အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, June 23, 2009

ထိုသောညမှာ ...

ဒီနေ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ကို အဖြေပေးမယ်လို့ ပြောထားတယ်ဗျ။
ကျွန်တော့်ချစ်သူလေးကို ကျွန်တော်ချစ်ခွင့်ပန်ခဲ့ရတာ ၃နှစ်တောင်ကြာခဲ့ပြီပဲ။ ပြီးတော့ ထူးထူးခြားခြား ဒီနေ့က ကျွန်တော့်မွေးနေ့။ ဒီနေ့လိုနေ့မျိုးမှာမှ ချစ်သူလေးဆီကလဲ
အဖြေရမယ်ဆိုတော့ ထူးခြားတဲ့နေ့တစ်နေ့အဖြစ် ကျွန်တော်သတ်မှတ်လိုက်မိသည်။
ကျွန်တော်သိတယ်လေ။ ကျွန်တော့်လို ချောမောလှပတဲ့ ရုပ်ရည်ပိုင်ရှင်ကို ဘယ်မိန်းကလေးကများ ငြင်းမှာလဲနော်။
ကျွန်တော်က သူ့ကို သိပ်ချစ်လွန်းလို့သာ သူ ကျွန်တော့်ကို ကြိုးရှည်ရှည်နဲ့ ဆွဲသမျှ ငြိမ်ခံနေခဲ့ရတာ
သုံးနှစ်တောင် ကြာသွားတယ်။ ကျွန်တော်ထင်ပါတယ်။ မိန်းကလေးဆိုတော့ မူမှာပေါ့။ ဒါတွေက ကိစ္စမရှိပါဘူး။
အဓိက က ချစ်သူလေးကို ချစ်ရဖို့မဟုတ်လား။

မေမေနှင့် ဖေဖေ့ကို ကန်တော့ပြီးပြီမို့ ရေမိုးချိုး ရှယ်ရွှိုင်းလိုက်သည်။
ပျော့ပျောင်းတဲ့ ဆံပင်တွေကို LAMCOME ဆံပင်လိမ်းဆီလေးနဲ့ သေချာလိမ်း၊ မျက်နှာကို
CHRISTIAN DIOR Milk Lotion လေးနဲ့ နေပူထဲသွားရမှာမို့ ပါးပါးလူးလိုက်သည်။
ပြီးတော့ ပေါ့ပေါ့ပါးပါးဖြစ်အောင် HUGO BOSS အကျီနဲ့ ဘောင်းဘီ၊ ခါးပတ်ကိုတော့ ကျွန်တော့်အကြိုက် LACOST ခါးပတ်ကိုပတ်။ ဖိနပ်ကိုလဲ ကျွန်တော်အကြိုက်ဆုံး LACOST ကိုပဲ ရွေးပလိုက်သည်။

GIVENCHY ရေမွှေးကို တစ်ကိုယ်လုံး သေချာဆွတ်၊ RADO နာရီကိုပတ်၊ HARMES' လက်စွပ်လေးကို ဘယ်ဘက်လက်သူကြွယ်မှာစွပ်၊ DANIEL SWAROVSKI ဆွဲကြိုးလေး လည်ပင်းမှာဆွဲလိုက်တော့ ကျွန်တော့်ပုံစံက လိုလေသေးမရှိ။ ကျွန်တော်ကိုင်နေကျ MONT BLANC သားရေပိုက်ဆံအိတ်လေးကို ယူ၊
PORCHE DESIGN နေကာမျက်မှန်ကို ခေါင်းပေါ်မှာတင် ESCADA ဦးထုပ်လေးကိုဆွဲပြီး ကျွန်တော်အခန်းထဲမှ ထွက်လိုက်သည်။ ကျွန်တော်တံခါးဝရောက်မှ မေမေက ကျွန်တော့် PORCHE DESIGN လက်ကိုင်ဖုန်းလေးနှင့် PORCHE Car သော့လေး ယူလာပေးသည်။ ဟုတ်တာပေါ့။ ကျွန်တော်က စိတ်စောနေတာနဲ့ မေ့သွားတော့တာ။ ကျွန်တော်က PORCHE DESIGN အသဲစွဲဆိုတော့ မျက်မှန်တို့ ဘောပင်တို့ ဖုန်းတို့ ကားတို့က အစ PORCHE DESIGN ကိုပဲ သုံးဖြစ်ခဲ့တာလေ။

ဒီလိုနဲ့ ချစ်သူလေးဆီရောက်တော့ ရွှေမျက်နှာတော်လေးက နှင်းဆီဖူးငုံလေးလို ဆူပုပ်ပုပ်။ နောက်ကျတယ်ဆိုပြီး လက်ကနာရီကို ကြည့်လို့ ပြောလာတဲ့ အိသဲမွန် ဆိုတဲ့ ချစ်သူလေးကို ကျွန်တော်တစ်ချက် ပါးဆွဲ လိမ်ပစ်လိုက်မိသည်။
ချစ်လိုက်ရတာဗျာ။
ဒီလိုရာသီဥတုသာယာနေပုံထောက်တော့ ကျွန်တော့်အတွက် ဂုဏ်ထူးနဲ့အောင်တယ်ဆိုတာ သွားကြည့်စရာတောင်မလို။ သေချာနေပေပြီ။
ကျွန်တော် ချစ်သူ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ အဟိ။ နူးညံ့လိုက်သည့်ဖြစ်ခြင်း။

"ဇော်၊ ချစ်သူတွေဖြစ်တဲ့အထိမ်းအမှတ်နဲ့ သဲကို ကာတီးယားစိန်တိုက်မှာ စိန်တစ်ဆင်စာ ၀ယ်ပေးကွာ။ နော်။ "

ချွဲနွဲ့စွာ ပြောလာတဲ့ ချစ်သူလေးအတွက် ကျွန်တော့်ဆီမှာ ငွေက အဆင်သင့်။ ကားကို ကာတီးယားစိန်တိုက်သို့ မောင်းပစ်လိုက်သည်။ ထို့နောက် အကောင်းဆုံး ရတီအပြည့် စိန်တစ်ဆင်စာကို ချစ်သူလေးအတွက် ၀ယ်ပေးလိုက်သည်။
( ကျွန်တော့်အတွက် ဒီလောက်ကတော့ ပါးပါးလေးပါဗျ။ ဟဲဟဲ။ )
( ထက်ထက်မိုးဦးရဲ့ ပြုံးစိစိနဲ့ ကာတီးယားစိန်တိုက်မှာလာဝယ်နော် ဆိုတဲ့ မျက်နှာကိုတောင် မြင်ယောင်လိုက်မိသေး။ ဒါပေမယ့် ချစ်သူ့မျက်နှာ ပြုံးဖြီးဖြီးက ပိုကြည့်ကောင်းပါတယ်လေ။ )

ကျွန်တော်တို့ နေ့လည်စာကို ကုန်သည်ကြီးများ ဟော်တယ် ( TRADERS HOTEL ) မှာ သီးသန့်ခန်းဖြင့် စားလိုက်ကြသည်။ ထို့နောက် HITACHI အပေါ်ဆုံး အထပ်နှစ်ဆယ်တွင်ရှိသော သီရိပစ္စယာစကိုင်းတွင် ရန်ကုန်မြို့အလှကို ရှုစားရင်း ကော်ဖီသောက်ကြသည်။ တစ်ဆိုင်လုံးကို အပြတ်ငှားပလိုက်သည်မို့ တီးဝိုင်းကအစ အလွန်ငြိမ့်ညောင်းနေလေသည်။ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး HITACHI အပေါ်ဆုံးထပ်မှာရှိတာမို့လဲ အပေါ်စီးမှာမြင်နေရသော ရန်ကုန်မြို့သည် လှချင်တိုင်းလှနေလေသည်။

" သဲ၊ ဇော့်ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲဟင်။ "

" ဇော်ရယ်၊ သဲက ဇော့်လို ချမ်းသာတာမဟုတ်တော့ တန်ဖိုးကြီးကြီး မပေးနိုင်ပါဘူး။ ဒါပေမယ့် သဲပေးမယ့်အရာက သဲအတွက်တော့ တကယ်ကို တန်ဖိုးကြီးပါတယ်လေ။ "

" အာ၊ သဲရာ။ ဇော်က သဲဘာပေးပေး တန်ဖိုးထားပြီးသားပါဗျာ။ အဓိက က သဲက အမှတ်တရပေးဖို့ပဲမဟုတ်လားလေ။ နော်။ "

" အင်း၊ ဒါဆို သဲပေးမယ်လေ။ ဇော်က မျက်စိမှိတ်ထား။ အိုကေ။ "

ကျွန်တော်သိလိုက်ပြီ။ ချစ်သူလေး ကျွန်တော့်ကို နမ်းတော့မည်ဟု။
အဟိ။ ရင်ခုန်လိုက်တာဗျာ။ ချစ်သူရဲ့ နှုတ်ခမ်းဖူးဖူးလေးက ကျွန်တော့်မျက်နှာရဲ့
ဘယ်အစိတ်အပိုင်းကို လာထိမှာပါလိမ့်နော်။
လေပြည်ညှင်းတို့ သွဲ့သွဲ့ရယ်မောသွားကြသည်။ ညနေခင်းက ကောင်းချီးပေးလေပြီ။

ထိုသို့ဖြင့် ချစ်သူလေး ကျွန်တော့်ကို နမ်းတော့မည်။ နမ်း ............. တော့ ................မည် ..............။

.......................... ။ .................................. ။

ဝုန်း ... ဒုန်း ... ဒုန်း ...

" အား ။"

တင်ပါးဆီမှ နာကျင်သောခံစားချက်နဲ့အတူ ကျွန်တော် လန့်နိုးလာသည်။ လက်ဆက်သတ်တော့ ကုတင်ပေါ်မှ ကျွန်တော်ပြုတ်ကျခြင်းပေကိုး။

" ဟာကွာ။ ကျွတ်။ ကောင်းခန်းရောက်မှများ။ "

စိတ်တိုစွာနဲ့ နာနေသော တင်ပါးကိုပွတ်ရင်း နာရီကို ယူပြီး ကြည့်လိုက်တော့ နံနက် ၅နာရီ။

ဟိုက်..။ အလုပ်နောက်ကျပြီဗျ။ အီး ....။

24 comments:

Anonymous said...

ကဲ ၁ ဦးလိုက်ဦးမယ် ကွာ :D

Anonymous said...

အီးးးးး ... ညီမဇော် နောက်ပီးးးးးးးးး
အဟုတ်မှတ်လို့ ဖတ်နေတာာ ....
တုန်းတယ်ပဲ ပြောပြော အဲတံဆိပ်တွေ ကြားတောင် မကြားဖူးဘူး :D
haha
နေဒေးသစ်။

မငုံ said...

သြော်..အိပ်မက်မက်တာကိုး

Sein Lyan Tun said...

ကြော်ငြာခ ဘယ်လောက်ရလဲဟင်

ဒီပစ္စည်းတွေကိုကြော်ငြာပေးတယ်ဆိုတော့

နည်းနည်းခွဲပေးမလားလို့ပါဗျာ


ချစ်ခင်စွာဖြင့်

ိကိုကြီးဖိုးစိန်

လင်းကြယ်ဖြူ said...

ရန်ကုန်မြို့ကြီးကတော်တော်လှပနေတာပဲနော်..
အိမ်မက်ထဲမှာ....ဟဲ..ဟဲ..
အလုပ်မမီရင် Metre Taxi ငှားသ္ဂား...
အဲ့ဒီ့မှာ ၃ကျပ်ခ္ဂဲ နဲ့ စမယ်ဗျား..ဟား..ဟား..

နှင်းနဲ့မာယာ said...

ဇော်နော်
နောက်စရာလား...
အဟုတ်မှတ်လို့ လာဖတ်တာကို...
နာမယ်နော်...

မနှင်း

Anonymous said...

တကယ်မှတ်လို့ ဖတ်လိုက်ရတာ သူရေးထားတဲ့ တံဆိပ်တွေလဲ မှတ်လိုက်ရတာ မောသွား တယ်
ပြီးတော့ အိပ်မက်ဖြစ်နေတယ်
အဆင်ပြေပျော်ရွှင်ပါစေကွာ...

တလနွန် said...

နောက်တတ်တယ် ညီဇော်လေး။။။။ဖတ်ပြီး နောက်မှ အိမ်မက်ဖြစ်နေတယ် အဟတ်။။

ခင်မင်ခြင်းနှင့်
ကိုည

မေလေး said...

ဖစ်မှဖစ်၇တယ် ညီမလေးရယ်။ဒီကကာတီးယားစိန်တိုက်တောင် ရောက်နေပြီ။ဟွန့်..လူဇိုးမလေး..

မယ့်ကိုး said...

အရေးသွက်သွက်လေးရဲ့  ညီမလေးဇော်ရဲ့  ရေးဟန်ကို ကြိုက်တယ်။

ရောင်ပြန် said...

အယ်.. အဟုတ်မှတ်လို့... သူနော်.. ဇွတ်..

chitpalone said...

အဟုတ်မှတ်လို့ ဖတ်နေတာ သူကနောက်စားသွားတယ်။ လူဆိုး။ ကြက်တောင် စနေနေ့ရိုက်မယ်လေ။ အိုကေလား။ အဟိ ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

စည်သူ said...

အင်....ဟုတ်ပြီးပေါ့ ဆိုပြီး ကုန်းကုန်း ကွကွ ပုံစံကနေပြီး Position ပြောင်းပြီးတော့ စာထဲကို အာရုံစိုက်ပြီးဖတ်လိုက် တာ......
ဟင်..ဂယ်လဲဟုတ်ဘူး.။
စိတ်ကူးလေးတောင်ပြောက်သွားတယ်..။
ခင်မင်လေးစားစွာဖြင့်..။

ဝေလေး said...

အဟဲ ထင်တော့ထင်ပါတယ်..... အိပ်မက်မက်နေလားမသိပါဘူးလို့........ :P
ဒုန်းဆိုတော့...... သေချာသွားတာပေါ့......

mgnge said...

ဒီတံဆိပ်တွေ ဒီလောက်ရေးနေ ရင် ဘာလည်းဆို တာ သိတော့သိလိုက်တယ်....။ အညင်ကပ်လို့ ဆက်ဖက်လာတာ..။
ဒါနဲ့ ငဇော်ရေးပြတဲ့ တံဆိပ်တွေ ကို လေ... ပုံစံလေးမြင်ဖူး ချင်လို့ ... ဓါတ်ပုံလေးရှိရင် ပို့ ပေးပါလာ...။
တကယ် ပါ ..အဟုတ်ပါ ..မသိလို့ ပါ..
:P

minnay said...

မက်ချင်စရာ အိပ်မက်ကို မက်ပြီး လန့်နိုးခဲ့ရပါကြောင်း .... အဟုတ်မှတ်နေတာ ....

s said...

အပိာ မမ ဇော်က အိပ်မက်မက်နေတာကိုး လက်စသက်တော့။ ဘာပဲ ဖြစ်ဖြစ် အရေးအသားကောင်းတယ် မမမ ဇော်ရေ.။
အင်တာနက် လိုင်း ၃ရက်လောက်ကျနေတာနဲ့ ပြန်လာလည်တာ နောက်ကျတဲ့အတွက် တောင်ပန်းပါတယ်နော်။ တွေ့ရတာဝမ်းသာပါတယ်။နောက်မှ အေးဆေးစာတွေလာဖက်ပါဦးမယ်ရှင်။ပျော်ရွှင်ပါစေ။

ahphyulay said...

ဒီလိုအိပ်မက်မျိုး လူတိုင်းမက်ခဲပါတယ်။
အားလဲကျမိပါတယ်၊နေ့တိုင်းမက်ဖို့ လဲ
မျှော်လင့် ပါတယ်။ နောက်ကျပြီး ရောက်
လာရတဲ့  အတွက် တောင်းပန်ပါတယ်၊
မကြာ၊မကြာလာလည်ပေးတဲ့ အတွက်
ကျေးဇူးအထူးတင် ပါတယ်။

မြစ်ကျိုးအင်း said...

ငါတော့ တော်တော်ခေတ်နောက်ကျနေပြီလား မသိဘူး တံဆိပ်နာမည်တွေ ဖတ်ရင်းနဲ့ စာထဲကို စိတ် မနည်းပြန် ထည့်ရတယ်....ကောင်းတာတွေအရမ်းများသွားတော့ ရွဲ့ပြီးရေးနေမှန်း သိလာရတယ်...စာရေးသားခြင်းရဲ့ မာယာပေါ့...။နမူနာပြောရရင် သေနတ်ခါးကြားထိုး ထားတာ မြင်နေရသလိုပဲ တကယ်ပစ်လိုက်တော့ သိပ်မအံ့သြမိတော့ဘူးပေါ့...။မြင်တာလေးပြောတာပါ။

Anonymous said...

ရေးထားတာတော့ ရန်ကုန်မြို့ကြီးက တယ်မိုက်ပါလား ကျနော်ရေးထားတာနဲ့တော့ ကွာပါ့ဗျာ။

မိုးခါး said...

ကောင်းခန်းရောက်မှနော် .. :P

မင်းအိမ်ဖြူ said...

ကောင်းတယ် ၊

တကယ်ကို အဲဒီတံဆိပ်တွေ အမြဲသုံးတယ် ဆိုရင် ကြွားတယ် မထင်နဲ့နော် မသိဘူးလို့ ပြောတဲ့သူတွေကို




ကိုယ်ချင်းစာတယ် ၊၊ ကိုယ်လဲသိဘူး ဟီဟိ

Anonymous said...

humm.. don't knoe wht to say.. *roll eyes*..

there is no Harmes brand jewelry...

ok..

ဇော် said...

Hermes' brand က ရှိတယ်ဗျ။ လက်စွပ်နဲ့ နာရီ ပြီးတော့ သရေ လက်ပတ်လေ။ ဒါတောင် ခင်များမသိဘူးဆိုတော့ ညံ့ပါ့။ ဟွန်း။ နာရီက တစ်လုံးကို မြန်မာငွေ သိန်း၅၀ရှိတယ်။ လက်စွပ်က ၁ကွင်းကို မြန်မာငွေ ၁၈သိန်းရှိတယ်။ သရေလက်ပတ်က ၂၂သိန်းပါဗျာ။ မသိရင်လဲ လေ့လာလိုက်ပါဦး ကိုအမည်မသိရေ.. ဟဲဟဲ။