အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, April 8, 2011

နေမထွက်သောနေ့

နံနက် အာရုဏ်ဦးပါ
အလင်းရောက်မလာခဲ့ဘူး

တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ

မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်

မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။


ဇော်။

2 comments:

လင်းခေတ်ဒီနို said...

မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။

:)
သိပ်ကောင်းတယ် ခံစားလိုက်ရတာ နင့်နေတာပဲ

Unknown said...

အိမ်ပြန်ချင်တယ်...ဟူး..
အနွေးထွေးဆုံး အမေ့အိမ်...
ကိုငှက်ကြီး သီချင်းလေး ညည်းရင်းပေါ့... :)