အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, June 29, 2009

သဂြိုလ်ခြင်း



မှောင်မိုက်နေတဲ့ ညယံအလယ်
ကျဉ်းမြောင်းတဲ့ အခန်းငယ်လေးထဲက
ငါ ...။

အိပ်မက်တို့ ပြိုကျ
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်စုံ
နက်ရှိုင်းတဲ့ တံခါးတစ်ချပ်
ဝုန်းဒိုင်းရိုက်ခတ်
ငါ... ကူကယ်ရာမဲ့နေတယ်
နင် ဘယ်မှာလဲ ချစ်သူ။

နာကျင်တဲ့ ရင်အစုံနဲ့
ဒီမြို့ဟောင်းကို ငါဝင်လိုက်တယ်။

စုတ်ပြတ်သတ်နေတာပဲ
နောင်တဆိုတာ မရှိချင်ဘူး။
ငါ့ကို ပြန်မပြောပြပါနဲ့လားဟာ
ဓါးနဲ့သာ ထိုးလိုက်ပါ
ဒီရင်ကို ဖွင့်ပေးထားပြီးပြီပဲ။

သွေးစက်စက်ကျနေတဲ့
နှလုံးသားကိုမှ
ထပ်ပြီး မွှန်းနေတဲ့ ဒီစကားသံတွေ
ခပ်ဝေးဝေးကို ထွက်သွားစမ်းပါ
မှောင်မိုက်ခြင်းအကွယ်ကနေ
ငါ .. နောင်တနဲ့ ရှင်သန်နေရပြီရော။

ရင်တွင်းမီးစတို့
တမြေ့မြေ့လောင်ကျွမ်း
ခပ်ပြင်းပြင်းခါလိုက်တဲ့ ဆံပင်တစ်ချို့
လေထဲကို လွင့်ပျံ။

တစ်ရှိုက်မက်မက် မြိုချလိုက်မိတဲ့
ခါးသက်လွန်းတဲ့ ကော်ဖီတစ်ခွက်ရဲ့ အရသာ
လည်ချောင်းထဲမှာ စူးရှနေတယ်
လျှာဖျားတို့ အဆိပ်သင့်ကုန်ပြီ။

မရည်ရွယ်ခဲ့ပါဘူး ချစ်သူ
မနာကျင်စေချင်ခဲ့မိပါဘူး
နင့်စကားတစ်ခွန်းနဲ့တင်
အရာအားလုံးကို လက်မြှောက်အရှုံးပေးလိုက်တယ်။

ငါ့နေ့ရက်တွေ ... သေဆုံး ...။

အဲ့ဒီကတည်းက
ငါ့အတွက် မှတ်တိုင်တစ်ခု
ဘ၀ရဲ့ အုတ်ဂူတွေကြားမှာ
ယိုင်နဲ့နဲ့ အခြေစိုက်လို့ ...

ငါ့ ဈာပနကို ငါ့ဟာငါ
ချလိုက်တယ် ..
နင် .. မြင်နိုင်စေ...။

( ကျွန်တော် စိတ်ကူးပေါက်လို့ မော်ဒန်ကဗျာ တစ်ပုဒ်ကို ကောက်ရေးလိုက်မိတယ်ဗျာ။
ခင်ဗျား ဖတ်ပြီး ခံစားရတာ ဘယ်လိုနေမယ်တော့မသိဘူးနော်။ ကျွန်တော်က သိတဲ့အတိုင်းပဲ။ မော်ဒန်ကဗျာ သိပ်မရေးတတ်သေးလို့ပါ။
ခံစားလို့မရရင်တော့ ခွင့်လွှတ်ပါဗျာ။ အဟဲ။ =) )

21 comments:

s said...

အပိာ ၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁

s said...

မမ ဇော်ရေ ကဗျာ လေး က ဒီလောက်ကောင်းတာ၊
မိုက်တယ် ဆက်ရေးနော် ၊ စာလုံးတွေလည်း ကြိုက်တယ်။ ပြီးတော့ရှည်လည်းရှည်တယ်။ တစ်ပုဒ်လုံးကို ကြိုက်ပါတယ် ရှင့် ၊အားပေးနေမယ် ။ ပျော်ရွှင်ပါစေ။

နေဒေးသစ် said...

မော်ဒန် ဆိုတဲ့ အတိုင်း မော်ဒန်ပါပဲ ....
အတိအကျအကြီး မဟုတ်ပေမယ့် ရိပ်ဖမ်း သံဖမ်းတော့ နားလည်ခဲ့ပါတယ် ...
မော်ဒန်ဆိုတာလည်း ရိပ်ဖမ်း သံဖမ်း နားလည်နိုင်ဖို့ပဲလို့ ထင်တော့ ....

ခပ်ပါးပါးပေါ့ ...
အဓိပ္ပါယ်ဆိုတာထက် စာလုံးတွေကို ကြိုက်တာ ...

နေဒေးသစ်။

nga Minn said...

နောက်ဆုံးပိုင်းက စသားလေးတွေ တော်တော်လှတယ်ဇော် ..

တလနွန် said...

မောဒန် မောဒယ် ကဗျာလေး လာဖတ်တယ် ညီဇော်လေးရေ။။။ စာလုံးလေးတွေ မိုက်တယ်။

ပျော်ရွင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

Sein Lyan Tun said...

ကြိုက်တယ်

င့ါညီမကတောင် မော်ဒန်တွေ မမော်ဒန်တွေ ခွဲခြားတတ်သေးတယ်

အကိုကတော့ ကဗျာဆိုတာပဲသိတယ်. အဟိ

ဘယ်သူ့မှသွားမပြောနဲ့ အတည်ပေါက်နဲ့နေနေတာနော်

ချစ်တဲ့

ကိုကြီးဖိုးစိန်

mgnge said...

မောလ်ဒန် တော့ မသိဘူး
မော်လ် ဒယ်တော့ သိတယ် ဟဲဟဲ

Anonymous said...

ကောင်းတယ် ဇော်ရေ..ကောင်းလွန်းလို့ ဟင်းအိုးတောင် ကပ်သွားတယ် ဒီတိုင်းပစ်ထားတာ မေ့သွားတယ်လေ :D
ကဗျာကောင်းနဲ့တွေ့သွားတာဆိုတော့
အဆင်ပြေပျော်ရွှင်ပါစေကွာ

မယ့်ကိုး said...

မော်ဒန်ဟုတ်မဟုတ် ခွဲပေးဖို့  ဇော်ချင်းတူတဲ့ ဆရာဇော်ဇော်အောင်ကို ဝေဖန်ခိုင်းလေ။ :)
ဖတ်လို့ ကောင်းပါတယ်။
အားပေးနေတယ် နော် ညီမလေး...

လင်းကြယ်ဖြူ said...

အားပါးပါး....မော်ဒန်အပြင်းစားနဲ့ ပေါက်က္ဂဲ နေပါလား
ဆက်ဆ္ဂဲ..ဆက်ဆ္ဂဲ...
ဟဲ..ဟဲ..ဟဲ

လင်းကြယ်ဖြူ said...

အားပါးပါး....မော်ဒန်အပြင်းစားနဲ့ ပေါက်က္ဂဲ နေပါလား
ဆက်ဆ္ဂဲ..ဆက်ဆ္ဂဲ...
ဟဲ..ဟဲ..ဟဲ

မငုံ said...

အဲ.ကောင်မလေး တယောက် ပေါက်ကွဲနေပြီ။ လွမ်းလွမ်းနဲ့ ပေါက်ကွဲနေလိုက်တာ ကဗျာလေး ဖတ်ပြီး ခံစားသွားရတယ်။ ထပ်တူပေါ့နော့။

ဂျစ်တူးလေး said...

အိပ်မက်တို့ ပြိုကျ
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်စုံ
နက်ရှိုင်းတဲ့ တံခါးတစ်ချပ်
ဝုန်းဒိုင်းရိုက်ခတ်
ငါ... ကူကယ်ရာမဲ့နေတယ်

ဒီစာသားလေး ကောင်တယ်......
သူငယ်ချင်းရေ လာခံစားသွားတယ်....။

ခင်မင်စွာဖြင့်
ဂျစ်

မြစ်ကျိုးအင်း said...

ကဗျာဖတ်နေရင်းနဲ့ ငါ့ညီမ ဘာတွေအဆင်မပြေ ဖြစ်နေတာလဲ စိတ်ပူသွားမိတယ် အောက်ကမှတ်ချက် တွေ့မှပဲ စိတ်အေးအေးနဲ့ နောက်တခေါက် ထပ်ဖတ် သွားတယ်...။ဒန်ပါပေတယ်...။ဆက်ရေးပါ အားပေးနေမှာပါ...။

mysterysnow said...

ဇော်ရေ
ကဗျာလေး ကောင်းပါတယ်...
ဆက်လုပ် စောင့်ဖတ်နေမယ်နော်...
မော်ဒယ်လေးရေးတဲ့ မော်ဒန်ကဗျာလေးပေါ့ဟဟ...

ထင်လင်းအောင် said...

ကဗျာ..လေး အရမ်းကောင်းတယ်....
အရမ်းကြိုက်တယ်....

တောင်ပေါ်သား said...

ကဗျာလာခံစားတယ်ဗျို့ အရေးအသားကတော့ ကောင်းမှကောင်းပဲ

လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

မိုက်တယ်ဇော်ရေ
အားပေးနေတယ်နော်း)

Beauty Studio USA Branded Store said...

အားပေးနေမည်။:-)

ကြည်ဖြူပိုင် said...

ဖတ်လို့ကောင်းတဲ့ပို့စ်လေးပါ။အားပေးနေပါတယ်ဇော်ရေ

ကိုလူထွေး said...

အဲဒါမရေးတတ်ရေးတတ်နဲ့ ရေးထားတာလား
ပြောမှပဲသိရတယ်...
ဖတ်ကောင်းလို့ အထပ်ထပ် ပြန်ဖတ်နေမိတာလေ...

ဈာပနကို လာချသွားသူတွေကလဲ အပေါ်မှာ မနည်းပါလား...းP

းဝ)