အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, May 4, 2011

နင်မသိတဲ့ ငါ

လွမ်းလိုက်ရတာ
နွေ နွေချင်းတောင် အကြိမ်ကြိမ်စီးချင်းထိုးခဲ့ပေါ့
ဘယ်ပြက္ခဒိန် စာမျက်နှာကျမှ
ငါတို့ အခမ်းအနားလုပ်ရပါ့မလဲ
လှမ်းမျှော်ကြည့်ရသမျှ
မျက်နှာကို နေထိုးလွန်းတယ်

အဲ့ဒါပဲ ချစ်သူကလေးရယ်
ငါဆိုတာ အကိုင်းအခက်တွေများလွန်းနေတဲ့ကောင်
အညတရပေမယ့်
အိပ်မက်တွေက ရင်ဘတ်နဲ့အပြည့်ပေါ့
၂၄နာရီတွေ စိုပြည်လာတဲ့တစ်နေ့
ဒီတောအုပ်
ဒီမြေကြီးမှာ
ချစ်သူကလေးလက်ကိုတွဲ
ဆုတောင်းပဌနာတွေ ကောင်းကင်အပြည့်ကျဲလိုက်ချင်တယ်
တွဲလက်တွေ ခိုင်မြဲပါစေ။

ဇော်။

2 comments:

လင်းခေတ်ဒီနို said...

လွမ်းလိုက်ရတာ
နွေ နွေချင်းတောင် အကြိမ်ကြိမ်စီးချင်းထိုးခဲ့ပေါ့
ဘယ်ပြက္ခဒိန် စာမျက်နှာကျမှ
ငါတို့ အခမ်းအနားလုပ်ရပါ့မလဲ
လှမ်းမျှော်ကြည့်ရသမျှ
မျက်နှာကို နေထိုးလွန်းတယ်

း)
တစ်နေ့တော့ပေါ့ ငဇော်ရယ်
ခံစားချက်လေး ထိထိ မိမိ ခံစားသွားတယ် ဇော်

Angelhlaing(May everybody be happy and healthy! said...

"အညတရပေမယ့်
အိပ်မက်တွေက ရင်ဘတ်နဲ့အပြည့်ပေါ့"
လှပထိမိတဲ့ စကားလုံးလေးတွေပဲဇော်....
ခံစားအားပေးလျှက်...
ကောင်းသောနေ့လေး ဖြစ်ပါစေ...။