အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, June 1, 2009

ရိုးရိုး လေး



ရိုးရိုးလေးပါ ...
အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။

ရိုးရိုးလေးပါ ...
ဘ၀ရဲ့လမ်းမတွေပေါ်
လောကဓံနဲ့ အပြေးပြိုင်နေပေမယ့်
ခက်ထန်တဲ့ နင့်စကားသံစိမ်းစိမ်းကိုတော့
ရင်ဆိုင်ဖို့ အမြဲကြောက်ရွံနေခဲ့တာ ..။

ရိုးရိုးလေးပါ ...
ဂျူလိုင်ရဲ့ ရက်စွဲတွေထဲ
မိုးရွာရင်ပျော်နေတတ်တဲ့ ငါက
နင့်မျက်ဝန်းညိုမှာ မိုးတွေစိုလာရင်တော့
အငိုတိတ်ဖို့ အမြဲနှစ်သိမ့်ပေးခဲ့တာ ...။

ကောင်မလေးရေ ...
နင့်ကိုမြတ်နိုးတဲ့ ငါ့အသိစိတ်
နင်နဲ့ပတ်သက်ရင် နာကြင်ကြေကွဲလွယ်တဲ့ ငါ့နှလုံးသား
ပြောခွင့်မရခဲ့တဲ့ ရင်ထွက်စကားတွေက
နင်သာမြင်နိုင်ခဲ့မယ်ဆိုရင် ရိုးရိုးလေးပါဟာ ......။

( ' မင်း ' ရေးသော ကဗျာ )

13 comments:

Sein Lyan Tun said...

ရိုးရိုးလေးပါ
မင်း ရေးတဲ့ကဗျာလေးကို
ကြိုက်နှစ်သက်မိတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မိုးစက်အိမ် said...

ရိုးရိုးလေးမို.သာဘဲနော်...ဆန်းဆန်းလေး
ဆိုရင်တော်ကီ ကဘယ်လောက်လန်ထွက်နေ
မလဲမသိဘူးနော် ဟီးးးးးးးးးးးးးးးးးးးးးး

တလနွန် said...

ညီဇော်လေးနော် ကျောင်းတုန်းက ဘယ်သူ ပေးထားတဲ့
ကဗျာလေးတုန်း။ မှန်မှန်ပြော :) ။ ကဗျာလေးက ရိုးရိုး
လေးနှင့် ထိတယ်ကွာ။

ခင်မင်ခြင်းနှင့်
ကိုည

Anonymous said...

အချစ်အကြောင်းဖွဲ့ကြသူတွေ ကြားထဲမှာ ဇော်ဆိုတဲ့ ကလောင်တစ်လက် ရှိနေတာ တစ်အားပါပဲ ...

မြစ်ကျိုးအင်း said...

ရိုးရိုးလေးပါပဲ...ကဗျာလေးဖတ်သွားတယ်
မင်းရေးတဲ့ ကဗျာဆိုတာဘာတုန်း..။

Anonymous said...

တကယ်ကို ရိုးရိုးလေးနဲ့ ကောင်းပါတယ်
အဆင်ပြေပါစေဗျာ

mgnge said...

မင်းရေးတဲ့ ကဗျာ ဆိုတာ ဘာလည်း..

ကဗျာလေးမိုက်တယ်... ချစ်တတ်လိုက်တာ ချစ်သူ ကို

Anonymous said...

တော်သေးတာပေါ့ ရိုးရိုးလေးမို့ ဆန်းဆန်းပြားပြားသာဆို မနဲနားလည်အောင် ဖတ်ရမှာ...။ ဟိဟိ
ကဗျာလေးကောင်းတယ်၊ ကြိုက်တယ်။
ရင်နဲ့ခံစားသွားပါတယ်..။ ရင်နဲ့ခံစားတယိဆိုတော့ အရင်က ဘာနဲ့ခံစားလဲလို့ လာမမေးနဲ့နော် ....။
မသိရင်ဖင်နဲ့ခံစားသလိုလို ဘာလိုလိုလဲ မထင်နဲ့
မျက်စေ့နဲ့ပဲ ဖတ်သွားတာပါ... ငှဲငှဲငှဲ

chitpalone said...

ရိုးရိုးလေးနဲ့ ဆန်းဆန်းလေးနော်။ မိုက်တယ်။ ခိုက်သွားပီအဟိ။ ပျော်ရွှင်ပါစေ။ ကိုလတ်ရေ။
ညီမလေး ပါးလုံး

Anonymous said...

အချစ်ကဗျာ.. ရိုးရိုးလေးပါ.. ကောင်းတယ်..

လင်းကြယ်ဖြူ said...

Good တယ်ဟေ့

ထင်လင်းအောင် said...

ရိုးရိုးလေးပါ ...
အိမ်ရှေ့က မြေနီလမ်းဘေး
တောပန်းလေးတွေ နေ့တိုင်းမပွင့်ရင်တောင်
အိပ်ယာကနိုးတဲ့ မနက်ခင်းတိုင်းမှာ
နင့်မျက်နှာလေးကို အရင်ဆုံးလွမ်းနေခဲ့တာ ..။
____

ဒီစာသာလေးဟာ..ကျနော့်အတွက်...
အရမ်းမှန်နေတယ်....
ကဗျာလေးကောင်းပါတယ်.... :D

Unknown said...

အရမ်းကောင်းတဲ့ အတွေးလေးနဲ့ စကားလုံးရွေးချယ်မှုပါပဲဗျာ ။
ကဗျာခေါငါးစဉ်လေးအတိုင်း အရမ်းကိုလှပါတယ် ။လေးစားပါတယ်ဗျာ ။