လေလှိုင်းထဲ စီးမျောလာတဲ့ အဲ့ဒီ ဂီတတွေထဲ
ညစ်ညူးမှုတွေ အချိုးကျကျ ပါဝင်နေခဲ့ပါသတဲ့
မကြည်လင်မှုတွေနဲ့ အဓိပါယ်ဖွင့်ဆိုထားတဲ့ ဂီတတွေရဲ့
ညှို့ငင်မှုအောက်မှာ
ငါ အသက်ရှူဖို့တောင် မေ့လျော့ခဲ့မိတယ်
ညနေခင်းက သာယာပါရဲ့
ရာသီဥတု အေးစိမ့်လိုက်ပုံများ
ငါ ကိုယ်တိုင်တောင် နှင်းဖြစ်လောက်တယ်
စိုထိုင်း အေးစက်နေတဲ့ ဒီအခန်းကျဉ်းလေးထဲ
ငြိမ်ငြိမ်သက်သက် ထိုင်ရင်း
အသက်ရှူဖို့ ငါမေ့ခဲ့တယ်
ငါဖတ်ဖူးခဲ့တဲ့ ကဗျာထဲကလို
အညတရဆန်ဆန်ပျောက်ဆုံးသွားဖို့
အကြောင်းအရာတွေ ကြီးကျယ်စရာမှ မလိုခဲ့ဘဲလေ...
မြောက်ပြန်လေရဲ့ ဆောင်းငွေ့တွေနဲ့အပြိုင်
အေးစက်စက် ဂီတသံတွေ နာကြားရင်း
ငါ့ စိတ်ခန္ဒာ.. အဲ့ဒီခြေရင်းမှာ ပြိုလဲခဲ့တယ်..
စကားလုံး မရှိတဲ့ ခံစားချက်ကို .. အဓိပါယ်ဖွင့်ဖို့ ငါ ကြိုးစားရင်းနဲ့ပဲ
ရထားအိုလဲ ဝေးသွားခဲ့တယ်
ငါ မငိုပါဘူး ချစ်သူ
မျက်ရည်တွေက နာကျင်ခြင်းတွေကို တိုက်စားသွားမှာစိုးလို့
ငါ မငိုဖြစ်ခဲ့ပါဘူး
အဲ့ဒီ မြှားဒဏ်ရာရဲ့ သွေးအစက်စက်ကျမှုကို သိမ်းဆည်းရင်း ငါ တိတ်တဆိတ် ကြွေလွင့်ခဲ့တယ်..
နဖူးက အမာရွတ်ကိုမြင်တိုင်း မဟော်ကိုသတိရတတ်တဲ့ ကေ၀ဋ်ပုဏားလို
ငါ့ သွေးအစက်စက်ကို နင်ပြဆိုတယ်
စိတ်ညစ်ရတယ်ဆိုတဲ့ စကားသံတစ်ချို့အောက်
ငါ သိမ်ငယ်ပျောက်ဆုံးခဲ့တယ်..
ငါ သိပ်ချစ်တဲ့ ဟော့ဒီ ငါ့ရဲ့ လက်အစုံက ငါမြတ်နိုးတဲ့ ချစ်သူကို နာကျင်စေခဲ့တယ်တဲ့လား
ငါ တန်ဖိုးထားခဲ့တဲ့ ငါ့ စိတ်ကူး အသိဥာဏ်အချို့က ငါ ချစ်တဲ့ ချစ်သူကို စိတ်ညစ်စေခဲ့တယ်တဲ့လား
အလန့်တကြား ငါ မော့ကြည့်မိတော့..
အိုး ကောင်းကင်ရယ်.. မှိုင်းမှုန်ရီဝေလွန်းချည်ရဲ့
ပျောက်ဆုံးနေတဲ့ စကားသံတွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ငါ ခံခဲ့ရတဲ့နောက်
လေတွေတောင် အတွယ်အတာ မဲ့နေကြသလိုပါပဲ
လောကကြီးရယ် .. ငါတစ်ယောက်တည်း နေခွင့်ပေးပါ
ဘုရားအဆူဆူရှေ့ ငါ့ချစ်ခြင်းကို ပြဌာန်းချင်လို့
ချစ်မိတာကို အပြစ်တစ်ခုလို အတင်းဆိုကြပါစေ..
ငါ့ ရင်ဘတ်က အသည်းနှလုံးတစ်ခြမ်း နင်တစ်ခြမ်းဖြစ်ခဲ့တယ်
ချစ်သူရင်ကို မြင်အောင်မကြည့်နိုင်ပါဘဲ ဝေါဟာရတွေ ဖွဲနွဲ့ခဲ့မိလို့
စကားလုံးတွေရဲ့ ဒဏ်
ငါသင့်ခဲ့တယ်
ကမ္ဘဦးအစမှာကတည်းက
ချစ်တယ်ဆိုတဲ့စကား ချစ်သူနားလည်အောင် ပြောမပြတတ်ခဲ့တဲ့ကောင်
နောင် ဆယ်ကမ္ဘာတိုင်အောင် လွမ်းရစေသတည်းတဲ့..
ဒီလိုနဲ့ပဲ .. ကျနော်ပျောက်ဆုံးခဲ့တော့တယ်
အညတရ ဆန်စွာ.........
ဇော်။
Thursday, November 25, 2010
Wednesday, November 17, 2010
ကုမ်ရာသီသို့ ပေးစာ
ခနတဖြုတ် မတော်တဆနဲ့
ငါ ရွာချခဲ့လိုက်မိတာပါ
ဒါပေမယ့် တစ်သက်စာလုံး ညို့မှိုင်းလို့
လန်းလန်းဆန်းဆန်းနဲ့ အစွမ်းကုန် ပွင့်အာဖို့
ငါ ဖူးခဲ့တာပါ
မထင်မှတ်ခဲ့မိဘူး
တစ်တောလုံးကြွေတဲ့ ဒီနွေထဲ
ငါ ပါသွားခဲ့လိမ့်မယ်လို့
ရနံ့တွေနဲ့ ထုံမွှန်းထားလို့
(မြတ်နိုးစွာ)
ငါ အသာငုံ့မွှေးလိုက်မိပါတယ်
ငါ့တစ်ကိုယ်လုံး ဆူးတွေ စူးလို့
ကံဇာတာမှာ ရာဟုတွေများ အုပ်စိုးနေခဲ့လားလို့
စစ်ကြည့်မိပါတယ်
ရာသီခွင် ဟောစတမ်းမှာ
ကြာသပတေးဂြိုလ်ထဲ အကျဉ်းကျနေခဲ့ပါသတဲ့
လပြည့်နေ့ရဲ့ ပြယုဂ်လေးရယ်
(ကျေးဇူးပြုပြီး)
အလင်းတွေကို သိပ်မလင်းချင်းပြပါနဲ့
ငါ့ ရင်ကမ်းစပ်မှာ နင့်အလင်းတွေကြောင့်
လှိုင်းခြေရာတွေ လူမြင်ကုန်ပါ့မယ်
ကြယ် ကိုယ်စားလှယ်တွေ ငို ကုန်ပါ့မယ်
မငြူစူလိုက်ပါနဲ့
ငါကိုက နင့်လောင်းရိပ်မှာ မိခဲ့တယ်
မလှန်ဘဲ ထားခဲ့မိတဲ့ အဲ့ဒီ စာမျက်နှာထက်
အော်ခေါ်သံတွေ ထပ်ခဲ့တယ်
လပြည့်နေ့လေးရေ
ဆုံးဖြတ်ခံသူတို့ရဲ့ အဆုံးစီရင်ပွဲမှာ
ငါဆိုတာ ယဇ်ကောင်ပေါ့
နှလုံးသွေးကိုဖောက် အဲ့ဒီ အဆိပ်ကို သောက်ခဲ့မိရင်းက
ရာသီတွေ ကြွေနေခဲ့တာ
( ရင်တစ်ခုလုံး)
မှောင်ပိန်းလို့။
ဇော်
ငါ ရွာချခဲ့လိုက်မိတာပါ
ဒါပေမယ့် တစ်သက်စာလုံး ညို့မှိုင်းလို့
လန်းလန်းဆန်းဆန်းနဲ့ အစွမ်းကုန် ပွင့်အာဖို့
ငါ ဖူးခဲ့တာပါ
မထင်မှတ်ခဲ့မိဘူး
တစ်တောလုံးကြွေတဲ့ ဒီနွေထဲ
ငါ ပါသွားခဲ့လိမ့်မယ်လို့
ရနံ့တွေနဲ့ ထုံမွှန်းထားလို့
(မြတ်နိုးစွာ)
ငါ အသာငုံ့မွှေးလိုက်မိပါတယ်
ငါ့တစ်ကိုယ်လုံး ဆူးတွေ စူးလို့
ကံဇာတာမှာ ရာဟုတွေများ အုပ်စိုးနေခဲ့လားလို့
စစ်ကြည့်မိပါတယ်
ရာသီခွင် ဟောစတမ်းမှာ
ကြာသပတေးဂြိုလ်ထဲ အကျဉ်းကျနေခဲ့ပါသတဲ့
လပြည့်နေ့ရဲ့ ပြယုဂ်လေးရယ်
(ကျေးဇူးပြုပြီး)
အလင်းတွေကို သိပ်မလင်းချင်းပြပါနဲ့
ငါ့ ရင်ကမ်းစပ်မှာ နင့်အလင်းတွေကြောင့်
လှိုင်းခြေရာတွေ လူမြင်ကုန်ပါ့မယ်
ကြယ် ကိုယ်စားလှယ်တွေ ငို ကုန်ပါ့မယ်
မငြူစူလိုက်ပါနဲ့
ငါကိုက နင့်လောင်းရိပ်မှာ မိခဲ့တယ်
မလှန်ဘဲ ထားခဲ့မိတဲ့ အဲ့ဒီ စာမျက်နှာထက်
အော်ခေါ်သံတွေ ထပ်ခဲ့တယ်
လပြည့်နေ့လေးရေ
ဆုံးဖြတ်ခံသူတို့ရဲ့ အဆုံးစီရင်ပွဲမှာ
ငါဆိုတာ ယဇ်ကောင်ပေါ့
နှလုံးသွေးကိုဖောက် အဲ့ဒီ အဆိပ်ကို သောက်ခဲ့မိရင်းက
ရာသီတွေ ကြွေနေခဲ့တာ
( ရင်တစ်ခုလုံး)
မှောင်ပိန်းလို့။
ဇော်
Sunday, October 31, 2010
သူမသိသော တနင်္ဂနွေ...
ဘယ်တော့လဲလို့ သူမပြောခဲ့ဘူး
ဘယ်အချိန်လဲလို့လဲ သူ မသတ်မှတ်သွားဘူး..
နှုတ်ဆက်ခြင်းကင်းစွာ သူထားခဲ့တဲ့
တိတ်ဆိတ်တဲ့ ကျန်ရစ်မှုအောက်.. နာရီပတ်တွေ လည်ခဲ့တယ်
အဝေးရောက်တိမ်တိုက်တွေရယ်..
အမှာစကားနားကြားဖို့များ ငံ့လင့်နေရော့သလားကွယ်
မိုးရွာပြီးစ သက်တံ့ရောင်ပျိုကိုမှ လွမ်းဆွတ်မိတဲ့ငါ
နောက်တစ်ကြိမ်မိုးအရွာကို မှီပါဦးမတဲ့လား
ဖိတ်ခေါ်လို့မှ ရောက်မလာတဲ့ ဧည့်သည်
အိပ်တန်းများ တက်နေခဲ့ပါသတဲ့လားကွယ်
ခပ်မဆိတ်ငံ့လင့်ရင်း ရည်စူး
ကြယ်တစ်ပွင့်ကို ငါရူးခဲ့မိလိုက်တယ်
စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့
ခွင့်မတောင်းပါဘဲ ဆက်ထားမိတဲ့ ပန်းချီကားတစ်ချပ်ကို
အလိုမတူပါဘဲ ချိတ်ထားခဲ့မိတယ်..
ငါက သစ်တစ်ပင်ပါ ..
ပျံသန်းရောက်ရှိလာတဲ့ နွေဦးငှက်လေးကို ရင်ခွင်မှာ ပွေ့ဖက်မထားနိုင်ခဲ့ပေမယ့်
သူထားခဲ့လေသမျှ ခြေရာတွေကို သိမ်းဆည်းသိုဝှက်ရင်း
သူ့ကို...
တသသ ငေးမောရုံ...
ဇော်။
ဘယ်အချိန်လဲလို့လဲ သူ မသတ်မှတ်သွားဘူး..
နှုတ်ဆက်ခြင်းကင်းစွာ သူထားခဲ့တဲ့
တိတ်ဆိတ်တဲ့ ကျန်ရစ်မှုအောက်.. နာရီပတ်တွေ လည်ခဲ့တယ်
အဝေးရောက်တိမ်တိုက်တွေရယ်..
အမှာစကားနားကြားဖို့များ ငံ့လင့်နေရော့သလားကွယ်
မိုးရွာပြီးစ သက်တံ့ရောင်ပျိုကိုမှ လွမ်းဆွတ်မိတဲ့ငါ
နောက်တစ်ကြိမ်မိုးအရွာကို မှီပါဦးမတဲ့လား
ဖိတ်ခေါ်လို့မှ ရောက်မလာတဲ့ ဧည့်သည်
အိပ်တန်းများ တက်နေခဲ့ပါသတဲ့လားကွယ်
ခပ်မဆိတ်ငံ့လင့်ရင်း ရည်စူး
ကြယ်တစ်ပွင့်ကို ငါရူးခဲ့မိလိုက်တယ်
စုပ်လဲဆူး စားလဲရူးတဲ့ လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
အိပ်မက်ခြေရာတွေထပ် ..
နှုတ်ဆိတ်မဲ့ အလင်္ကာတွေ မျိုးကြဲ
စိတ်ကူးတွေကို ပျိုးနေခဲ့မိပါသတဲ့
ခွင့်မတောင်းပါဘဲ ဆက်ထားမိတဲ့ ပန်းချီကားတစ်ချပ်ကို
အလိုမတူပါဘဲ ချိတ်ထားခဲ့မိတယ်..
ငါက သစ်တစ်ပင်ပါ ..
ပျံသန်းရောက်ရှိလာတဲ့ နွေဦးငှက်လေးကို ရင်ခွင်မှာ ပွေ့ဖက်မထားနိုင်ခဲ့ပေမယ့်
သူထားခဲ့လေသမျှ ခြေရာတွေကို သိမ်းဆည်းသိုဝှက်ရင်း
သူ့ကို...
တသသ ငေးမောရုံ...
ဇော်။
Tuesday, October 26, 2010
ချစ်မိလေသောအခါ...
ကဗျာတွေထဲက ကဗျာတွေပါပဲ
ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ
တိတ်ဆိတ်ခြင်း ဒီညတွေမှာ
ခပ်မဆိတ် အရည်ပျော်ခဲ့တာ
(လူမသိ သူမသိနဲ့)
နှစ်ဆယ့်လေးနာရီတွေ ထောင်ချီနေခဲ့ပြီ ...။
တမေ့တမောပါပဲ
မေ့မေ့လျော့လျော့နဲ့ ရွယ်စူး
အချိန်တိုင်းမှာ ငါ ရူးခဲ့မိတယ်
ဟောဒီ ကဗျာတွေပေါ့
ငါ့ရင်ကိုဖောက် အသိဥာဏ်အချို့ကို
ခိုးယူသောက်သုံးသွားခဲ့တာ ...။
တိတ်တဆိတ် ငြိမ်သက်ခြင်းတွေနဲ့
ဆူညံစွာပေါက်ကွဲ
ရင်တွင်းစစ်ပွဲမှာ
ဘယ်သူကများ အလံထူခဲ့ပါသလဲ...။
မသိဝိုးတ၀ါး ဆိုးရွားမှုတွေနဲ့
ကိုယ့်ကိုကိုယ် လွှမ်းခြုံ
ငါ့နေ့ရက်တွေ ကုန်ဆုံးခဲ့တယ်
ညပေါင်းများစွာ
နာရီပေါင်းများစွာ
အောက်ဆီဂျင်ပေါင်းများစွာ
အိပ်မက်တွေထဲ စိတ်ကူးတွေ ထည့်ဖျော်ရင်း
မသိနိုးနား ငါထုံအခဲ့တယ် ...။
အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။
ချစ်ခြင်းကို ပျိုးခဲ့မိရုံမျှနဲ့တော့
ဥယျာဉ်တော်တစ်ခွင်မှာ
မှော်ရုံတောတွေ မဖြစ်ထွန်းလောက်ဘူး ထင်ပါရဲ့ ...။
မြတ်နိုးခြင်း အင်္သချေ
လွမ်းဆွတ်ခြင်း တစ်ကုဋေနဲ့
ငါ ကဗျာတွေ စပ်လိုက်တယ်
ကောင်းကင်က ရယ်လေရဲ့
ကြယ်တွေက တီးတိုးဆိုတယ်
ရူးလည်းရူးတဲ့ကောင်တဲ့
လေပြေညှင်းကတော့
ငါ့ မျက်နှာကို မော့မော့ကြည့်နေတုန်း ...။
ဇော်
ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ
တိတ်ဆိတ်ခြင်း ဒီညတွေမှာ
ခပ်မဆိတ် အရည်ပျော်ခဲ့တာ
(လူမသိ သူမသိနဲ့)
နှစ်ဆယ့်လေးနာရီတွေ ထောင်ချီနေခဲ့ပြီ ...။
တမေ့တမောပါပဲ
မေ့မေ့လျော့လျော့နဲ့ ရွယ်စူး
အချိန်တိုင်းမှာ ငါ ရူးခဲ့မိတယ်
ဟောဒီ ကဗျာတွေပေါ့
ငါ့ရင်ကိုဖောက် အသိဥာဏ်အချို့ကို
ခိုးယူသောက်သုံးသွားခဲ့တာ ...။
တိတ်တဆိတ် ငြိမ်သက်ခြင်းတွေနဲ့
ဆူညံစွာပေါက်ကွဲ
ရင်တွင်းစစ်ပွဲမှာ
ဘယ်သူကများ အလံထူခဲ့ပါသလဲ...။
မသိဝိုးတ၀ါး ဆိုးရွားမှုတွေနဲ့
ကိုယ့်ကိုကိုယ် လွှမ်းခြုံ
ငါ့နေ့ရက်တွေ ကုန်ဆုံးခဲ့တယ်
ညပေါင်းများစွာ
နာရီပေါင်းများစွာ
အောက်ဆီဂျင်ပေါင်းများစွာ
အိပ်မက်တွေထဲ စိတ်ကူးတွေ ထည့်ဖျော်ရင်း
မသိနိုးနား ငါထုံအခဲ့တယ် ...။
အိုဘယ့် နတ်ဘုရားငယ်
မျက်လွှာတော်တ၀င့်
သံတော်ဆင့်မျှနှင့်
အဘယ်ခင်းကြောင့်များ
ငါ ရင်နင့်ခဲ့ရပါလိမ့် ...။
ချစ်ခြင်းကို ပျိုးခဲ့မိရုံမျှနဲ့တော့
ဥယျာဉ်တော်တစ်ခွင်မှာ
မှော်ရုံတောတွေ မဖြစ်ထွန်းလောက်ဘူး ထင်ပါရဲ့ ...။
မြတ်နိုးခြင်း အင်္သချေ
လွမ်းဆွတ်ခြင်း တစ်ကုဋေနဲ့
ငါ ကဗျာတွေ စပ်လိုက်တယ်
ကောင်းကင်က ရယ်လေရဲ့
ကြယ်တွေက တီးတိုးဆိုတယ်
ရူးလည်းရူးတဲ့ကောင်တဲ့
လေပြေညှင်းကတော့
ငါ့ မျက်နှာကို မော့မော့ကြည့်နေတုန်း ...။
ဇော်
Friday, September 24, 2010
ကျနော်မသိလိုက်တဲ့ ကျနော့်ညတွေ
ည
ခပ်ပျပျ အလင်းရောင်တွေ မှုန်ဝါးဝါးလွှမ်းခြုံ
ဆေးပန်းချီတွေ ချယ်မှုန်းဖို့ သူကြိုးစားတယ်
အရောင်တွေလဲ သူထည့်ပါရဲ့
စုတ်ချက်တွေလဲ သူ ဆွဲပါရဲ့
အနက်ရောင်သာ လွှမ်းမိုးခဲ့တာကတော့
သူ့ဘ၀င်မှာ သူ့ဟာသူများ
စူးရှနေခဲ့တာတဲ့လားဗျာ
ညက ကျနော့်စိတ်ကူးတွေကို ခိုးယူစားသုံး
ကျနော့်အိပ်မက်တွေကို အရေဖျော်ခဲ့တယ်
ကျနော့်စိတ်ကို သူနားမလည်ပါဘဲ
ကျနော့်ကိုလဲ ငြိုငြင်ခဲ့တယ်
တမြေ့မြေ့နဲ့ ကျနော့်ကို ဖုံးအုပ်
သူ လွှမ်းခြုံခဲ့တဲ့ အနက်ရောင် ပိတ်သားအောက်မှာ
ကျနော်က ပိုးစုန်းကြူးတစ်ကောင်မျှသာ
ကျနော် စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့မိဘူး
မှုန်ရီဝိုးတ၀ါးထဲ တစ်စစ လဲပြို
ကျနော်မသိလိုက်ပါဘဲ ကျနော့်ညတွေ
အဓိပါယ်ခွက်ထဲ ပျော်ကျနေခဲ့တယ်
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ကျနော်တွယ်တာတတ်ခဲ့တဲ့ညတွေ
အရုဏ်မတက်ခင် အာရုံတွေထဲ ဖျားနာခဲ့တယ်
ရောင်နီမလာခင် အရောင်တွေထဲ နီထွေးခဲ့တယ်
အလင်းတွေ မခင်းကျင်းခင် အလင်းတွေနဲ့ ထွန်းလင်းခဲ့တယ်
ညဟာ မှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့လဲ ရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်
အဲ့ဒီကောင်းကင်တစ်ခိုမှာပါပဲ
ည ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်
တော်ဝင်ဆန်ခဲ့တယ်
ဟော
ပြောရင်းဆိုရင်း မိုးသောက်ခဲ့ပြီ
ညဟာ မှိန်ဝါးစွာပျောက်ကွယ်
သူ့ရဲ့အိပ်စက်ချိန်လဲ ဖြစ်တည်လာခဲ့တယ်
သူကိုက ပြောင်းပြန်အချိုးကျ
နေ့ဘက်မှာမှ အနားယူတတ်သတဲ့
၃နဲ့၎ လို ကျောချင်းကပ်ချစ်ခြင်းမျိုးနဲ့
ညက နေ့ကို လက်ပြနှုတ်ဆက်
အဲ့ဒီ နှင်းတောထဲမှာပါပဲ
( ကျနော့်ကိုထားပြီး)
ည တိုးဝင် ထွက်ခွာသွားခဲ့တော့တာ
အခုဆို နာရီတစ်ပတ်တောင် ပြည့်ခဲ့ပြီပေါ့ဗျာ
ဇော်
ခပ်ပျပျ အလင်းရောင်တွေ မှုန်ဝါးဝါးလွှမ်းခြုံ
ဆေးပန်းချီတွေ ချယ်မှုန်းဖို့ သူကြိုးစားတယ်
အရောင်တွေလဲ သူထည့်ပါရဲ့
စုတ်ချက်တွေလဲ သူ ဆွဲပါရဲ့
အနက်ရောင်သာ လွှမ်းမိုးခဲ့တာကတော့
သူ့ဘ၀င်မှာ သူ့ဟာသူများ
စူးရှနေခဲ့တာတဲ့လားဗျာ
ညက ကျနော့်စိတ်ကူးတွေကို ခိုးယူစားသုံး
ကျနော့်အိပ်မက်တွေကို အရေဖျော်ခဲ့တယ်
ကျနော့်စိတ်ကို သူနားမလည်ပါဘဲ
ကျနော့်ကိုလဲ ငြိုငြင်ခဲ့တယ်
တမြေ့မြေ့နဲ့ ကျနော့်ကို ဖုံးအုပ်
သူ လွှမ်းခြုံခဲ့တဲ့ အနက်ရောင် ပိတ်သားအောက်မှာ
ကျနော်က ပိုးစုန်းကြူးတစ်ကောင်မျှသာ
ကျနော် စိတ်မဆိုးပါဘူး
စိတ်လဲ မဆိုးတတ်ခဲ့မိဘူး
မှုန်ရီဝိုးတ၀ါးထဲ တစ်စစ လဲပြို
ကျနော်မသိလိုက်ပါဘဲ ကျနော့်ညတွေ
အဓိပါယ်ခွက်ထဲ ပျော်ကျနေခဲ့တယ်
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ကျနော်တွယ်တာတတ်ခဲ့တဲ့ညတွေ
အရုဏ်မတက်ခင် အာရုံတွေထဲ ဖျားနာခဲ့တယ်
ရောင်နီမလာခင် အရောင်တွေထဲ နီထွေးခဲ့တယ်
အလင်းတွေ မခင်းကျင်းခင် အလင်းတွေနဲ့ ထွန်းလင်းခဲ့တယ်
ညဟာ မှော်ဆန်တယ်
ပဉ္စလက်လဲ ဖြစ်တယ်
မာယာတွေထဲ မာန်တွေနဲ့လဲ ရှင်သန်တယ်
လင်းလိုက်မှောင်လိုက်နဲ့ ပညာကုန်သုံး
တိမ်မည်းတွေနဲ့ လှည့်စားတယ်
အဲ့ဒီကောင်းကင်တစ်ခိုမှာပါပဲ
ည ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်
တော်ဝင်ဆန်ခဲ့တယ်
ဟော
ပြောရင်းဆိုရင်း မိုးသောက်ခဲ့ပြီ
ညဟာ မှိန်ဝါးစွာပျောက်ကွယ်
သူ့ရဲ့အိပ်စက်ချိန်လဲ ဖြစ်တည်လာခဲ့တယ်
သူကိုက ပြောင်းပြန်အချိုးကျ
နေ့ဘက်မှာမှ အနားယူတတ်သတဲ့
၃နဲ့၎ လို ကျောချင်းကပ်ချစ်ခြင်းမျိုးနဲ့
ညက နေ့ကို လက်ပြနှုတ်ဆက်
အဲ့ဒီ နှင်းတောထဲမှာပါပဲ
( ကျနော့်ကိုထားပြီး)
ည တိုးဝင် ထွက်ခွာသွားခဲ့တော့တာ
အခုဆို နာရီတစ်ပတ်တောင် ပြည့်ခဲ့ပြီပေါ့ဗျာ
ဇော်
Wednesday, September 22, 2010
လွမ်းတဲ့ည (၂)
ကြယ်ရောင်တွေမလင်းလည်း
ညက အဆင်းသစ်နဲ့လှနေတယ်..။
မြို့ပြက
တိတ်ဆိတ်ခြင်းတေးသွားနဲ့ ညကိုကခုန်တယ်..။
လွမ်းမောသူက
တမ်းတခြင်းနဲ့ လေညင်းကို တီးတိုးဆိုတယ်..။
အငွေ့အသက်တွေဖြန့်ကျက်ယဉ်ပါးရင်း
ရင်တစ်ခွင်လုံးလွမ်းနာကျတယ်..။
နတ်သမီးအိပ်မက်တွေအကြောင်း
ဒိုင်ယာရီတစ်အုပ်က သိုဝှက်တယ်..။
(အဲဒီ) ဆံနွယ်တွေဖြန့်ကျက်ထားတဲ့အလှဟာ
(အခုထက်ထိ) ထိရှထက်မြနေတုန်းပဲ..။
နာယူဖူးသမျှရဲ့
အနက်ရှိုင်းဆုံးဂီတသံတွေအဖြစ်
ပြင်းပြလောင်ကျွမ်းခဲ့ကြတယ်..။
နှောင်ကြိုးမဲ့ ချည်နှောင်ဖွဲ့မိသူတွေထဲ
ပထမဆုံးလည်းမဟုတ်ခဲ့သလို
နောက်ဆုံးလည်းမဟုတ်ခဲ့ပဲ
အသိခေါက်ခက်နဲ့ အဝင်နက်တဲ့မြားတစ်စင်းအဖြစ်
စူးနစ်စွဲမြဲခဲ့ဖူးတယ်..။
ပျောက်ရှသွားတဲ့ ရနံ့တွေနဲ့
ခိုးဝှက်ထိတွေ့ခဲ့မိဖူးတဲ့ ဆံနွယ်အဖျားလေးတွေ..၊
အဲဒီညနေရီမှာကြိုးပြတ်ခဲ့တာ
အရုပ်တစ်ရုပ် မဟုတ်ခဲ့ဘူး...။
မျက်ဝန်းအကြွေတွေကို ကောက်ယူစုဆောင်းရင်းနဲ့ပဲ..
ကိုယ့်ဆုတောင်းတွေထဲ
ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းတပ်တဲ့သူ...၊
အနာတရတွေ သိမ်းဆည်းရင်းနဲ့ပဲ
အဖြူရောင်အခင်းအကျင်းနဲ့
အိပ်မက်အသေတွေ စီးဆင်းခဲ့တဲ့သူ...၊
နှုတ်မိန့်တစ်စုံတစ်ရာအတိုင်း
ကြေမွသွားတဲ့ အပိုင်းအစအားလုံးထဲ
ပျော်ဝင်ခြင်းစစ်စစ်တွေ ရှင်ကွဲကွဲခဲ့ကြတယ်...။
ဓါးသွားတွေကိုင်ဆွဲထားတဲ့စစ်ပွဲတစ်ပွဲ မဟုတ်ပဲ
ငါ သွေးချင်းချင်းရဲခဲ့တယ်...။
ငါ့ဥယျာဉ်တော်မှာ ဖူးခဲ့သမျှပန်းတွေအားလုံး
ပိုင်ရှင်မသိပဲ သေဆုံးသွားခဲ့ကြရတယ်..။
ဒီလိုနဲ့ပဲ................
.........................
.........................။
ပုံပြင်တွေမဆိုလည်း
ညကခပ်ကျဲကျဲချိုပါရဲ့.....။ ။
လင်းစက်ရာ
( လင်းစက်ရာရဲ့ ၂၃နှစ်မြောက် မွေးနေ့ကို ကျနော် သူ့ကဗျာလေးနဲ့ နှုတ်ဆက်ပါတယ်
လင်းစက်ရာ (သို့မဟုတ်) စိုးထွန်းနောင်... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ... သူချစ်တဲ့ ကဗျာတွေနဲ့အတူ အမြဲ ရှင်သန်နိုင်ပါစေ..... )
ညက အဆင်းသစ်နဲ့လှနေတယ်..။
မြို့ပြက
တိတ်ဆိတ်ခြင်းတေးသွားနဲ့ ညကိုကခုန်တယ်..။
လွမ်းမောသူက
တမ်းတခြင်းနဲ့ လေညင်းကို တီးတိုးဆိုတယ်..။
အငွေ့အသက်တွေဖြန့်ကျက်ယဉ်ပါးရင်း
ရင်တစ်ခွင်လုံးလွမ်းနာကျတယ်..။
နတ်သမီးအိပ်မက်တွေအကြောင်း
ဒိုင်ယာရီတစ်အုပ်က သိုဝှက်တယ်..။
(အဲဒီ) ဆံနွယ်တွေဖြန့်ကျက်ထားတဲ့အလှဟာ
(အခုထက်ထိ) ထိရှထက်မြနေတုန်းပဲ..။
နာယူဖူးသမျှရဲ့
အနက်ရှိုင်းဆုံးဂီတသံတွေအဖြစ်
ပြင်းပြလောင်ကျွမ်းခဲ့ကြတယ်..။
နှောင်ကြိုးမဲ့ ချည်နှောင်ဖွဲ့မိသူတွေထဲ
ပထမဆုံးလည်းမဟုတ်ခဲ့သလို
နောက်ဆုံးလည်းမဟုတ်ခဲ့ပဲ
အသိခေါက်ခက်နဲ့ အဝင်နက်တဲ့မြားတစ်စင်းအဖြစ်
စူးနစ်စွဲမြဲခဲ့ဖူးတယ်..။
ပျောက်ရှသွားတဲ့ ရနံ့တွေနဲ့
ခိုးဝှက်ထိတွေ့ခဲ့မိဖူးတဲ့ ဆံနွယ်အဖျားလေးတွေ..၊
အဲဒီညနေရီမှာကြိုးပြတ်ခဲ့တာ
အရုပ်တစ်ရုပ် မဟုတ်ခဲ့ဘူး...။
မျက်ဝန်းအကြွေတွေကို ကောက်ယူစုဆောင်းရင်းနဲ့ပဲ..
ကိုယ့်ဆုတောင်းတွေထဲ
ကိုယ့်ကိုယ်ကိုယ် ကြိုးကွင်းတပ်တဲ့သူ...၊
အနာတရတွေ သိမ်းဆည်းရင်းနဲ့ပဲ
အဖြူရောင်အခင်းအကျင်းနဲ့
အိပ်မက်အသေတွေ စီးဆင်းခဲ့တဲ့သူ...၊
နှုတ်မိန့်တစ်စုံတစ်ရာအတိုင်း
ကြေမွသွားတဲ့ အပိုင်းအစအားလုံးထဲ
ပျော်ဝင်ခြင်းစစ်စစ်တွေ ရှင်ကွဲကွဲခဲ့ကြတယ်...။
ဓါးသွားတွေကိုင်ဆွဲထားတဲ့စစ်ပွဲတစ်ပွဲ မဟုတ်ပဲ
ငါ သွေးချင်းချင်းရဲခဲ့တယ်...။
ငါ့ဥယျာဉ်တော်မှာ ဖူးခဲ့သမျှပန်းတွေအားလုံး
ပိုင်ရှင်မသိပဲ သေဆုံးသွားခဲ့ကြရတယ်..။
ဒီလိုနဲ့ပဲ................
.........................
.........................။
ပုံပြင်တွေမဆိုလည်း
ညကခပ်ကျဲကျဲချိုပါရဲ့.....။ ။
လင်းစက်ရာ
( လင်းစက်ရာရဲ့ ၂၃နှစ်မြောက် မွေးနေ့ကို ကျနော် သူ့ကဗျာလေးနဲ့ နှုတ်ဆက်ပါတယ်
လင်းစက်ရာ (သို့မဟုတ်) စိုးထွန်းနောင်... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ... သူချစ်တဲ့ ကဗျာတွေနဲ့အတူ အမြဲ ရှင်သန်နိုင်ပါစေ..... )
Tuesday, September 21, 2010
အစကတည်းက သေချာခဲ့သော တိတ်တဆိတ် ကျန်ရစ်ခြင်း
ကောင်းကင်ရဲ့ တေးသွားမှာ
ငါပျော်မြူးချိန်
မုန်တိုင်းတွေ ငိုနေခဲ့တယ်
သက်တံရောင် ဆည်းဆာတစ်ခု
ကောင်းကင်ရဲ့ ထောင့်ချိုးကနေ ချောင်းကြည့်နေလေရဲ့
နေမင်းရယ်
ငြိုးဖျော့စွာ လင်းလက်
နင့်ရဲ့ဆောင်တော်ကူးချိန်မှာ
ငါတစ်ယောက်တည်း အားငယ်တတ်ခဲ့လိုက်တာ
ကောင်းကင်တစ်ခုကနေ
နှုတ်ဆက်လက်ပြ
နင့်အပြုံးတွေ မှိန်လျော့ခဲ့ပြန်ပြီပေါ့
နေမင်းရယ်
ဟိုးတစ်ဘက်ခြမ်းမှာ နင်ပျော်မြူးချိန်
ငါ့ကောင်းကင်က မှောင်နက်နေတယ်
ကဗလာ ခင်းကျင်းခဲ့တယ်
တိမ်မည်းညိုတို့ လွင့်မျောခဲ့
နေမင်းမရှိတဲ့ ကောင်းကင်
လမင်းမသာတဲ့ ဒီည
ငါ့ဘ၀ မျက်နှာငယ်လိုက်တာဟာ
နေမင်းရေ...
နင်ရောက်လာမယ့် နေ့သစ်ဦးစ
ဟိုးခပ်ပြပြမှာ တောင်ခိုးတွေဝေနေကြတယ်
မိုးရာသီရဲ့အေးမြမှုဟာ စက်တင်ဘာတွေကို
လွှမ်းခြုံနေခဲ့ပြန်ပြီ
ငါ တိုးတိတ်စွာ ဟစ်ကြွေး
နင့်ချိတ်ဆွဲနေတဲ့ အဲ့ဒီ ကောင်းကင်ထောင့်ချိုးက ဆည်းဆာလေးတစ်ခု
ငါ့ရင်တွင်းမှာ ခြေရာထင်ကျန်ခဲ့ပေါ့
နေမင်းရယ်
မသွားပါနဲ့လို့ ငါ မတားခဲ့လိုက်နိုင်ပါဘူး
နှုတ်မဆက်ပါနဲ့လို့လဲ ငါမဆိုရက်နိုင်ခဲ့ဘူး
ဒါပေမယ့် နင်ချန်သွားတဲ့ နောက်ဆုံးဆည်းဆာရောင်မှာ
အနေအထိုင်မတတ်ခဲ့တဲ့ငါ
ခိုးခိုးပြီး လင်းနေခဲ့ရပြီပေါ့ဟာ .....
ဇော်
ငါပျော်မြူးချိန်
မုန်တိုင်းတွေ ငိုနေခဲ့တယ်
သက်တံရောင် ဆည်းဆာတစ်ခု
ကောင်းကင်ရဲ့ ထောင့်ချိုးကနေ ချောင်းကြည့်နေလေရဲ့
နေမင်းရယ်
ငြိုးဖျော့စွာ လင်းလက်
နင့်ရဲ့ဆောင်တော်ကူးချိန်မှာ
ငါတစ်ယောက်တည်း အားငယ်တတ်ခဲ့လိုက်တာ
ကောင်းကင်တစ်ခုကနေ
နှုတ်ဆက်လက်ပြ
နင့်အပြုံးတွေ မှိန်လျော့ခဲ့ပြန်ပြီပေါ့
နေမင်းရယ်
ဟိုးတစ်ဘက်ခြမ်းမှာ နင်ပျော်မြူးချိန်
ငါ့ကောင်းကင်က မှောင်နက်နေတယ်
ကဗလာ ခင်းကျင်းခဲ့တယ်
တိမ်မည်းညိုတို့ လွင့်မျောခဲ့
နေမင်းမရှိတဲ့ ကောင်းကင်
လမင်းမသာတဲ့ ဒီည
ငါ့ဘ၀ မျက်နှာငယ်လိုက်တာဟာ
နေမင်းရေ...
နင်ရောက်လာမယ့် နေ့သစ်ဦးစ
ဟိုးခပ်ပြပြမှာ တောင်ခိုးတွေဝေနေကြတယ်
မိုးရာသီရဲ့အေးမြမှုဟာ စက်တင်ဘာတွေကို
လွှမ်းခြုံနေခဲ့ပြန်ပြီ
ငါ တိုးတိတ်စွာ ဟစ်ကြွေး
နင့်ချိတ်ဆွဲနေတဲ့ အဲ့ဒီ ကောင်းကင်ထောင့်ချိုးက ဆည်းဆာလေးတစ်ခု
ငါ့ရင်တွင်းမှာ ခြေရာထင်ကျန်ခဲ့ပေါ့
နေမင်းရယ်
မသွားပါနဲ့လို့ ငါ မတားခဲ့လိုက်နိုင်ပါဘူး
နှုတ်မဆက်ပါနဲ့လို့လဲ ငါမဆိုရက်နိုင်ခဲ့ဘူး
ဒါပေမယ့် နင်ချန်သွားတဲ့ နောက်ဆုံးဆည်းဆာရောင်မှာ
အနေအထိုင်မတတ်ခဲ့တဲ့ငါ
ခိုးခိုးပြီး လင်းနေခဲ့ရပြီပေါ့ဟာ .....
ဇော်
Subscribe to:
Posts (Atom)