အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, April 14, 2009

အထီးကျန်

မိုးတိမ်အုံ့ဆိုင်း
မှောင်မိုက်ခြောက်ကပ်
ပျော်ရွှင်ခြင်းတွေဆိတ်သုဉ်း
ငါဘာလုပ်ရပါ့ ...။

မှားပြီလို့နောင်တ မရချင်
တာဝန်ဆိုတဲ့ကျောပိုးအိတ်ကိုလွယ်
တစ်ကိုယ်တည်း ခရီးဆက်
အလဲလဲ အပြိုပြို ...။

နာကျင်ခြင်းတွေ သိမ်းပိုက်ရင်း
( သြော် ... ဘာလိုလိုနဲ့ )
ငါ့နေ့ရက်တွေ
အလင်းရောင်မရတာတောင်
ကြာပြီပဲ ...။

1 comment:

လင်းကြယ်ဖြူ said...

ညီမရေ ဘ၀ဆိုတာ တိုက်ပ္ဂဲ တစ်ခုပါပဲ ။ဘယ်လို အခက်အခဲတ္ဂေ့တ္ဂေ့ ဆက်လျေက်ပါ။ကဗျာလေးကကောင်းပါတယ်။