အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, April 11, 2010

အလွမ်း ..

ဝန်းကျင်ဝဲယာမှာ
ပုံရိပ်တွေ အုပ်မိုးကြ..
သက်ပြင်းတစ်ရှိုက်တိုင်း
ဝိညာဉ်တစ်စိတ်တစ်ပိုင်း
ပျော်ဝင်ပျောက်ဆုံးသွားတာ..၊
ခြေရာတွေချန်ရစ်ပါ..
သိမ်ငယ်စွာ
နာရီတွေရေတွက်မိနေခဲ့
အလင်းတွေကိုစောင့်ရင်း
အသံမဲ့..
(တစ်နည်း)
ဆူညံပေါက်ကွဲစွာ
ငါ.....
လွမ်းလို့.....။ ။


လင်းစက်ရာ

3 comments:

အိုက်ခီလောက် said...

လွမ်းတာများဆူညံစွာပေါက်ကွဲရတယ်လို့ 
ပြောတော့ပါဘူးလေ

လင်းခေတ်ဒီနို said...

အလင်းတွေကိုစောင့်ရင်း
အသံမဲ့..
(တစ်နည်း)
ဆူညံပေါက်ကွဲစွာ
ငါ.....
လွမ်းလို့.....။ ။

ကောင်းလိုက်တဲ့ ကဗျာ ငဇော် ရေးချက်ကတော့ လန်းတယ်ဟာ မိုက်တယ် အကိုပါ ဟက်ထိသွားတယ်
း)

ညလင်းအိမ် said...

ဆူညံပေါက်ကွဲအောင် လွမ်းရတယ်လား ...
မိုက်တယ် .. ကဗျာက ...