရယ်........
အခုတောင်
ငါ လွမ်းတယ်........

ဇော်။

6 comments:

သိင်္ဂါကျော် said...

မိုးတွေ စွေနေတဲ့ အခုလို ရာသီနဲ့ လိုက်ဖက်တဲ့ ကဗျာလေးပါပဲ..

မြတ်မွန် said...

ဇော့်ကဗျာလေး မိုက်တယ်။

လင်းခေတ်ဒီနို said...

နှုတ်သီးကောင်း လျှာပါးလေးရယ်
နှုတ်ခမ်းတလန် ပန်းတလန်တွေ
ခနလောက် သိမ်းထားပါလား
နင့်ရဲ့ စွာလန်ကြဲမှုတွေထဲ
ငါ့မာနတွေ အရည်ပျော်
ငါကိုယ်တိုင်တောင်
ခေါင်းမဖော်နိုင်တော့ဘူးကွဲ့

ထိတယ်ဝေးးး ထိတယ်ဟ ထိတာမှ ပက်ပက်စက်စက်ကြီးကို ထိတာ ကောင်းရယ်း)

Anonymous said...

မေးတာ ဖြေပါဦး စစ်ဗိုလ်ပူံ ဘာလို့ ဖြုတ်လိုက်တာလဲ
မင်၈လာဆောင်ပြီးသား မဟူတ်လား
တာ၇ာမင်းဝေက နိုင်ငံေ၇းသမား သူ့ကဗျာတွေ ကြိုက်တယ်လါး လတ်လတ်ဇော်ဆိုတာ ဦးခင်ဇော်သမီးကိုး မန်းလေးမှာ မကပါ တော်တော် လူသိများပါတယ်။

ဇော် said...

အဲ့ဒီ အမည်မသိနဲ့ တစ်ယောက်က ဘာတွေလာပြောနေလဲ မသိဘူးလို့ ကျနော်စဉ်းစားနေမိတယ်... ဦးခင်ဇော် သမီးပေမယ့် ကျနော်တို့ မိသားစုကို မန်းလေးမှာ တစ်ယောက်မှ မသိပါဘူး.. ကျနော်တို့က ရန်ကုန်မှာပဲ ရှင်သန်ကြလို့ပါ.. ပြီးတော့ ကျနော့်အဖေက အရာရှိလဲမဟုတ်.. ထင်ပေါ်ကျော်ကြားသူလဲမဟုတ်ပါဘူး.. သာမန်လူတစ်ယောက်ပါပဲ..
စစ်ဗိုလ်ပုံ ဘာလို့မတင်လဲဆိုတော့... ဒါက ကျနော့်ကိုယ်ရေးကိုယ်တာပါ.. လူကြီးမင်း သိစရာမလိုပါဘူး.. ကျနော်နဲ့ ရင်းနှီးတဲ့အကိုအမတိုင်းကို ကျနော်ပြောပြပါတယ်.. လူကြီးမင်းကိုတော့ မပြောပြနိုင်ပါဘူး..
အခုလို ရမ်းတုတ်ပြီး ပြောထားလို့ ကျေးဇူးတင်ပါတယ်..
ကျနော့်ကိုယ်ရေးကိုယ်တာတွေကို စိတ်ဝင်တစားစပ်စုလို့လဲ .. လူကြီးမင်း ကျနော့်လွှမ်းမိုးမှုကို ခံနေရတာသိရလို့ ၀မ်းသာမိပါတယ်..
စပ်စပ်စုစု အပင်ပန်းခံလာလည်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်..
ပျော်ရွှင်ပါစေ..
ဇော်။ =)

ဇော် said...

သြော်..
ပြောဖို့ ကျန်ခဲ့လို့ပါ.. ကျနော့်သိက္ခာအတွက် အရေးကြီးတယ်ထင်လို့ ပြောဖို့ ကြိုးစားရတာပါ...
ဟုတ်ကဲ့..
ကျနော် လုံးဝ ( လုံးဝ ) ဘယ်သူနဲ့မှ မင်္ဂလာမဆောင်ရသေးပါဘူးခင်ဗျာ...
မင်္ဂလာဆောင်ပြီးပြီမို့လားလို့ ထင်တဲ့အတွက် ကျနော် နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိပါတယ်.. =)