အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, April 11, 2011

ပိုးစားခံနေရသော ရင်ဘတ်တစ်စုံ

ပိတောက်တွေ မဖူးကြတော့တဲ့အကြောင်းက ရိုးရိုးလေးပါပဲ

ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ

မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ

ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့

သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။

ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်

အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ

ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း

စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ

နားမလည်ကြတော့တဲ့ မိန်းမတွေ

အမျိုးကောင်းသားဆိုတာကို ရေးရေးမှ

မသိကြတော့တဲ့ ယောက်ျားတွေ

သူငယ်ချင်းရေ

နင်ပြောခဲ့သလိုပေါ့

ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ

ဂုဏ်တော်ကိုးပါး မသိသူတွေ

ထေရ၀ါဒ မကြားဖူးသူတွေ

ပင်နီကို မမြင်ဖူးသူတွေ

ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ

သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း

(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)

မြန်မာပြည် အသက်ရှည်ပါစေ...။


ဇော်။

3 comments:

Anonymous said...

nice one., i am proud of you...

Anonymous said...

nice one., i am proud of you...

လွင်မ said...

ဇော်ရေ........ပထမဆုံးအကြိမ်လာလည်ဖြစ်ပါတယ်။ဒီစာလေးရဲ့အဓိပ္ပါယ်လေးကကောင်းလွန်းလို့လေးစားစိတ်နဲ့အမှတ်တရထားခဲ့တာပါ။စာတွေအများကြီးရေးနိုင်ပါစေ.......