အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, July 22, 2009

မိုင်တိုင်နံပါတ် ( ၂၂ )

မြန်မာသက္ကရာဇ် ၁၃၄၉ခုနှစ်၊ ၀ါဆိုလဆုတ် ၁၂ရက်၊ ခရစ်နှစ် ၁၉၈၇ခုနှစ်၊ ဂျူလိုင်လ၂၂ရက်၊ ဗုဒ္ဒဟူးနေ့ ညနေ ၄နာရီနှင့် မိနစ် ( ၂၀ )။

ပတ်ဝန်းကျင် အာကာတစ်ခွင်၌ မှောင်မိုက်အုံ့ဆိုင်း ..
ဝသန်မိုးက ငြိုးမာန်ဖွဲ့နေသလို ...။
ထစ်ချုန်းနေသော မိုးဖွားများအလယ် .. ကျွန်တော်၏ အော်ငိုသံသေးသေးလေးက
ပျောက်ကွယ်မတတ်။
ကျွန်တော် .. လူ့လောကသို့ စတင်ချည်းနင်းဝင်ရောက်လာခဲ့သည်။

ဘ၀၏ အစောပိုင်း သမိုင်းစာမျက်နှာအချို့တွင် ကျွန်တော်သည် ဂျစ်ကန်ကန်ကလေးတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ မေမေမှလွဲ၍ မည်သူ့ကိုမှကျွန်တော်မကြောက်။
ကြောက်စရာ အကြောင်းလဲ မရှိဟု ကျွန်တော် ခပ်တင်းတင်း တွေးဖြစ်ခဲ့သည်။
ထို့ကြောင့် သူငယ်တန်းစတက်သောအချိန် ကျွန်တော်နှင့်တစ်တန်းထဲ ခုံချင်းကပ်လျက်ထိုင်သော မေကျော့ခိုင်ဆိုသည့် အနှီကလေးမအား ကျွန်တော့်ကို ဘုကြည့်ပြန်ကြည့်မှုဖြင့် ကွန်ပါဘူးနှင့် ကောက်ထုပလိုက်သည်။
လက်သန်ပြောင်၍ အရသာရှိလိုက်ပါဘိခြင်း။
ဒေါင် ဆိုသော အသံနှင့်အတူ ထိုကလေးမ နှဖူးချိုစောင်းတွင် နီရဲ၍ ဘုထလာခြင်းနှင့်အတူ ကြွက်ကြွက်ဆူအောင် အသံပြဲနှင့် အော်ငိုနေသည်မှာ အခန်းပွင့်မတတ်။ ကျွန်တော်ကတော့ လက်ပိုက်၍ ခပ်အေးအေးကြည့်နေလိုက်သည်။ ထိုအမှုဖြင့် ကျွန်တော်ရုံးခန်းရောက်ရသည်။ မေမေ၏ ညစာတစ်နပ် အငတ်ထားခြင်းကို ခံလိုက်ရ၏။ ကျွန်တော်ကတော့ မမှုပါပေ။
ထိုသို့ ဂျစ်ကန်ကန် ပေစောင်းစောင်းဖြင့် ရှင်သန်လာခဲ့သော ကျွန်တော့်တွင် စာအုပ်များသည်သာ သစ္စာရှိ လူယုံတော်များ ဖြစ်ခဲ့သည်။

ထိုသို့ဖြင့် ကျွန်တော့်နေ့ရက်များသည် လှပမှုမရှိ ကဗျာမဆန်ဘဲ ကုန်လွန်ခဲ့သည်။
ကျွန်တော့်တွင် ရည်ရွယ်ချက်မရှိ၊ ပန်းတိုင်မရှိ လျှောက်လှမ်းနေခဲ့သည်မှာ ခရီးတစ်ဝက်ကျိုးလုမျှ။
ကျွန်တော် ဘာကို မျှော်လင့်နေသနည်း။ ကျွန်တော်ဘယ်လို ရှင်သန်ခရီးဆက်ချင်သနည်း။
ကျွန်တော်မသိခဲ့။ သိဖို့လည်း ကျွန်တော် မကြိုးစား။
ဘ၀သည် ကျွန်တော့်အတွက်တော့ စာအုပ်တစ်အုပ်သာ ဖြစ်ခဲ့သည်။

တစ်နေ့.. ထိုတစ်နေ့ကို ကျွန်တော့်ဘ၀၏ မမေ့နိုင်သော နေ့တစ်နေ့အဖြစ်
ကျွန်တော့်သမိုင်းတွင် ရေးထိုးမှတ်တမ်းတင်ဖြစ်ခဲ့သည်။
ထိုနေ့သည် ကျွန်တော်၏ သမိုင်းပြောင်းလဲရာလဲ ဖြစ်သည်။ ထိုနေ့သည် သင်္ကြန်အကြိုနေ့ ဖြစ်ခဲ့သည်။
မှတ်မှတ်ရရ .. ၂၀၀၁ ခုနှစ်ရဲ့ နွေဦးရာသီ။

မေမေ၏ အုပ်ချုပ်မှုအောက်တွင် တစ်ယောက်တည်း ရှင်သန်ရသော ကျွန်တော့်အဖို့ အပျော်အပါးဆိုသည်မှာ ကျွန်တော်နှင့် လားလားမျှမဆိုင်။ သူငယ်ချင်းများနှင့် လျှောက်လည်ခြင်းသည် ကျွန်တော်၏ အဝေးမှာ။ ထို့ကြောင့် သင်္ကြန်ဆိုသော အရာသည်လည်း ကျွန်တော့်အတွက်တော့ ၀ရံတာမှ ချောင်းကြည့်ခဲ့ရသော ဗွီဒီယိုကား တစ်ခုနှယ်။
ထို့အတွက် ကျွန်တော်ဝမ်းမနည်း။
ကျွန်တော်က တစ်ယောက်တည်း အေးအေးသက်သာနေရသည်ကို ပိုကြိုက်နှစ်သက်ခဲ့သည်ပဲလေ။

အဲ့သည်နှစ် သင်္ကြန်တွင်တော့ အမတစ်ယောက်၏ အစီအစဉ်ဖြင့် ကျွန်တော် သထုံရွှေပါရမီတောရသို့ ရောက်ဖြစ်ခဲ့သည်။
ဘ၀တွင် ပထမဆုံးလုပ်မိသည့် အဓိပါယ်ရှိသည့် အလုပ်ပါပေ။
ထနောင်းပင်ညီနောင်ကြားက ဂျိုးကူသံကိုကြားယောင်ရင်း ..
အဝေးက ဥသြငှက်တို့ တေးဆိုသံကို နားထောင်ရင်း ..
ဆရာတော် ဦးဆန္ဒာဓိကပြောသော လွတ်ငြိမ်းရာကို ကျွန်တော် အလေးအနက်ထား စဉ်းစားဖြစ်ခဲ့သည်။
ကျွန်တော်တို့ နေထိုင်ရာ ဘ၀ကြီး၏ လွတ်မြောက်ရာကား အဘယ်နည်း။
ကျွန်တော်တို့သည် နေ့စဉ် အရှေ့သို့ရွေ့သည်။ အနောက်သို့ရွေ့သည်။ ဘေးတိုက်ရွေ့သည်။ (တစ်ခါတရံ အပေါ်သို့ပါ ခုန်နိုင်သည်။ ) သရီးဒိုင်မေးရှင်း နယ်ပယ်တွင် ရှင်သန်ကြသည်။ ထိုဒိုင်မေးရှင်းထဲတွင်ပင် ဖမ်းဆုပ်မရနိုင်သော စိတ်အလျဉ်သည် အစဉ်သဖြင့် စီးဆင်း၏။
စက္ကန့်တိုင်းတွင် ကျွန်တော်၏ အတွေးကို ကျွန်တော်ဆုပ်ကိုင်မရ။ စိတ်သည် ကျွန်တော်နှင့် ဝေးလိုက်နီးလိုက်။
ကျွန်တော်နှင့် စိတ် လုံးလည်ချာလည်လိုက်နေချိန်တွင် ကျွန်တော်သည် လောက၏ အပြင်၌ တစ်ယောက်တည်း ရပ်တည်နေသလို။
ကျွန်တော် တစ်စုံတစ်ခုကိုတော့ သဘောပေါက်လိုက်သလို ရှိလာသည်။
ထို သရီးဒိုင်မေးရှင်း၏ လွတ်မြောက်ရာသည် စိတ်၏ လွန်မြောက်ရာ အခြားတစ်ဖက်၌ ရှိကောင်းရှိရမည်။ ထိုအရာသည် ဖိုးဒိုင်မေးရှင်းပင် ဖြစ်ရမည်။

ကျွန်တော် အကြီးအကျယ်စိတ်ဝင်စားခဲ့မိသည်။
ဒိုင်မေးရှင်း ဆိုသည့်အရာကို ကျွန်တော် သေချာတော့ နားမလည်။ ၀ိုးတစ်ဝါး သဘောပေါက်ထားသည်မှာ လူ၏ ရှင်သန်ရာ စည်းဘောင်ဟု ခေါ်ဆိုပုံရသည်။
ကျွန်တော်တို့လူသားတွေသည် ထို သရီးဒိုင်မေးရှင်းထဲတွင်သာ ရှင်သန်ခွင့်ရှိသည်ကို ကျွန်တော် လက်တွေ့ ပိုပိုပြီး သိမြင်လာရသည့်နောက်.. ကျွန်တော့်အတွေးအခေါ်တို့ ပြောင်းလဲခဲ့ရသည်။

ထိုအချိန်မှ စ၍ ကျွန်တော့်တွင် ရည်မှန်းချက်အချို့ ၀ိုးတစ်ဝါး ပုံရိပ်ထင်လာသည်။
ဘ၀၏ အဓိပါယ်နှင့် ရှင်သန်မှုကို နားလည်ဖို့ ကြိုးစားမိလာသည်။
အဲ့သည့်နှစ်ရဲ့ နောက်ပိုင်းနှစ်များတွင်တော့ နှစ်တစ်နှစ်၏ မတ်လနှင့် ဧပရယ်လသည် ကျွန်တော့်အတွက်တော့ ရိပ်သာဝင်ရာလနှစ်လ ဖြစ်လာသည်။
ကျွန်တော့်အတွက် ရိပ်သာဝင်ခြင်းတွင် အဓိပါယ်တစ်မျိုးကိုသာ ပုံဆောင်သည်။
ထိုအရာကား လွတ်မြောက်ရာကို ခံစားခြင်း။

ထိုသို့ဖိုးဒိုင်မေးရှင်းကို ရှာဖွေခြင်း၏နောက်ဝယ်၌ ကျွန်တော် လက်တွေ့သိမြင်လာရသည်မှာ အရာအားလုံးသည် ရေငွေ့ပမာ။
ကျွန်တော့်ပတ်ဝန်းကျင်တွင် ထိုအရာတို့ တည်ရှိနေကြသော်လဲ ပျောက်ဆုံးလွယ်နေလွန်းပြန်သည်။
ကျွန်တော် နည်းနည်းတော့ အတ္တကင်းလာသလို ခံစားလိုက်ရသည်။
ကျွန်တော့်တွင် တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော လူသားတစ်ယောက်အဖြစ် တာဝန်ကျေချင်စိတ်တို့ အနည်းနဲ့အများ ဖြစ်တည်၏။
လူသည် လူသာဖြစ်လေသည်။

လူသားတိုင်းတွင် မွေးဖွားရာနေ့ရက်ရှိသလို သေဆုံးရာ နေ့ရက်ဆိုသည်မှာလဲ မလွှဲမရှောင်သာ ရှိနေတတ်သည်။
ကျွန်တော်ကတော့ စတင်ချိန်နဲ့ ပျောက်ဆုံးချိန်ဟု သတ်မှတ်လိုက်ချင်သည်။
ကျွန်တော့်ကို မွေးဖွားချိန်တွင် ကျွန်တော့်မှာ အဖော်မရှိခဲ့။ တစ်ကိုယ်တည်း။
အ၀တ်တောင်မပါ။ မွေးဖွားပေးရာ မိဘမှ ဆင်ယင်ပေးသဖြင့် အရှက်လုံခဲ့ခြင်းဖြစ်တန်ရာသည်။
ပိုင်ဆိုင်ရာဟူ၍ စိုးစဉ်းမျှ မရှိခဲ့သော ကျွန်တော်... ထွက်ခွါချိန်တွင်ရော ..
ကျွန်တော် ခပ်အေးအေးပင် တွေးမိသည်။
ရှင်သန်ခြင်းနှင့် ထွက်ခွါခြင်း ဘယ်ဟာကို ရွေးမည်နည်းဟု တစ်စုံတစ်ယောက်က ကျွန်တော့်ကို မေးခဲ့သည် ဆိုပါစို့။
ကျွန်တော်ကတော့ ထွက်ခွါခြင်းကိုသာ နှစ်ခြိုက်စွာ ရွေးလိုက်မည်။ ထွက်ခွါခြင်းသည် သရီးဒီကို တစ်နည်း ကျော်လွန်ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆခဲ့၍ ဖြစ်သည်။
သို့သော် ကျွန်တော့်အနေနှင့် အလွယ်တကူ ထွက်ခွါခွင့်တော့ မရှိနိုင်ခဲ့။
လူသားဟုခေါ်ဆိုရာဝယ် လူတစ်ယောက်၏ အခြေခံတာဝန်ဖြစ်သော မိသားစုအပေါ် အတတ်နိုင်ဆုံး လူသားပီသစွာ တာဝန်ကျေခဲ့ချင်သည်။ မိသားစုဆိုရာ၌လည်း ကျွန်တော်၏ ကိုယ်ပိုင်မိသားစုနှင့် ကျွန်တော့်မိသားစုသာဖြစ်သည်။

တာဝန်ဆိုသည်မှာ အဘယ်နည်း။ တာဝန်ကျေသည်ဟု ခေါ်ဆိုရာတွင်ရော။
အမှန်တော့ ကျွန်တော်ကိုယ်တိုင် နားမလည်။ သို့သော် ကျွန်တော် ယုံကြည်လက်ခံမိသည်မှာ ကျွန်တော့်ကြောင့် ကျွန်တော့်အပေါ်ကျေးဇူးရှိခဲ့ဖူးသူများ စိတ်မဆင်းရဲစေရ။ ကျွန်တော်နှင့် ဆက်စပ်နေသမျှသောသူ အားလုံးအတွက် ကျွန်တော်သည် ၀န်ထုပ်ဝန်ပိုးဖြစ်မနေစေရ။
ဒါသည်ပင် ကျွန်တော်၏ တာဝန်ဖြစ်ကောင်းဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေ တာဝန်သည် တာဝန်သာဖြစ်သင့်သည်။ ထို့အတူ ထိုတာဝန်ကိုလဲ လူသားမှန်လျှင် ကျေသင့်သည်ဟု ကျွန်တော်ယူဆသည်။

ကျွန်တော် ဘယ်အရာကိုမျှ မမျှော်လင့်မိပါ။ ထို့အတူ လိုချင်စိတ်လဲ မဖြစ်မိ။
ကျွန်တော်တွင် ပိုင်ဆိုင်ရာဟူ၍ မြူတစ်မှုန်ပင်မရှိ။
ကျွန်တော့်တွင် ကျွန်တော်သာရှိသည်။ ထိုသို့သော အခြေအနေသည် ကျွန်တော်၏ ဘ၀အစစ်သာဖြစ်သည်။
ဘယ်အရာကိုမျှ ကျွန်တော် မက်မောခြင်း မရှိတော့။
အားလုံးသည် ကျွန်တော့်အတွက်တော့ သူစိမ်းပြင်ပြင်မျှသာ။

လောကကြီးက ကာလအတိုင်းအတာတစ်ခုအထိ သတိရနေသင့်တဲ့သူကို သတိရနေကြပါလိမ့်မယ်။
ကျွန်တော်ကိုရော ဘယ်အချိန်ထိ သူတို့ သတိရနေကြလိမ့်မလဲ။ ကျွန်တော်ကရော ဘယ်အချိန်ထိ သူတို့ကို သတိရနေမိမှာလဲ။ ကျွန်တော်မပြောတတ်။ သိလဲမသိချင်။ ကျွန်တော်သိသည်မှာ မွေးဖွားခြင်းတွင် သေဆုံးခြင်းသည် တစ်ခါတည်း ပါဝင်ပြီးသားဖြစ်သည့် သီအိုရီတစ်ခု ဖြစ်သည် ဆိုခြင်းပင်။

ထိုသို့ဖြင့် ကျွန်တော် ..
ဘ၀၏ ခရီးကို လျှောက်လှမ်းနေခဲ့သည်မှာ ဤနေ့(ဂျူလိုင် ၂၂ )တွင် မိုင်တိုင်နံပါတ် (၂၂)သို့ ရောက်ခဲ့ပြီ။
ရှေ့ဆက်၍ မိုင်တိုင်ပေါင်း မည်မျှ ဖြတ်ရဦးမည်မသိ။
ကျွန်တော် နောက်ဆုံးမိုင်တိုင်အထိတော့ နောင်တကင်းစွာ လျှောက်ချင်မိသည်။
နောက်ဆုံးမိုင်တိုင် ရောက်သည့်နေ့ ကျွန်တော် ထွက်ခွါရမည့်ဂိတ်တွင် နောက်ပြန်လှည့်မကြည့်စတမ်း အရာအားလုံးကို ဆန္ဒတစ်စုံတရာကင်းစွာ ထားခဲ့ချင်သည်။
ကျွန်တော့်တွင် ကျွန်တော်၏ တာဝန်ကျေခဲ့မှုနှင့် ဘ၀တစ်ခုတွင် လူသားပီသခဲ့မှုတို့ကိုသာ ထုတ်ပိုး၍ သယ်ဆောင်သွားချင်သည်။
ကျွန်တော် စိတ်လက်ပေါ့ပါးစွာဖြင့် ကျွန်တော်၏ ဘ၀တစ်ခုခရီးစဉ်ကို အဆုံးသတ်လိုက်သော
ထိုတစ်နေ့တွင် ကျွန်တော်၏ ဦးတည်ရာသည် ( အေးဆေးစွာ )
အရာအားလုံးနှင့် ဝေးရာသို့ ...။

ဇော်။
ဂျူလိုင် ၂၂၊ ၂၀၀၉ ( ဗုဒ္ဒဟူးနေ့ )
၂၂နှစ်ပြည့် မွေးနေ့။


( ကျွန်တော့်ရဲ့ ဒီနေ့မှာ ကျရောက်တဲ့ ၂၂နှစ်ပြည့် မွေးနေ့တွင် ဤစာမူဖြင့် ရတနာသုံးပါး၊ မွေးမိခင်နှင့် ကျွေးဖခင်တို့ကို ပူဇော်ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာနှင့်တကွ ခင်ပွန်းကြီး(၁၀)ပါးကို ရှိခိုးကန်တော့ပါတယ်။ ကျွန်တော့်အပေါ်မှာ မိဘနှင့်တန်းတူ ချစ်ခြင်းမေတ္တာ၊ အုပ်ထိန်းမှုနဲ့ စောင့်ရှောက်မှုတို့ကို ပေးတဲ့ ကို့ကိုလဲ ပူဇော်ထိုက်သူအဖြစ် ကန်တော့ပါတယ်။
ထိုပူဇော်ထိုက်သူများအပေါ်မှာ ကာယကံ၊ ၀ဇီကံ၊ မနောကံနှင့် ပြစ်မှားမိခဲ့သည်ရှိသော် ယခုကန်တော့တောင်းပန်ခြင်း အကျိုးကြောင့် ခွင့်လွှတ်နိုင်ကြပါစေ။

ကျွန်တော်နှင့် တစ်ရက်တည်း တစ်လတည်းမွေးဖွားခဲ့ပြီး ကျွန်တော်ထက် ၇နှစ်တိတိကြီးသော ကျွန်တော်ချစ်သောစာရေးဆရာ ကိုဖိုးစိန် .. မွေးနေ့မှသည် အသက်ထက်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ရှိစေဖို့ ဆန္ဒပြုပါတယ်။ ကိုဂျီးစိန်နှင့် ဆက်စပ်သမျှသော သူအပေါင်းတို့လည်း စိတ်ကြည်လင်အေးချမ်းကြပါစေ။

ဟက်ပီးဘက်ဒေးပါ ကိုဂျီးစိန် ...။ )

38 comments:

ကိုလူထွေး said...

ဟိုတနေ့က ကော်မန့်မှာရေးသွားတဲ့ စာကို ဖတ်ပြီး ...

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မွေးနေ့ရှိလို့ ခရစ္စမတ်ရောက်တိုင်း စိတ်ညစ်ရတဲ့ ကလေးလေးတယောက်ကို သွားသတိရတယ်...

မေလေးဆီမှာ မွေးနေ့ဆုတောင်းဖတ်ရလို့ တလက်စထဲ လိုက်လာခဲ့တယ်...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သူခင်သူများနဲ့ စိတ်ရော ကိုယ်ပါ လွတ်လွတ်လပ်လပ် ပျော်ပျော်နေနိုင်ပါစေလို့ ကိုလူထွေးက ဆုမွန်တောင်းပေးပါရဲ့... ညီမဇော်

းဝ)

အိုက်ခီလောက် said...

ဟုတ်ပါ့ တစ်ကိုယ်တည်းခရီးထွက်လာတာ အတော်ပေါက်နေပြီမလား ဆက်လက်ထွက်ခွာပါအုန်းလေ
မောတော့ နားနေပေါ့ အမောပြေရင် ဆက်လက်ထွက်သွားရမှာပဲ မဆုံးတဲ့ခရီးတစ်ခုကို လျှောက်ရမှာပေါ့နော် မွေးနေ့ မှာ ပြုံးပျော်နိုင်ပါစေ
ဒီထက်မက အောင်မြင်ပြီး စိတ်ပါတိုင်း လုပ်နိုင်ပါစေနော်

Sein Lyan Tun said...

ညီမလေးရေ


မွေးနေ့ မွေးလ တူတူတဲ့

တို့ အကိုကြီးနဲ့ ညီမ

ပျော်ရွင်စွာနဲ့ မွေးနေ့ကို မောင်နှမများစွာနဲ့ ဖြတ်သန်းကြမယ်...


ရင်ဘတ်ခြင်းတူနေတဲ့အတွက် ဆုတောင်းတွေကို ကြားနေရမယ်ဆိုရင် ထပ်မရေးတော့ဘူး

ချစ်တဲ့

ကိုကြီး

ဖိုးစိန်

နှင်းနဲ့မာယာ said...

ညီမလေးရေ
၂၂ နှစ်ပြည့်မွေးနေ့ကနေ
မွေးနေ့ပေါင်းများစွာမှာ
ချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့သူငယ်ချင်းတွေကြားမှာ
ပျော်ရွှင်ပါစေနော်....

mgnge said...

Happy Birthday!
ငဇော် ရေ..။

နောက်ဆုံးမှတ်တိုင်အထိ လိုအပ်တာတွေသယ် ဆောင်ရင်း.. ဘ၀ဆိုတဲ့ လမ်းအိုကြီးထဲမှာ.. တစ်ရွေ့ ရွေ့ လျောက်ကြတာပေါ့ကွာ..။
ပျော်ပါစေကွယ်..။

kyalkalay said...

ပျော်ရွှင်သာယာသောဘဝ ၂၂ ပြည်. မှစထာဝရ ပိုင်ဆိုင်ရပါစေလို့ရင်ထဲကဆုတောင်းပေးပါတယ်
ပျော်ရွှင်သော မွေး နေ့ လိုသ၍ ရနိုင်ပါစေ

မွေးနေ့လက်ဆောင်ဘာလိုချင်လဲ လာပြောနော်း)

အမခင်သော ကြပ်လေး

နေဒေးသစ် said...

ပျော်ရွှင် ကြည်နူးဖွယ်ရာ နေ့ရက်ပေါင်း မြောက်များစွာအား ပျော်ရွှင်စရာ မွေးနေ့လေးမှ အစပြု၍ ရရှိပိုင်ဆိုင်နိုင်သော ဇော် ဖြစ်ပါစေ ...

နေဒေးသစ်။

သမီးပျို said...

ဇော်ရေ...ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေနော် ဒီနေ့ဒီအချိန်ကစလို့ နောင်နှစ် ပေါင်းများစွာတိုင် ဇော်ချစ်တဲ့ ချစ်သူတွေနဲ့ အတူပျော်ရွှင်စွာဘ၀ကိုဖြတ်သန်း နိုင်ပါစေ စိတ်ကူးတိုင်းဖြစ်မြောက်လို့ တတိုင်းရတဲ့ဇော် ဖြစ်ပါစေ ဇော်ဖြတ်သန်း ရတဲ့ဘ၀လမ်းခရီးမှာ အခက်အခဲတစ်စုံတရာမရှိဘဲ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါ စေ လို့ ......နော်

Angel Shaper said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဇော်ရေ...
မနှစ်ကဇော့်မွေးနေ့ တုန်းကစားခဲ့ရတဲ့ အုန်းနို့ခေါက်ဆွဲလေးနဲ့ ရေခဲမုန့်၊ ကိတ်မုန့်လေးတွေ သတိရလိုက်တာ.... ခုပြန်ကျွေးနော်။။။။
ဒီမွေးနေ့ မှသည် နောင်လာမည့် မွေးနေ့များတိုင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့။

မဟာဆန် said...

ဇော်ရေ..ဘ၀ခရီးလမ်းကို အေးချမ်းသက်သာစွာ လျှောက်လှမ်းနိုင်ပါစေ...ဇော်ရဲ့ ဘ၀အပေါ် အမြင်တွေကို သဘောကျတယ်....။ သိတဲ့အတိုင်း ကျင့်သုံးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဂျာမနီစံတော်ချိန် ဇူလိုင်လ ၂၂ရက်နေ့ မနက် ၁၅မိနစ် (၂၁ရက်နေ့ည သန်းခေါင်ကျော်ပြီး ၁၅ မိနစ်)မှာ ဇော့်အီးမေးကို Birthday Wish ပို့လိုက်ပါတယ်။

Anonymous said...

Happy Birthday Zaw!!!!!!!!!!!
း)
ခင်တဲ့
မြူးလေး

ကိုရေတမာ said...

မွေးနေ့မှသည် အေးချမ်းတဲ့နေ့တွေ တနေ့ပြီးတနေ့ပိုင်ဆိုင်နိုင်ပါစေ..

ညီမလေးမွေးနေ့နဲ့တိုက်တိုက်ဆိုင်ဆိုက် ကိုလေး ဟင်းတွေချက်ထားတယ်။ :P

ပျော်ရွင်တဲ့မွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ

ကိုလေး

Anonymous said...

ညီမလေးဇော်
၂၂ နှစ်မြောက်မွေးနေ့မှ သည် နောင်မွေးနေ့ပေါင်းများစွာကို ချစ်သောသူများနှင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေနော်။

ချစ်တဲ့
မမမေ

moekhar said...

ဇော်ရေ
အဓိပ္ပါယ်ပြည့်ဝတဲ့ မွေးနေ့ပွဲတွေနဲ့ ဆက်လက် ချီတက်နိုင်ပါစေနော်
သာယာတဲ့ မိသားစုလေးတခု ထူထောင်နိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေ

ချင်ခင်လျှက်
မိုးခါး

တလနွန် said...

ဇူလိုင် ၂၂ ရက်နေ့ မှာ ၂၂ ပြည့်တဲ့ ညီဇော်လေးရေ အနှစ်အရသာပြည့်ဝစွာဖြင့် ဘဝကို အလှဆုံး ခြယ်မှုန်းနိုင်ပါစေ။ Happy Birthday ပါ ညီမလေးဇော်ရေ..

ပျော်ရွင်ချမ်းမြေ့ ပါစေ..ပျော်ရွင်ချမ်းမြေ့ ပါစေ

ခင်မင်ခြင်းနှင့်
ကိုည

နဒီမိုးညို said...

သာယာသော..ဘဝလေး..ကို..ပိုင်ဆိုင်ပါစေ.
၂၂ နှစ်..မှ..သည်...နှစ်ပေါင်း.၁၂၀ တိုင်
ပျော်ရွှင်သော..မွေးနေ့ ကို.ဖြတ်သန်းနိုင်ပါစေ.
ဆုတောင်းပေးလိုက်ပါတယ်..ရှင်.

ရွက်လွင့်ခြင်း said...

Happy Birthday ညီမဇော်
အသက် ၂၂ နှစ် မှသည် ၁၂၀ တိုင်စေသောဝ်

မြစ်ကျိုးအင်း said...

၂၂ ရက်မွေးရက်ချင်းတူတဲ့ သူအချင်းချင်းထက် စာဖတ်ဝါသနာပါပြီး စာပေကို မြတ်နိုးမှုကို ပိုတန်ဖိုးထားမိပါတယ်...။

ညီမလေးဇော် ...

မိဘကို ကျေးဇူးဆပ်နိင်တဲ့ သမီးကောင်းရတနာ ဖြစ်ပါစေ.....

ပါတ်ဝန်းကျင်ကို အကျိုးပြုနိင်တဲ့ သူတယောက်ဖြစ်ပါစေ

ချစ်တဲ့သူနဲ့ ဘ၀ဆုံးတိုင် ပျော်ရွှင်စွာ လက်တွဲသွား
နိင်ပါစေ...

အသက်ရှည်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ...

ဘ၀တလျှောက် အောင်မြင်တဲ့စာရေးဆရာ တယောက်
ဖြစ်ပါစေ...

မိုးစက်အိမ် said...

ညီမလေးရေ ဇော်ရေ အကိုအဆောင်ပြောင်းနေရလို.
မအားလို. အပေါ်ကစာတွေတော. မဖတ်နိုင်
တော.ဘူးကွယ်. ဒါပေမဲ. ဒီနေ. ငါ.ညီမလေး
မွေးနေ.မို. ရောက်အောင်လာဆုတောင်းပေးသွား
ပါတယ် ... ငါ.ညီမလေးဇော် မွေးနေ.မှာ
ပျော်ရွှင်ရသလို နေ.ရက်တွေတိုင်းထပ်တူ ပျော်
ရွှင်နိုင်ပြီး ချစ်သူနဲ. အတူရာသက်ပန်မွေးနေ.ပေါင်း
မြေယက်မြား စွာကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေးရေ ....
ခင်တဲ. အစ်ကို
မိုးစက်အိမ်

ကျောပိုးအိတ် said...

ဟတ်ပီဘတ်ဒေးပါ ညီမငယ်

မွေးနေ့ မှာ ပျော်ရွှင်ပါစေ။

ညီမငယ်လဲ မမလိုဘဲ လက်သံတယ်ပြောင်ပါလား။
မမကတော့ နောက်ဆုံးတန်းကနေ ရှေ့ ဆုံးတန်းကို စတီးချိုင့်နဲ့ ကိုပေါက်ခဲ့တာ။
အဟီးးးးးးးး

ဆောင်းနှင်းရွက် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့
ဆုတောင်း ပေးသွားပါတယ် ..။

မွန် said...

ဇော်လေးရေ
မွေးနေ့ကို မီလို့ ဝမ်းသာလိုက်တာ
မမွန်အရှုပ်တွေလုပ်နေတာနဲ့ ငါ့ညီမလေးရဲ့မွေးနေ့ကို ဆုမတောင်းပေးရပဲဖြစ်တော့မလို့
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ ဇော်

ကြည်ဖြူပိုင် said...

ညီမလေးဇော် .....၂၂နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ တိုင် ဇော်ဖြစ်ချင်. ဇော်ပိုင်ဆိုင်ချင်တဲ့ဘ၀ကို လက်တွဲဖော်နဲ့ကိုယ်ပိုင်မိသားစုလေးနဲ့ နောက်ထပ်မိုင်တိုင်ပေါင်းများစွာကို အောင်မြင်မှုနဲ့ဖြတ်သန်းနိုင်ပါစေလို့

ခင်တဲ့အန်တီဖြူ (အမှန်တကယ်တော့ ညိုပါတယ်ကွယ် :P)

မီးမီးချစ် said...

ပျော်ရွှင် အေးချမ်းသာယာ သောဘဝကို လေးကိုပိုင်ဆိုင် ပြီး.. ချစ်သောသူ နဲ့  သက်ဆုံးတိုင် လက်တွဲ နိုင်ပါစေ လို့  ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။

s said...

မမ ဇော် ရောက်တာနောက်ကျလို့ ခွင့်လွှတ်နော်၊ မမ စာအရေးအသားကို ကြိုက်တယ်၊ သင်ယူစရာ ရှိတာ သင်ယူသွားတယ် မမ မွေးနေ့မှစ ချစ်တဲ့သူနဲ့အတူ နောက်ထက်နှစ်ပေါင်း နှစ်ပေါင်းများစွာ ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ဆုတောင်းပေးပါတယ်ရှင်။

Dream said...

အရောက်နောက်ကျလို့
စိတ်မဆိုးနဲ့နော်....အခုသိသိချင်း အလုပ်ကနေ ကမန်းကတန်း ပြေးလာတယ်...
လက်ဆောင်မသယ်လာခဲ့ရဘူး.. ဟင့်..

ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ ညီမလေးရေ..

မွေးနေ့လက်ဆောင် မပါပေမယ့် အာဝါးးလက်ဆောင်တော့
ပေးခဲ့တယ်နော်....း)

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :P

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေ...
သူတော်ကောင်းများနှင့်သာ ထာဝရ တွေ့ဆုံနိုင်ပါစေ
ဝင်သက်ထွက်သက်ရှိနေသ၍ ပျော်ရွှင်စိတ်ချမ်းသာ
စရာများနှင့်သာ တွေ့ကြုံနိုင်ပါစေ
လို့ ဆုတောင်းပေးခဲ့ပါတယ်....နော့်

kiki said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေး ဖြစ်ပါစေ ..ဇော်ရေ ..

ချစ်ရသော မိသားစု နဲ့ အတူ လူပီသတဲ့ လူ တဦးအဖြစ် ဘဝ ကို ချမ်းမြေ့ ရွှင်လန်းစွာ ဖြတ်သန်း နိုင်ပါစေ ...

ခင်တဲ့
မကိ

Beauty Studio USA Branded Store said...

ရေးသားမှုတွေပိုပိုပြီး ကောင်းလာတယ်ညီမရေ။ ဘဝကြီးရဲ့ လွတ်ငြိမ်းရာ.....အင်း တရားသဘောတွေအတော်သိနေပြီပေါ့။ တရားထိုင်ဖူးတယ်ထင်ပါ့။
ညီမစာတချို့မှာလဲတွေ့နေရလို့။ အဲဒါပဲပေါ့ ဘုရားရှင်ပြသခဲ့တဲ့ ဘဝရဲ့လွတ်ငြိမ်းရာဆိုတာ။ ဆက်သာရှုလေညီမရေ။ညီမရဲ့ဆိုလိုရင်းကို အကိုကတော့ဒီလိုပဲ ယူဆပါ၏။ ကောင်းတဲ့အပြုလေးမို့ ဆက်၍အားပေးနေဦးမည်။

စည်သူ said...

၂၂ ဆိုတော့ ဒီနေ့ကစပြီး
ညီမလေးလို့ပဲ ခေါ်တော့မယ်
အသက်သာငယ်ပေမယ့် အတွေးအခေါ်
အရေးအသား ဆုံးဖြတ်ချက်တွေ မှန်ကန်တယ်..။

အကိုထက်အများကြီးသာတယ်ညီမရေ..။ ညီမအရေးအသား ကိုကြည့်ပြီး အကိုဆုတောင်းပေးလိုက်ပါတယ်
အရာရာတိုင်း ကို ဘာအခက်အခဲမှမရှိပဲ
လွယ်ကူချောမွေ့စွာကျော်ဖြတ်နိုင်ပါစေညီမရေ..။

Waing said...

Happy Birthday to Zaw !!!
ဇော်ရယ်၊ ကိုဖိုးစိန်ရယ်၊ ၀ိုင်းရဲ့သူငယ်ချင်း politenesskid သုံးယောက်လုံး မွေးနေ့တူ မောင်နှမတွေဖြစ်နေလို့ တခါတည်း ဒီနေရာကနေ ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်။ ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေလို့......

ဂျစ် said...

ညီမလေးဇော်

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

happy birthday.....to you !

ချစ်တဲ့သူနဲ့ ထာဝရပျော်ပျော်ရွှင်ရွှင် ဘ၀ကိုဖြတ်သန်း
နိုင်ပါစေ .....။

ကျန်းမာပျော်ရွှင်ပြီး ပြည့်ဆုံအောင်မြင်တဲ့ ဘဝ
အမြဲပိုင်ဆိုင်နိုင်ပါစေ....။

ချစ်တဲ့
ဂျစ်

သီဟသစ် said...

ညီမဇော်ရေ

Happy birthdayပါ

အောင်မြင်ပျော်ရွှင်သောဘ၀လေးတည်ဆောက်နိုင်ပါစေကွယ်
ခင်မင်စွာဖြင့်
သီဟသစ်

Yu Ya said...

မိုင်တိုင် (၂၂) မှ သည် မိုင်တိုင် (၁၀၀)ဆီသို့...

yu ya

လင်းကြယ်ဖြူ said...

မှီမှမှီပါ့မလားလို့ အမြန်ကို ဒုန်းဆိုင်းလာတာတော်သေးတယ် မှီလိုက်လို့...
Birthday Wish လုပ်ရအောင်လေ...
...Happy Birthday ....
နောင်နှစ်ပေါင်းများစ္ဂာ ဒိုင်မေးရှင်း ထဲမှာ လည်နေသ၍
ပျော်ရွှင်ချမ်းမြေ့သော မ္ဂေးနေ့ပေါင်းများစ္ဂာကို
ကျန်းမာစ္ဂာ ဆင်နွှဲ နိုင်ပါစေ..ခင်ဗျာ....

မငုံ said...

ဒီမွေးနေ့လေးမှစ ပိုပျော်ရွှင်အောင်မြင်မှု့တွေ အများကြီး ရရှိပါစေ။

ဧရာဝတီသား said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ညီမရေ။
မိုင်တိုင်(၂၂)မှသည် နောက်မိုင်တိုင်ပေါင်း များစွာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ကွယ်။
ခင်တဲ့

Unknown said...

မွေးနေ့နောက်ကျသွားတယ် ညီမရေ...

ပုဂံဆေးဖို့တော့ ရောက်လာ၏နော်... :P

၂၂ နှစ်မှတည် လာမဲ့ မနက်ဖြန်တိုင်းမှာ
ပျော်ရွှင် ကြည်နှုး ပီတိ စိတ်များဖြင့်
အရာရာတိုင်းကို လှမ်းနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်.....

{ကိုဇောင်း}
www.zaung.net

Anonymous said...

ပျော်စရာမွေးနေ့လေးပဲနော်၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဘ၀ခရီးလမ်းကိုချစ်တဲ့သူနဲ့ ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပါစေ။ ဆန္ဒနဲ့ဘ၀ထပ်တူကျပါစေ ဗျာ။

နောက်ကျသွားလို့ဆော်ရီးနော်။
လမင်းငယ်အနေနဲ့ပြန်လာဆုတောင်းပေးတာ