သတိရတယ်
ကောင်းကင်တခို၊ အုပ်မှိုင်းရီဝေ
နေရောင်ပြိုးပြောက်၊
တိမ်အတောက်၌ ...။
သတိရတယ်
အိပ်မက်တစ္ဆေ၊ ချိန်ရာသီခွင်
ဘယ်လိုပြောင်းပြောင်း
အတိတ်နှောင်းကို ...။
သတိရတယ်
ညှို့မျက်ဝန်းရှင်၊ ပုံရိပ်သွင်ကို
တိုးတိတ်ရင်မော
လွမ်းဆွတ်ခိုက်မှာ ...။
သတိရတယ်
တွေ့ခွင့်မရှိ၊ ချစ်ခွင့်မကြုံ
ရင်ခွင်ဦးကို
မျှော်မှန်းတမ်းတ ...။
သြော်
သတိရလိုက်တာဗျာ ...။
3 comments:
သတိရပါ သတိရပါကွယ်..
ဟိုဟာသလေးတောင် သတိရမိသေး
ဂျွန်ဆိုတာ ဘယ်သူလဲ
မိုက်ကယ်ကိုမေ့အောင် ကူညီခဲ့သူလေ.
မိုက်ကယ်ဆိုတာရော..
ရောဘတ်ကိုမေ့အောင်ကူညီသူပေါ့.
ကူညီသူတွေလိုက်မရှာနဲ့နော် :P
သတိရတိုင်းသာ ကဗျာဖွဲ့ရရင် သေရချည်ရဲ့ဗျာ။
သတိရတယ်ကိုရယ်
Post a Comment