အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, May 19, 2011

အမှန်တကယ် လိုအပ်သော

ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်
တစ်ယောက်ကို တစ်ယောက်
လှောင်ချိုင့်ထဲ မထည့်ကြရင် ကောင်းမယ်

ချစ်တယ်ဆိုမှတော့
သူ့အတွက် ငါ
ငါ့ အတွက် သူ
တရားမျှတမှုတွေ ရှိသင့်တာပေါ့

အတ္တနဲ့မာနကို မလွှမ်းခြုံချင်စမ်းပါနဲ့ဟာ
ချစ်သူတွေဆိုတာ
ရိုးသားခြင်းကိုသာ ဆင်တူ ၀တ်ဆင်ရမှာ

လျှောက်နေရတဲ့ လမ်းကြမ်းတွေအတွက်
ခရီးသွားဖော်အဖြစ် အမြတ်တနိုးရွေးချယ်ထားခဲ့ပြီပဲ
နင် မှားလဲ ငါ ပြင်
ငါ မှားလဲ နင်ပြင် နဲ့
ကောင်းတူဆိုးဖက်
မိုင်တိုင်တွေကို ကျော်ဖြတ်ကြမယ်ဆိုရင်
နားထောင်ကြည့်လိုက်စမ်းပါ ဟယ်
ကောင်းကင်နဲ့ မြေကြီးကတောင် ပြောနေကြတယ်
ရိုးမြေကျ ပေါင်းရပါစေကွယ် .... တဲ့။



ဇော်။

3 comments:

Angelhlaing(May everybody be happy and healthy! said...

လျှောက်နေရတဲ့ လမ်းကြမ်းတွေအတွက်
ခရီးသွားဖော်အဖြစ် အမြတ်တနိုးရွေးချယ်ထားခဲ့ပြီပဲ
နင် မှားလဲ ငါ ပြင်
ငါ မှားလဲ နင်ပြင် နဲ့
ကောင်းတူဆိုးဖက်
မိုင်တိုင်တွေကို ကျော်ဖြတ်ကြမယ်ဆိုရင်
နားထောင်ကြည့်လိုက်စမ်းပါ ဟယ်
ကောင်းကင်နဲ့ မြေကြီးကတောင် ပြောနေကြတယ်
ရိုးမြေကျ ပေါင်းရပါစေကွယ် .... တဲ့။
လှပတဲ့ စကားလေးပဲ ဇော်...
အားပေးလျှက်..

ထင်လင်းအောင် said...

အရမ်းမိုက်တယ်..'နင် မှားလဲ ငါ ပြင်
ငါ မှားလဲ နင်ပြင် နဲ့
ကောင်းတူဆိုးဖက်
မိုင်တိုင်တွေကို ကျော်ဖြတ်ကြမယ်ဆိုရင်
နားထောင်ကြည့်လိုက်စမ်းပါ ဟယ်
ကောင်းကင်နဲ့ မြေကြီးကတောင် ပြောနေကြတယ်
ရိုးမြေကျ ပေါင်းရပါစေကွယ် .... တဲ့။'
အရမ်းကောင်းတယ်.. ညီမ..

လင်းခေတ်ဒီနို said...

ဘာပြောရမလဲ ဇော် . . .

အကို ပြောနိင်တဲ့ ချီးမွှမ်းစကားက ထပ်နေဦးမယ်ထင်တယ်း)


အကိုတော်
ဗညား