အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, April 24, 2011

ဆန္ဒ

အမေ့ဆီက ဖုန်းလာပြီးနောက်
အကိုဆိုတဲ့
ငါတို့အိမ် သီချင်းလေး
နားထောင်နေမိတယ်။

လောဘတွေနောက် တကောက်ကောက်လိုက်ရင်း
နေ့တွေ ကြွေနေလိုက်တာများ
သုံးရာသီလုံး အမှောင်ဖုံးတယ်။

ဘယ်လောက်ကြာကြာ အသက်ရှင်မယ်မှန်းမသိနိုင်တဲ့
ဒီအတ္တကမ္ဘာထဲ
ငါ ဘာတွေများ ပိုင်ဆိုင်ခဲ့လို့လဲ။

အမေ့အိမ်ကို လွမ်းတယ်
လတ်ဆတ်တဲ့ ကောက်ပင်နံ့ကိုလွမ်းတယ်
ညီမလေးယက်တဲ့ ဖျင်နီအကျီကလေး သတိရတယ်။

(ဘာပဲပြောပြော)
အမေရယ်
ကျနော် အိမ်ပြန်ချင်တယ်။


ဇော်။

2 comments:

Angelhlaing(May everybody be happy and healthy! said...

ဒီလိုပါပဲ ဇော်....
ဘဝတူတွေမို့ ဘာပြောရမှန်းမသိအောင်ပါပဲ...
ကောင်းသောနေ့လေးဖြစ်ပါစေ.

လင်းခေတ်ဒီနို said...

လောဘတွေနောက် တကောက်ကောက်လိုက်ရင်း
နေ့တွေ ကြွေနေလိုက်တာများ
သုံးရာသီလုံး အမှောင်ဖုံးတယ်။

သိပ်ကောင်းတယ် ဇော် ( ပြောပြန်ပီးလို့ ပြောဦးမလို့လားး))))