အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, December 30, 2010

မိုးခေါင်နေသော တိမ်တိုက်များ...

အရောင်ခြယ်ထားတဲ့ လေစိမ်းစိမ်းတွေတိုက်လို့
ကျွန်တော်ပြန်ဖျားချင်လာတယ်..
နေမကောင်းခြင်းမှာ.. အလွမ်းတွေ နဲနဲဖောက်ထားသလိုပါပဲ..
သတိရခြင်းတွေ ခပ်ကျကျ ဖြစ်နေလိုက်ပုံများ..
အချိန်တွေတောင် ခါးသက်နေကြတယ်..

ကျွန်တော်သိပ်မသိပါဘူး ချစ်သူ
မြင်နိုင်မယ်ဆိုရင်တော့ ကြည့်ခွင့်ရချင်ပါတယ်
ချစ်သူအတွက် ကျွန်တော်ဆိုတာ ဘာလဲ..
ဖြစ်တည်မှုတွေကြားမှာ..
ဆန္ဒတွေကို မြိုသိပ်..
သူ မမြင်အောင် ကြိတ်ပြီး သက်ပြင်းချရတာ မောလိုက်တာ..

ကျွန်တော်နေမကောင်းပါဘူး..
ကျွန်တော့်ကို ဆူပါ.. ကျွန်တော့်ကို ပြောပါ..
ခေါင်းမာတာတော့ မဟုတ်ပါဘူး
ဇော်ဆိုတာ ရင်ဘတ်ထဲမှာသာ အားငယ်နေတတ်ခဲ့တဲ့ကောင်ပါ..

ဂျစ်ကန်ကန်ဆန်တဲ့ ဇော်.. ဂရုမစိုက်တတ်တဲ့ဇော်..
ပွင့်လင်းတဲ့ဇော်.. မိန်းကလေးမဆန်တဲ့ဇော်..
သူ့မှာလဲ အချစ်ရှိတယ်.. အားငယ်တတ်တယ်..
စိုးရိမ်တယ်.. နောက် နူးညံ့ချင်တယ်..

ချစ်သူရေ..
တာ့တာဆိုတဲ့စကားလုံး နှစ်လုံးကို ကျွန်တော်မုန်းချင်လာခဲ့ပြီ
နောက်မှပေါ့ ဆိုတာတွေကို နဲနဲလောက်လွှင့်ပစ်ခွင့်ရနိုင်မလား
အဲ့ဒီ ဟန်ဆောင်လောက၀တ်တွေကြားက ခနလောက် ရုန်းထွက်ခွင့်ကို
ကျွန်တော် ငတ်မွတ်တမ်းတမိတယ်..
အရှေ့တောင်အရပ်မှာ မိုးခေါင်နေပါတယ်
ကျနော့်ကဗျာလေးလဲ မိုးခေါင်နေတယ်..
မိုးဘယ်မှာ ရွာနေလဲ ကျွန်တော်မသိဘူး...။

ဇော်။

5 comments:

နွေဆူးလင်္ကာ said...

အင်း မိုးလေ၀သကို ဖုန်းဆက်မေးပြီး ပြန်ပြောပြမယ် .. ဘယ်မှာ မိုးရွာနေလဲ ဆိုတာ :-)

သိင်္ဂါကျော် said...

ကဗျာလာဖတ်တယ်နော်..။
Happy New Year...

ဧရာဝတီသားလေး said...

အလည်ရောက်လာပါတယ်....နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ.....း)

Beauty Studio USA Branded Store said...

ဒိုင်းဘူမှာ မိုးမခေါင်တော့ဘူးလေ....။ ရွာရန်ရာနှုန်း Zero%
တာ့တာ............ဘိုင်းဘိုင်...... ချယ်ရီးယို....
စတာလေးတွေတော့ မုန်းပါနဲ့လေ။ ခွဲရခါနီးလေ။ ကဗျာရှည်တွေ ရေးသီခါလေ...... ပြန်ဦးမယ်။

ViPeR said...

အွန်း မိုးရွာစေဗျာ ရွာစေသည်းစေ ဒီမိုးတွေ .. ဟိဟိ .
လာလည်သွားတယ်နော် ကလေးမျက်နှာနဲကောင်မလေး..