ကဗျာတွေကို မြတ်နိုးမိလို့တဲ့
ကျနော့်ကို ထားသွားတဲ့သူ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့ဖူးပါတယ် မေမေ
အညတရနဲ့ သမားရိုးကျ
ကျနော့်ညတွေမှာ
ပိုးစုန်းကြူးတွေတောင်
မပျော်မြူးကြတော့ဘူး ...။
ငြိမ်သက်နေတဲ့ ရနံ့တွေနဲ့
ယဉ်ပါးလွန်းတဲ့ ကျနော့်ကို
မနူးညံ့ဘူးရယ်လို့
စကားတင်းတွေလည်း
သူဆိုခဲ့ဖူးပါတယ် မေမေ
အပြင်မှာ နှင်းတွေ မဝေသေးပေမယ့်
ကျနော့်ရင်မှာ ဆောင်းတွေကတော့
တစ်ပွင့်ချင်း လွင့်ကြွေခဲ့ပေါ့ ...။
မချွဲနွဲ့တတ်ခဲ့ပါဘူး
မသိမ်မွေ့ခဲ့မိပါဘူး
ချစ်တင်းတွေလည်း နားမလည်ခဲ့ဘူး
ရယူချင်တာကလွဲလို့
ကျနော်ဟာ အရိုးသားဆုံး ဖြစ်ခဲ့ပါတယ် မေမေ ...။
ခံစားလို့ မရဘူးဆိုတဲ့
ပြင်းရှရှလေတိုးသံတွေက
ကျနော့်ကို သွေးလန့်စေခဲ့ ...။
မေမေရယ်
နောက်ဆုံးတော့လဲလေ
တောင်းပန်ပါတယ်ဆိုတဲ့
စကားပန်းတွေ ပွင့်ဝေရင်းက
သူ ကျနော့်ကို
(အပြီးအပိုင်)
ထားသွားခဲ့တာ ...။ ။
ဇော်။
3 comments:
အပြင်မှာ နှင်းတွေ မဝေသေးပေမယ့်
ကျနော့်ရင်မှာ ဆောင်းတွေကတော့
တစ်ပွင့်ချင်း လွင့်ကြွေခဲ့ပေါ့ ...။
း)
ရင်ဘတ်ထဲက ခံစားချက်တွေ ခရားရေလွှတ် ဖျောက်ချ နေတယ်ထင်တယ် ဇော် . . .
အစ်ကိုအစ်မတော့မဟုတ်ဖူး... ညီဗျ... ညီပိုင်ဉာဏ် လာလည်သွားတယ်ဗျ အစ်မဇော်... :)
အကိုကဗျာကတော့ရင်ထဲမှာထဲတယ်ဗျာ
Post a Comment