အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, July 25, 2009

သူမနှင့် ကျွန်တော့်မျဉ်းကွေးများ

နှင်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်
အကြည့် ၊
ထပ်တူပြုမှု ၊
အဖြူရောင် ၊ အေးခဲ ၊ ငြိမ်သက် ။

ကန့်သတ်ထားတဲ့ ကမ်းပါး
အနီစွေးစွေး
ပြိုဆင်းသွားတဲ့
ရာသီအိုတေးချင်းတွေညည်းရုံ ၊
မျက်ရည်ဝဲရုံ ၊
သက်ပြင်းချရုံ ၊
နောက်ကျကျန်ရစ်တဲ့
ခြေလှမ်းတွေရဲ့ အဇ္ဈတ္တ ။

နေမသာဘူး ။
လေမလာဘူး ။
ညနေတစ်ခုတည်း
ထီးထီးမားမားရပ်လို့
မြည်းစရာ ကော်ဖီခွက်ထဲ
အလွမ်းနည်းနည်းဖောက်ထားခဲ့...။

အရုဏ်တွေကျပျောက်သွားချိန်
ညကပဲ
တိတ်တဆိတ်
နှစ်သိမ့်.....၊
အတောင်ပံတွေထားခဲ့
လောင်စာဆီတွေထားခဲ့
လွတ်လွတ်လပ်လပ်ပဲ
ပျံဝဲကြရအောင်....။

သံသရာထဲ
ကိုယ့်ကိုယ်ကိုယ်လွှတ်ချ
အဲဒါကပဲ
ဘ၀လို့....
(မှားယွင်းစွာ)
အကြိမ်ကြိမ်အခါခါ
ပိတောက်ရနံ့တွေ
ဆွတ်ပျံ့ဖူးခဲ့ပြီ ။

စွန်းထင်းသွားတဲ့
အဖြူထည်တစ်ခု ၊
လူသားနဲ့ အတ္တ ၊
သွေးရူးသွေးတန်း
နောက်ဆုံး
(ငါပဲ)
နင့်နင့်နဲနဲ လောင်ကျွမ်းသွားပေါ့ ။

နောင်တတွေက
မျဉ်းကွေး ၊ ယိမ်းယိမ်းယိုင်ယိုင်
ဆုပ်ကိုင်နိုင်စွမ်းမဲ့တဲ့
မှော်....။

ကောင်းကင်တောင်
ကဗျာမဆန်တော့ဘူး ၊
ကျည်ဆန်ရာတွေ ဗရပွနဲ့
ဖွင့်ဆိုမှုတွေထဲက
ပယောဂဆန်ဆန်အရိပ် ၊
လိပ်ပြာ ၊
အိပ်မက် ၊
လက်ချောင်းတွေထဲ
ထိုးဝှက်ထားတဲ့ စိတ် ၊
ပန်းတစ်ပွင့်ရဲ့ ပွင့်အာသံလို
" ဆူးတွေပစ်လွှတ်လိုက် !!! "
ငါပြန့်ကျဲစွာစူးရအောင်...။

ကျောခိုင်း ၊
မျက်နှာလှည့် ၊
စကားတွေ ရင်းနှီးပြီးမှတော့
ရိုးသားချင်ယောင်ဆောင်ဖို့
သွေးမတိတ်တော့ဘူးရယ်....။

တကယ်ပါ
ငြိမ်းငြိမ်းချမ်းချမ်း
မျှော်လင့်
နေသားတကျရှိလွန်းလှတဲ့
(တစ်နည်း)
အစိမ်းသက်သက်ထိုးဆွထားတဲ့
သစ်သီးတစ်လုံးအဖြစ်
ငါချိတ်ဆွဲရုံ.....။ ။


လင်းစက်ရာ
၁၃.၇.၀၉

13 comments:

Beauty Studio USA Branded Store said...

နောက်ကျမှာစိုးလို့ အမြန်ဖတ်ရတာ။
အသေအချာဖတ်ပြီး ပြန်မာန်မယ်။
စာသားအားတော့ပျင်းရှတယ်။

Anonymous said...

နေမသာဘူး ။
လေမလာဘူး ။
ညနေတစ်ခုတည်း
ထီးထီးမားမားရပ်လို့
မြည်းစရာ ကော်ဖီခွက်ထဲ
အလွမ်းနည်းနည်းဖောက်ထားခဲ့...။

ကောင်းလိုက်တာ . . . . . ပို့စ်မော်ဒန်ကဗျာ ကောင်းတစ်ပုဒ် ဖတ်လိုက်ရလို့ ကျေနပ်သွားတယ်ဗျာ

Beauty Studio USA Branded Store said...

စာသားမှာ အားမာန်ပါတယ်။
ဖတ်နေရင်း စာသားတွေက လူကို လှိုင်းထသွားစေတယ်။ မှော်ဆန်တဲ့ပျော်ဝင်မှုကြောင့်
ရင်ဘတ်ထဲ လောင်ကျသွားတဲ့
ကော်ဖီတောင် ကုန်သွားတယ်။
အပြီးသတ်ကလေးမှပဲ
ရင်ဘတ်စစ်ပွဲတွေ ငြိမ်းချမ်းသွားတယ်။
အခုတော့ သူပြောသလို
ငါစိတ်က သစ်သီးတလုံး ချိတ်ဆွဲသလိုပေါ့
တွဲလဲလေးလှုပ်သွားတယ်လေ။

Yu Ya said...

ကဗျာလေးဖတ်ပြီး ရသမျိုးစုံ ခံစားသွားရပါတယ်။

yu ya

Mogok Thar said...

သိပ်လှတဲ့ ကဗျာလေးပါ။
အပိုဒ်တိုင်းမှာ တွေးစရာလေးတွေနဲ့ရယ်။
ရသ ချိုချို မှာ မှော် ၀င်ခံရသလို ဖတိသွားရင်း အဆုံးမှာောတ့ ကိုယ်တိုင် ချိတ်ဆွဲခံရတဲ့ သစ်သီးတစ်လုံး ဖြစ်လို့ နေခဲ့တယ်။

နဒီမိုးညို said...

အရေးအသားက..တော့..လိုက်လို့ တောင်မမှီဖူး.
ကားနဲ့ လိုက်ရမယ်.း)

ဂျစ်တူးလေး said...

သံသရာထဲ
ကိုယ့်ကိုယ်ကိုယ်လွှတ်ချ
အဲဒါကပဲ
ဘ၀လို့....
(မှားယွင်းစွာ)

ဒီစာသားလေး သဘောကျမိတယ်....သူငယ်ချင်း

ချစ်ခင်စွာဖြင့်
ဂျစ်

မေဇင် said...

အင်း...ကဗျာကောင်းလေးပေါ့..ခံစားလို့ရတယ်..။ ကိုယ်တိုင်မရေးတတ်ဘူး...သူများ ရေးတာတွေ ခံစားတတ်တယ်..။း)

Anonymous said...

ကဗျာတွေက ဖတ်ရင်းနဲ့ကို ကောင်းနေတော့တာပါ..
အကိုတောင် အားငယ်လာပြီ

လင်းကြယ်ဖြူ said...

အားပါး...
မော်ဒန်အပြင်းစား.....
ပေါက်က္ဂဲအားက ၁၀၀%...
ပြင်းထန်နေပါလား ဟ...
ကောင်းတယ်....Good တယ်....
မိုက်တယ်.....

kyalkalay said...

မနေ့ ကလဲဖတ်တယ်
ဒီနေ့လဲဖတ်တယ်
လိုက်မမှီဘူး
ဟီး
ရိုးရိုးလေးတပုဒ်လောက်

ဝသန်မိုး said...

နေမသာဘူး ။
လေမလာဘူး ။
ညနေတစ်ခုတည်း
ထီးထီးမားမားရပ်လို့
မြည်းစရာ ကော်ဖီခွက်ထဲ
အလွမ်းနည်းနည်းဖောက်ထားခဲ့...။

ခါးသက်သက် အိမ်မက် တွေနဲ့ 
ငါယစ်မူးခဲ့ ။
ကြည်နူးခြင်းမိုးကောင်းကင်က
ငါ့အတွက် ပျော်ရွှင်ဖွယ် မိုးစက်လေးတွေ
သွန်းဖြိုးပေးမယ့် အချိန်တွေကို
စောင့်ဆိုင်းနေရင်းနဲ့ .....................။

ကဗျာမရေးတတ်ရေးတတ်နဲ့ 
ဆက်ကွန့် သွားတယ်
ညီမရေ
ခင်တဲ့ 
ဝသန်မိုး(မိုးမိုး)

mgnge said...

:)