အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, April 16, 2009

တမ်းချင်း

ရင်နင့်စွာ ချစ်ခဲ့မိတာကြောင့်
တိုးတိတ်စွာ တမ်းတမိပါတဲ့
ပျိုလေးရဲ့ မှူးသခင်
လှည့်ကြည့်ပါရှင် ...
မြင်နိုင်ရင် ဒီရင်မောကိုလ
ကြင်နာစွာ ဖေးကူမစေဖို့
တောင့်တမိတာ အမှန်ပါပင်
မြတ်နိုးရသူ အရှင် ...
ပျို့သခင် မောင်ကြီးရယ်က
မသိဟန် ဥပေက္ခာတွေကြောင့်
မျှော်ရသူ ပျိုလေးမှာဖြင့်
သြော် သခင်ရယ်..
လွမ်းသူ့စိတ်ထား။

2 comments:

Unknown said...

တောင့်တနေတဲ့သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါစေ။

အညတြလေးရဲ့အိမ်မှာ said...

ကဗျာလေးက လွမ်းစရာလေး
အဆင်ပြပါစေ ဇော်။