အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, August 31, 2011

မြေကြီးစကား ...။


ဝေးရပြီပဲကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေနဲ့
ဒီတံခါးကို စေ့ပိတ်လိုက်ပါ့မယ်
မတွေ့ရတော့ပေမယ့်
သတိတရ ရှိချင်တယ်။

မခူးတော့ပါဘူးလေ
အပင်မှာပဲ တင့်ပါစေ
အဲ့ဒီ ပန်းကလေး
ကျနော် ... လေထဲကပဲ ရနံ့တွေကို ပိုက်ထွေးမိတယ်
ကံကြမ္မာရယ် ...
ပန်းကလေးက မျက်နှာလွှဲ
ကျနော့်အတွက်မှ မဟုတ်ဘဲ .... တဲ့။

မစိမ်းကားပါးနဲ့ကွယ်
ဝေးရမှာကို စိုးပါတယ်
ခယ၀ပ်တွား
သိပ်ချစ်ကြောင်းကို စကားတွေ အကြိမ်ကြိမ်ပါးပေမယ့်
ကံကြမ္မာရယ် ...
သူ ... ကျနော့်ကို ထားသွားတယ်။

အစကတည်းက အဖြေကြိုသိနေတဲ့
အဖြစ်အပျက်တွေအတွက်
ကျနော် ထူးပြီး ၀မ်းမနည်းတော့ဘူး
တစ်ချိန်ချိန်ပေါ့
တောင်လေလာလို့ ကျနော့်ပန်းကလေး
အပွင့်တွေဝေရင်
ရင်တစ်ခုလုံးကို ဖြန့်ခင်းပေးမယ်။

ရပါတယ်
ထားခဲ့ရက်လဲ
သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မယ်
ဟော ... ဟိုးမှာ
သူ ရှိတယ်။


ဇော်။






3 comments:

Angelhlaing(May everybody be happy and healthy! said...

ရပါတယ်
ထားခဲ့ရက်လဲ
သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မယ်
ဟော ... ဟိုးမှာ
သူ ရှိတယ်။ .....တဲ့လားဇော်...
ခံစားအားပေးလျှက်

သက်တန့်ချို said...

မစိမ်းကားပါးနဲ့ကွယ်
ဝေးရမှာကို စိုးပါတယ်
ခယ၀ပ်တွား
သိပ်ချစ်ကြောင်းကို စကားတွေ အကြိမ်ကြိမ်ပါးပေမယ့်
ကံကြမ္မာရယ် ...
သူ ... ကျနော့်ကို ထားသွားတယ်။ စာသားလေးတွေကြိုက်တယ်ဇော်ရယ်း) နောက်လည်းကဗျာတွေအမြဲလာဖတ်ဖြစ်မှာပါး)

လင်းခေတ်ဒီနို said...

ရပါတယ်
ထားခဲ့ရက်လဲ
သတိရတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မယ်
ဟော ... ဟိုးမှာ
သူ ရှိတယ်။


သိပ်ကောင်းတဲ့ ခံစားချက် . . ဟော. . ဟိုမှာ သူရှိတယ်တဲ့လားကွယ် . . .

သိပ်ထိရှလွန်းတယ် . . .င ဇော်