သစ်ရွက်တွေမှာ
တမလွန်ရှိမယ်ဆိုတဲ့စိတ်နဲ့
သူ့တို့ရဲ့ သင်္ခါရကို
ရှာကြည့်နေမိတယ်။
ဖောက်ပြန်နေတဲ့
တရားအစုဟာ
အဂတိမလိုက်စားဘူး။
အမှိုက်လေးတစ
မဆင်မခြင်လွှင့်ပစ်
လိုက်တာကိုက
ကျနော့် အကုသိုလ် ။
မမြဲခြင်းတရားဟာ
အသွင်သဏ္ဌာန်အားဖြင့်
မြဲနေသေးတယ်ဆိုရင်
ပညတ်တွေကို
ကျော်ကြည့်ရအောင်လား။
အဲဒီ ဓမ္မကို
ကြည်ညိုခြင်းကြီးစွာနဲ့
ကျနော်ဟာ လူလားမြောက်ခဲ့
ပါတော့တယ်......။ ။
ဟိန်းလတ်ဇော်
3 comments:
ဇော်ရေ
ပျော်ရွှင်ဖွယ် ခရစ်စမတ်ညလေးဖြစ်ပါစေဗျာ။
အဲဒီ ဓမ္မကို
ကြည်ညိုခြင်းကြီးစွာနဲ့
ကျနော်ဟာ လူလားမြောက်ခဲ့
ပါတော့တယ်......။ ။
သိပ်ကောင်းတဲ့ စာသားလေးပါ ဇော်ရေ...
သစ်ရွက်တွေမှာ
တမလွန်ရှိမယ်ဆိုတဲ့စိတ်နဲ့
သူ့တို့ရဲ့ သင်္ခါရကို
ရှာကြည့်နေမိတယ်။
း)
Post a Comment