အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, May 31, 2011

သူငယ်ချင်းအားလုံးကို ငါ ချစ်တယ်

အရှေ့ဘက်ကောင်းကင်မှာ ရောင်နီတွေ တံခါးခေါက်ကုန်ပြီ
ထတော့ သူငယ်ချင်းရယ်
အိပ်စက်ခြင်းကို ခ၀ါချ
နံနက်ဖြန်တွေ ရောင်ဝါတောက်ဖို့
ငါတို့ နေ့တွေ အစွမ်းကုန် လင်းချင်းလိုက်ကြစို့။

ရွေ့လျားနေတဲ့ အတ္တခန္ဒာမှာ
ပရဟိတစိတ်တွေ ငါတို့ သယ်ဆောင်ကြမယ်
ငါလိုတဲ့အခါ နင်ရှိမယ်
နင်လိုတဲ့အခါ ငါ ဒီမှာ

မိုင်ထောင်ချီ ဝေးနေစမ်းပါစေ
စက္ကူပေါ်မှာ ငါတို့ နီးနီးလေးပဲ
ရင်ဘတ်ခြင်းတွေ တူညီတယ်
အပြုံးတွေ ဖလှယ်မယ်
သောက်နေကျ ကော်ဖီတစ်ခွက်ကို အတူမျှဝေ
လက်တွေကို ခိုင်အောင်တွဲ
ဒီမြေကြီးမှာ
ရည်မှန်းချက်တွေ ပျိုးကြဲလိုက်မယ်
လွတ်လပ်စွာ သီးပွင့်ဝေ ...။

ဇော်။

3 comments:

Angelhlaing(May everybody be happy and healthy! said...

ဇော်ရေ ကဗျာလေး ဖတ်ရတာ ချစ်ဖို့ကောင်းလိုက်တာ..:):)

သိင်္ဂါကျော် said...

တိုတိုလေးနဲ့ ထိထိမိမိ လှတယ်...
စာသားလေးတွေ တကယ် ကြိုက်တယ်..

မေသိမ့်သိမ့်ကျော် said...

ငါတို့နေ့တွေ အစွမ်းကုန်လင်းချင်းလိုက်ကြစို့...။


ရင်ထဲကို တကယ်အင်အားတွေ စီးဆင်းသွားတယ်

ခင်မင်လေးစားလျက်