အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, July 14, 2009

လွမ်းတဲ့ည




ညရဲ့အသံကိုပြန်ကြား
ငါဟာ...
ပိုးစားခံနေရတဲ့ အတိတ်မည်းမည်းတစ်ကောင်..။
တောင်ပံတွေဖြန့်ပြီး
(တစ်နည်း)
ရွက်ဖျားတွေဆန့်ပြီး
တနင့်နင့်တိုးဝင်ခဲ့တဲ့ခရီးက
အလင်းမဲ့ ၊
တိတ်တဆိတ်
ကျွံကျကျန်ရစ်တယ်...။

မျက်ရည်အစက်စက်တို့
သူ မမြင်စေအောင်သိမ်းဆည်း
မျက်နှာဖုံးအခွံတစ်ခု
ငါ ထုဆစ်ရပြန်...
သူ မပြောတဲ့
သူ့ညနေခင်းများအကြောင်း...၊
ငါ မပြောဖြစ်တဲ့
ငါ့မနက်ဖြန်များအကြောင်း...၊
ခေါင်းစဉ်တွေ မခွဲတော့ဘူး။

တစ်ဆိတ်
အလင်းတံခါးတွေပိတ်ပေးပါ..
အမှောင်ရဲ့လက်ဖျားတွေကြားက
ခေါ်သံများကြားသလားလို့.....၊
(..မဟုတ်ဘူး..)
ဒါ အိပ်မက်...!
(..မဟုတ်သေးဘူး..)
ဒါ မျှော်လင့်ချက်...!

ထမ်းပိုးထားရတဲ့ခံစားမှုက
(ငါ့အတွက်တော့)
အခါးနည်းနည်းကဲလွန်းတယ်....။


အဝေးက ပုံပြင်တစ်ပုဒ် ၊
သိမှတ်မဲ့ ကျဆုံးခန်း ၊
အကြွင်းမဲ့ ရာသီပြိုချိန် ၊
ဘယ်လိုလဲ ...။
အင်း..! ဒီလိုပါပဲ...။
မနေ့ကရော..
အင်း..! ဒီလိုပါပဲ...။
ဒီနေ့ရော..
အင်း..! ဒီလိုပါပဲ...။
မနက်ဖြန်လည်း..
အင်း..! ဒီလိုပါပဲ...။


ဖတ်ဖူးတဲ့ စာသားတစ်ခုလို...
"....ငါကား ငြိမ်း၏ ၊
မီးကား မငြိမ်းတော့ချေ....." ။

လင်းစက်ရာ ..

( ကျွန်တော့်မှာ မူလတန်းတုန်းထဲက ပေါင်းခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူက ကွန်ပြူတာ တက္ကသိုလ်ရောက်သွားခဲ့ပြီး ကျွန်တော်က ဥပဒေဖြစ်သွားခဲ့ပေမယ့် သူတို့အုပ်စုက အားတိုင်း ကျွန်တော်တို့တွေဆီကို လာလည်တတ်ခဲ့ကြတယ်။ သူတို့လာလည်တိုင်းလဲ ကျွန်တော်တို့ စကားတွေ အများကြီး ပြောတတ်ကြစမြဲ ပျော်ရွှင်ခဲ့ကြစမြဲပါ။
သူက ကျွန်တော့်ဆီကို မေးလ်နဲ့ ကဗျာတွေ ပို့တတ်ခဲ့ပေမယ့် သူရေးခဲ့တာလို့ ကျွန်တော်မထင်ထားခဲ့မိပါဘူး။ ဒါပေမယ့် မထင်မှတ်ဘဲ သိလိုက်ရတဲ့အချိန် ...
ကျွန်တော် အရမ်းကြိုက်မိလို့ ကျွန်တော့်အိမ်မှာ သူ့ရဲ့ခွင့်ပြုချက်နဲ့ ဖော်ပြလိုက်ပါတယ်။ နောက်လဲ လင်းစက်ရာလို့ ကလောင်အမည်ပေးထားတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းက ကျွန်တော့်ဆီကို ပို့ပေးခဲ့ရင် ကျွန်တော် ဖော်ပြချင်ပါသေးတယ်ဗျာ။
ပုံလေးကို လင်းစက်ရာအတွက် ကျွန်တော်ကိုယ်တိုင် ဆွဲပါတယ်ခင်ဗျာ။ =) )

11 comments:

Anonymous said...

၁ ပေါ့ကွာ။ဟဲဟဲ
ကဗျာကောင်းလေး ခံစားသွားပြီ

စည်သူ said...

မျက်ရည်အစက်တို့ 
သူမမြင်အောင် ဘာလို့ သိမ်းဆည်း ရတာလဲ..?
အဲဒီ ရဲ့အကြောင်းရင်ကရော ဘာကြောင့်လဲ...?

ထမ်းပိုးထားရတဲ့ ခံစားမှုတွေကြောင့် လား........

လင်းကြယ်ဖြူ said...

လင်းစက်ရာ၏ကဗျာ ကို လတ်လတ်ဇော် မှပြန်လည်
ဖော်ပြခြင်းအား လင်းကြယ်ဖြူမှ လာရောက်အားပေးသ္ဂားပါ၏ လို့ .. " လ " နဲ့စတဲ့နာမည်တ္ဂေချည်းပဲ...ဟူး....
ကောင်းတယ်...

မငုံ said...

ကဗျာလေးကို လာခံစားတယ်။ ကောင်းတယ်နော်။

Beauty Studio USA Branded Store said...

ကောင်းပါတယ်ဗျာ။ပုံဆွဲလဲတော်၏။ လက်ရာကောင်းပါသည်။

မေဇင် said...

ပုံဆွဲလဲ တော်တယ်..၊ ကဗျာစပ်လဲ ကောင်းတယ်..၊ စာရေးလဲ ကောင်းတယ်...ကဲ...း)

မင်းနေ said...

ကဗျာကောင်းလေးတစ်ပုဒ်လာဖတ်သွားပါတယ်ခင်ဗျာ .....

မဟာဆန် said...

လွမ်းတဲ့ညကို လင်းစက်ရာက စကားလုံးတွေနဲ့ ပုံဖော်တယ်။ ဇော်က ပန်းချီနဲ့ ရုပ်လုံးကြွစေတယ်။ အကြိုက်တူတဲ့ သူငယ်ချင်းတွေပဲ။

အချစ်မဲ့ဂစ်တာ said...

ကဗျာကောင်းလေး ခံစားသွားပါတယ်...။

နေဒေးသစ် said...

ခံစားထိရှတဲ့ အရေးအသားနဲ့ အနုစိတ်ချယ်မှုန်းထားတဲ့ လက်ရာ ..
သူ့အရေးအသားကို အားဖြည့် ပံ့ပိုးထားတဲ့ ခံစားသူရဲ့ ပုံရိပ် ..
သူတို့ ၂ ယောက်ချယ်မှုန်းလိုက်တော့
ညတစ်ညရဲ့ လွမ်းပုံရိပ် တစ်ခု သက်ဝင်နိုးထလာခဲ့တယ် ..

နေဒေးသစ်။

Anonymous said...

ကဗျာလေးကူးပြီး သိမ်းထားတယ် .. (nga Min)