အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, January 29, 2011

တိမ်တိုက်ထူသော အခါသမယ

စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်
စိတ်ညစ်တယ်ပေါင်းများစွာကို
ငါချရေး
တစ်လုံးတစ်လေမှာများ
ပြေရာပြေကြောင်း
ငါ မြင်ရမတဲ့လား

စိတ်နှစ်ခွ ဒွန်တွဲမှုတွေကြား
ကျနော် မမွေ့လျော်တော့ပါဘူး မေမေရယ်
အဲ့ဒီနေ့တွေရဲ့ မိုးအုံ့မှုကို
ကျနော် မကျေမနပ် ဖြစ်ရတယ်။

မမျှတဘူး ...... မတရားဘူး.........
ငါ ၀ုန်းဒိုင်းကျဲတော့
ငါ ..... လွန်တယ်တဲ့....

ဟက်ဟက်ပက်ပက် ဟားတိုက်ချင်တယ်
ပက်ပက်စက်စက် ရယ်မောချင်တယ်
နောက်
ဝမ်းနည်းပက်လက် ငါ ငိုမယ်
မျက်ရည်တစ်စက်လောက်ကများ
ငါ့ရင်ကို ပေါ့ပါးလေစေမလားလို့ပါ။

ပျော်ရာမှာ မနေ
တော်ရာမှာသာ နေလေတော့လို့
အမိန့်ဆန်ဆန်တွေကြား
ကျနော် မွန်းကျပ်လွမ်းလှပါတယ် မေမေရယ်
ပြည်သူပိုင်လေထဲမှာမှ
လူဖြစ်လာရတာ မောတယ်။

မေမေရယ်
ဘယ်လိုနေရာမျိုးမှာမှ
ကျနော် မပျော်ပိုက်တော့ပါဘူး
ချိုမြိန်တဲ့ အဆိပ်ပျားရည်တွေနောက်
အငမ်းမရ လိုက်လိုက်မှောက်နေရတာကိုက
(ကိုယ့်ကိုယ်ကိုယ်)
မသတီ ဖြစ်လာနေမိရတယ်။

ကဲပါလေ
ရှုံးလက်စနဲ့ အရှုံးသာပေးလိုက်ပါတော့မယ်
သူတို့အလိုပြည့်လို့ ငြိမ်းချမ်းကြတဲ့ခန
ငါ့အပူတွေလဲ ငြိမ်းချမ်းပါရစေ
ငါ နာကျင်သကဲ့သို့
သူတို့ မဖြစ်ကြပါစေနဲ့။

မေမေရယ်
ကျနော် တိုးတိုးတိတ်တိတ်
ကျိတ်မှိတ် မြိုချလိုက်ရတဲ့
မီးကျီခဲတစ်ချို့မှာ
ကျနော့် ကိုယ် .... စိတ်.... နှလုံး.... သုံးပါးလုံး
ဖျားနာကုန်ကြတယ်။

တော်ပါပြီ မေမေရယ်
နံနက်ဖြန်မှာ ကျနော်ကို မေ့သွားကြမယ့် သူတွေထဲ
အာဃာတနဲ့ ကျနော် မပတ်သတ်ချင်တော့ပါဘူး
အလိုရှိသမျှ ယူသွားလိုက်ကြပါ
ငါ မတွယ်တာတော့ပါဘူး
မမြတ်နိုးတော့ပါဘူး
ကိုယ်အလုပ် ကိုယ်လုပ်
အချိန်တန် အိမ်ပြန်
ငါ့ရည်ရွယ်ချက်တွေ ပြီးတဲ့နောက်
ငါ အသေဖြောင့်မယ်
အဲ့ဒါကမှ .... ငါ့ပန်းတိုင်အစစ်ဖြစ်တယ်။

ဇော်။

6 comments:

မြတ်မွန် said...

ပျော်ရာမှာ မနေ
တော်ရာမှာသာ နေလေတော့လို့
အမိန့်ဆန်ဆန်တွေကြား
ကျနော် မွန်းကျပ်လွမ်းလှပါတယ် မေမေရယ်
ပြည်သူပိုင်လေထဲမှာမှ
လူဖြစ်လာရတာ မောတယ်။
ကောင်းလိုက်တဲ့ စာသားလေးနော်..။

Anonymous said...

လတ်ရေ...ဂွတ်၏

လင်းခေတ်ဒီနို said...

မေမေရယ်
ကျနော် တိုးတိုးတိတ်တိတ်
ကျိတ်မှိတ် မြိုချလိုက်ရတဲ့
မီးကျီခဲတစ်ချို့မှာ
ကျနော့် ကိုယ် .... စိတ်.... နှလုံး.... သုံးပါးလုံး
ဖျားနာကုန်ကြတယ်။


ခံစားချက် သိပ်ကောင်းတယ် စကားလုံးအဖွဲ ကောင်းတယ် အစကနေအဆုံး ကောင်းတယ်

ဒါပေမဲ့ ငဇော် . . . . ငါညီမ ခံစားနေရတာတော့ မကောင်းဘူးး(

ညလင်းအိမ် said...

ဟုတ်တယ် ကဗျာက ခံစားမှုကောင်းတယ် ...
ဒါပေမယ့် ဇော်ခံစားနေရတာတော့ မကောင်းဘူး ...
အဲဒီတော့ မခံစားနဲ့း)

ချမ်းလင်းနေ said...

ဇော်ရေ မေမေ မေမေ နဲ့ တမ်းတနေတယ်ပေါ့။ ဘာတွေများ စိတ်မှာ ညစ်ညူးနေလို့ပါလိမ့်။

Unknown said...

လတ်လတ်...အရမ်းကောင်းတယ်... ခိုင်ဇင် အခုဖြစ်နေတဲ့ ခံစားချက်နဲ့ တကယ့်ကို ကွက်တိပဲ...share လုပ်ခွင့်ပြုပါနော်...