အဲ့ဒီနေ့က ခါတိုင်းလို မိုးမရွာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို ပန်းပင်ကလေး မပွင့်ခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို သူမလာခဲ့ဘူး ..
အဲ့ဒီနေ့က ခါတိုင်းလို တွေ့နေကြနေရာလေးမှာ မရှိခဲ့ဘူး..
အဲ့ဒီနေ့က ခါတိုင်းလို အိမ်ပြန်တော့ မနက်ဖြန်ဆိုတာ မရှိတော့ဘူး..
အဲ့ဒီနေ့က ...
အဲ့ဒီနေ့က ခါတိုင်းလိုမဟုတ်ဘဲ သူ့ကို တစ်သက်စာ လွမ်းတတ်ခဲ့တယ်...။
မင်း
(မင်းထွက်သွားသောနေ့ အမှတ်တရ)
3 comments:
ကဗျာလေးက တိုပေမယ့် ခံစားချက်ကို ပေါ်လွင် ထိမိတဲ့ ကဗျာလေးပါပဲ...
ကဗျာ အဆုံးသတ်လေး လှတယ် .
ဟူး .................
Post a Comment