အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, April 27, 2009

ခံစားချက် ( ၁ )

ကျွန်တော်ဗျာ ပြီးခဲ့တဲ့ရက်က အလုပ်ထဲမှာ အရမ်းဒေါသထွက်ခဲ့ရတယ်။ ကျွန်တော်ရဲ့ အထက်လူကြီးက ရာထူးတိုးပြီး ပြောင်းသွားတော့ နောက်ရောက်လာတဲ့ အထက်လူကြီးက ကျွန်တော်တို့ လုပ်ငန်းအခြေအနေကို သိပ်နားမလည်ပဲ ကျွန်တော်တို့ကို ဆရာလုပ်ချင်တယ်ဗျ။ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ သူလုပ်တာနဲ့ ကမောက်ကမတွေဖြစ်ပြီး အကုန်ရှုပ်ကုန်တော့တာပေါ့။ အဲ့ဒါကို ကျွန်တော်က ပြောတော့ ကျွန်တော့်ကို သူပြောတာကို နားမထောင်လို့တဲ့လေ။ ကွိုင်ရှာတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ စိတ်တိုတိုနဲ့ ပြန်အော်ပစ်လိုက်တယ်ဗျာ။ ရှင်းရော။

လူသားရယ်လို့ဖြစ်လာရင် ဒေါသနဲ့မကင်းတတ်ကြပါဘူး။ ကျွန်တော်လဲ လူထဲက လူတစ်ယောက်ပေမို့ စိတ်တိုဒေါသဖြစ်တဲ့ အကြိမ်ပေါင်းဟာ သည် ၂၁ နှစ်အတွင်းမှာ ရေတွက်မရနိုင်အောင် ရှိခဲ့ဖူးပါပြီ။

ဘာ့ကြောင့် ကျွန်တော် ဒေါသဖြစ်ခဲ့သလဲ။ ပြန်စဉ်းစားမယ်ဆိုရင် စိတ်အလိုမကျလို့၊ လိုချင်တာမရလို့၊ ကိုယ့်ပြောစကား မအောင်လို့ ၊ သူများအထင်သေးမှာ ကြောက်လို့၊ အို .. အစုံပါပဲဗျာ။ ( ထပ်ပြောရင် အရှက်ကွဲတော့မယ်။ )

ကျွန်တော် ဒေါသဖြစ်တဲ့ အချိန်တိုင်း ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းနိုင်ခဲတယ်ဗျ။ တစ်ခုခုပေါက်ကွဲလိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ပေါ့ဗျာ။ အခုမှ စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်မိတော့ အဲ့ဒီအချိန်တွေတုန်းက ကျွန်တော့်ကို သူများတွေက စိတ်ကြီးတယ်လို့ပြောရင် မသိစိတ်က ဂုဏ်ယူနေတာကလား။ တော်တော်လဲ ဆန်းကြယ်တဲ့စိတ်ပဲနော်။

တစ်နေ့ဗျာ။ ကျွန်တော် ဆရာတော် ရဝေနွယ်ရဲ့ ရွှေစကားတို့မြစ်ဖျား စာအုပ်ထဲမှာ မစိုးရိမ်ဆရာတော်ဘုရားကြီးက သာသနာရေးဝန်ကြီး ဦးကျော်ညွန့်ကို ပြောထားတဲ့ စကားလေးကို သွားဖတ်မိလိုက်တယ်။
အဲ့ဒီနေ့က ဦးကျော်ညွန့်က မြို့တော်ဝန်နဲ့ အကြီးအကျယ်စကားများကြပါတယ်။ ဒီသတင်းကို မစိုးရိမ်ဆရာတော်ဘုရားကြီးကြားတော့ မျက်နှာကြီးနီပြီး ဒေါသတွေအရမ်းထွက်နေတဲ့ ဦးကျော်ညွန့်ကို ခေါ်ပြီး ဆုံးမစကားဆိုပါတယ်။ ဒီအခါမှာ ဦးကျော်ညွန့်က တပည့်တော် မဟုတ်ရင် မခံချင်ဘူးဘုရားလို့ ပြန်လျှောက်တာကို မစိုးရိမ်ဆရာတော်က
" အေး၊ မင်းက မဟုတ်ရင် မခံချင်ဘူးကိုး။ ဟုတ် ဟုတ်၊ မဟုတ် ဟုတ် သည်းခံမှပေါ့။ မင်းနေတဲ့လောကကြီးကိုက ဟုတ်မှ မဟုတ်တာကွ။ မဟုတ်တိုင်းသာ မခံချင်ဘူးဆိုရင် တစ်လောကလုံးနဲ့ တစ်ယောက်သာ ရန်ဖြစ်နေပေတော့"
လို့ ပြန်မိန့်လိုက်ပါတယ်။
ဒီစကားက ကျွန်တော့်ကို တိုက်ရိုက်ပြောနေသလို ခံစားရပါတယ်။ ကျွန်တော်လဲ တစ်လောကလုံးနဲ့ ရန်ဖြစ်နေတဲ့သများဖြစ်နေပြီလားနော်။

နောက်ပြီး ဆရာတော်ဦးဇောတိက ကလဲ ဒေါသထွက်နေတဲ့အချိန်မှာ ဥာဏ်နဲ့ယှဉ်တဲ့ အလုပ်တွေကို လုပ်လို့မရနိုင်ပါဘူးတဲ့။ စိတ်ဆိုးဆိုးနဲ့ ကြမ်းတိုက်ရင်တော့ ပိုပြီးပြောင်သတဲ့။ ဒါပေမယ့် စာရေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူးတဲ့။ ဟုတ်လိုက်လေဗျာ။ ကျွန်တော်စိတ်အရမ်းတိုနေချိန်မှာ ဘာအလုပ်မှ လုပ်မရတာတော့ အမှန်ပဲဗျ။

ဒီတော့ ကျွန်တော်စဉ်းစားကြည့်မိတယ်။ ကျွန်တော်တို့က သေရမယ့်သူတွေချည်းပါ။ ဘယ်နေ့သေမယ်ဆိုတာ မပြောတတ်ပေမယ့် နံနက်ဖြန်တောင် သေသွားနိုင်တယ်လေ။ ဒီတော့ ဘာဖြစ်လို့များ အချင်းချင်း စိတ်ဆိုးဒေါသထွက်နေကြမလဲနော်။ သေသွားတဲ့နောက်မှာ ကိုယ်နဲ့အတူ ဘာမှပါမှာ မဟုတ်မှတော့ ကျွန်တော်စိတ်တိုနေတာ ဘာအဓိပါယ်ရှိတော့မလဲလေ။ ဒီတော့ရနေတဲ့လူ့ဘ၀မှာ စိတ်အေးချမ်းသာစွာနဲ့ နေချင်တဲ့ကျွန်တော် .....
ဒေါသကို ဂလုကနဲနေအောင် ပြန်မျိုချရင်း ..... ။

6 comments:

အိုက်ခီလောက် said...

မထင်ရေးချာမထင် ဂလုဆိုတာ အငမ်းမရ သောက်ချင်လို့ 
မျိုချတာ ဒေါသဆိုတာ ဒေါသပဲပေါ့
ဒေါသဆိုတာရှိမှ မောဟ ရှိမယ် လိုချင်တပ်မက်တဲ့လောဘ
ရှိမယ် မဟုတ်ရင် မပြည့်စုံတော့ဘူး
သူ့ အဖွဲ့ နဲ့ သူလာတာ သေခြင်းကိုမသိနိုင်သလို
နောက်ဆက်တွဲဖြစ်လာမယ့် ဟာတွေလည်းမသိနိုင်တာလေ
ဒီတော့စဉ်းစားမနေနဲ့ ပျော်ပျော်နေသေခဲ ပဲ
ပျော်နေတဲ့အချိန်သေလည်းသေမယ်
ညစ်နေတဲ့အချိန်သေလည်းသေမယ်
သေတာသေတာပဲ ခုတော့ ပျော်ပျော်လေးနေကြည့်ပါ
အရာရာကို အကောင်းဖက်ကနေကြည့်ပါ အကောင်းကိုလည်းအဆိုးဖက်ကနေကြည့်ပါ
အလကားနေ ထိုင်ပြီးဘေးထိုင် ဘုပြောကြည့်ပါ
မြင်လာပါမယ်
မူးလို့ ရစ်တယ်မှတ်ပါ
ဂျစ်ကိုခီလောက်

တောင်ပေါ်သား said...

စိတ်လျှော့ ညီမရေ စိတ်လျှော့ဟ

မြစ်ကျိုးအင်း said...

သီးခံခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်တဲ့ ဟဲဟဲ ကြားဖူးတာလေး ပြန်ရေးပြတာ..
...ခင်မင်သောအားဖြင့်..(မြစ်ကျိုးအင်း)

သမီးပျို said...

ဖော်ရေ ငါက ဒေါသထွက်ရင် ကိုင်ဆောင့်ချင်တာဟ ဟီဟိ

သမီးပျို said...

စာလုံးပေါင်း မှားသွားတယ် ဆောတီးသယ်ရင်းရယ ကိန်မန့်ပေးတဲ့နေရာက လေးထောင့်ကွက်တွေပဲ မြင်ရတယ်ဟ ရမ်းရိုက်နေရတယ် စဲဟဲ

မိုးခါး said...

မျိုတော့ချနေတာပဲ .. မျိုချရပါများပြီး ပေါက်ကွဲထွက်ကုန်ရင် ဒွတ်ခ :P