အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, April 15, 2009

ချစ်သူသို့

နှောင်ဖွဲ့တတ်တဲ့ကြိုးတို့က
နှလုံးသားကို ရစ်ပတ်နှောင်ခဲ့ပြီ
သံယောဇဉ်နဲ့မြတ်နိုးရမှုကို
ရင်မှာသိမ်းဆည်းရင်း
ခံစားရသမျှကို ဖွင့်ဟဖို့အတွက်
ဖွဲ့နွဲ့လို့မပြောတတ်ခဲ့ပါဘူး
အရှိကို အရှိအတိုင်း ပြောမယ်

သိပ် ... ချစ် ... တယ် ။

1 comment:

Unknown said...

ရိုးရိုးလေးပေမယ့် ဘယ်တော့မှ မရိုးနိုင်တဲ့စကားဟာ......
ချစ်တယ်ဆိုတာပါပဲဗျာ။